ဆင်စွယ်ဂမုန်း

ဝီကီပီးဒီးယား မှ

ဆင်စွယ်ဂမုန်းသည် မြေပြင်မှ တပင်ချင်းထွက်သည့်အမျိုးအစားဖြစ်သည်။ အမှတ်တမဲ့ ကြည့်လိုက်လျှင့် ဒန့်ဒလွန်သီးနှင့်သဏ္ဍန်တူသည်။

ဆင်စွယ်ဂမုန်းသည် စိုက်ပျိုးသူအား စီးပွားလာဘ်လာဘဖြစ်စေသည့်ဂမုန်းမဟုတ်ပဲ ယောက်ျားများ အပင်ကိုခွကျော်မိလျှင် အူကျခြင်းကိုဖြစ်စေတတ်သည်ဟု အယူအဆများရှိကြသည်။ စီးပွားလာဘ်လာဘအတွက် အစွမ်းမထက်သော် လည်း ငါးရံ့ ငါးကွင်းနှင့် ဆင်စွယ်ဂမုန်းတစ်တောင့် ရောချက်စားလျှင် ဒူလာသွေးဝမ်းပျောက်ကြောင်း လေ့လာတွေ့ရှိရသည်။ ဆင်စွယ်ဂမုန်းအားထုချေပြီး အရည်ညှစ်၍ နားပြည်ယိုသူအား နားထဲသို့ ထည့်ပေးလျှင် နားပြည်ယိုပျောက်ကင်းကြောင်း လေ့လာတွေ့ရှိရသည်။ ဆင်စွယ်ဂမုန်း စည်ကားပွားများလာသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး အကြောင်းမရှိပဲ ရန်လိုခြင်း၊ မိသားစုအတွင်း ပြဿနာအဖုံဖုံ ကြုံတွေ့ခြင်း၊ မှုခင်းတခုမဟုတ် တခုဖြစ်တတ်ခြင်း၊ ဘေးရန်များခြင်းစသည့် စိတ်သောကမျိုးစုံဖြစ်တတ်သည့် ဂမုန်းဖြစ်သည်။ ထို့ကြောင့် မစိုက်သင့်သောဂမုန်းဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြောင်းမြမောင်ယဉ်တင့်-ဂမုန်းများစာအုပ်