မာတိကာသို့ ခုန်သွားရန်

ဆဂခရိုင်

ဝီကီပီးဒီးယား မှ
ဆဂခရိုင်
佐賀県
Prefecture
Japanese စာသားဖြင့် ဖော်ပြခြင်း
 • Japanese佐賀県
 • RōmajiSaga-ken
Nijinomatsubara pine forest and a corner of Karatsu city, Saga
Nijinomatsubara pine forest and a corner of Karatsu city, Saga
ဆဂခရိုင်၏ အလံတော်
အလံတော်
ဆဂခရိုင်၏ တံဆိပ်တုံး
စည်းတံဆိပ်
ဆဂခရိုင်၏ တရားဝင်လိုဂို
Emblem
အထိမ်းအမှတ်သီချင်း: Saga kenmin no uta
Location of ဆဂခရိုင်
CountryJapan
RegionKyushu
IslandKyushu
CapitalSaga
SubdivisionsDistricts: 6, Municipalities: 20
အစိုးရ
 • GovernorYoshinori Yamaguchi
ဧရိယာ
 • စုစုပေါင်း၂,၄၃၉ စတုရန်းကီလိုမီတာ (၉၄၂ စတုရန်းမိုင်)
ဧရိယာအဆင့်42nd
လူဦးရေ
 • စုစုပေါင်း၇၈၅,၇၄၈
 • သိပ်သည်းမှု၃၂၂/km၂ (၈၃၀/sq mi)
GDP[၁]
 • TotalJP¥ 3,149 billion
US$ 23.3 billion (2022)
ISO 3166 ကုဒ်JP-41
ဝဘ်ဆိုက်Saga Prefecture-japanese-english translate

ဆဂခရိုင် (佐賀県, Saga-ken[၂]) သည် ဂျပန်နိုင်ငံ၊ ခယူးရှူးကျွန်းရှိ ခရိုင်တစ်ခု ဖြစ်သည်။ ဆဂခရိုင်တွင် အကြမ်းဖျင်းအားဖြင့် လူဦးရေ ၇၈၀,၀၀၀ ဦး ရှိသည်။ ဧရိယာ ၂,၄၃၉ စတုရန်းကီလိုမီတာ (၉၄၂ စတုရန်းမိုင်) ရှိသည်။ ဆဂခရိုင်သည် အရှေ့မြောက်ဘက်တွင် ဖုခုအိုခခရိုင်၊ အနောက်တောင်ဘက်တွင် နဂဆခိခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။[၃]

ဆဂမြို့သည် ခရိုင်မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ အခြားအဓိကကျသည့် မြို့များမှာ ဆရဆွတ်မြို့၊ တိုဆုမြို့၊ အိမရိမြို့တို့ ဖြစ်သည်။ ဆဂခရိုင်သည် ခယူးရှူးကျွန်း၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ခရိုင်သည် ဂျပန်ပင်လယ်ပြင်နှင့် အရိအခဲပင်လယ်အကြားအထိ ဖြန့်ကျက်တည်ရှိသည်။ ခဂခရိုင်၏ အနောက်ပိုင်းဒေသသည် ကြွေထည်နှင့် ကြွေထည်ပစ္စည်းများ ထုတ်လုပ်သည့်အတွက် ထင်ရှားသည်။ အထူးသဖြင့် ခရဆွတ်မြို့၊ အိမရိမြို့နှင့် အရိတမြို့တို့တွင် ပြုလုပ်ကြသည်။

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

ဆဂခရိုင်သည် ခယူးရှူးကျွန်း၏ အနောက်မြောက်ဘက်ထောင့်တွင် တည်ရှိသည်။ မြောက်ဘက်တွင် ဂန်းခိုင်းပင်လယ်နှင့် ဆွတ်ရှိမရေလက်ကြား၊ တောင်ဘက်တွင် အရိအခဲပင်လယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ဂျပန်နိုင်ငံ၏ သမိုင်းတလျှောက်တွင် ဆဂခရိုင်သည် အာရှတိုက်ပင်မဒေသများနှင့် ချိတ်ဆက်နိုင်သည့် အဓိကဂိတ်ပေါက်နေရာဖြစ်ခဲ့သည်။ ဆဂခရိုင်မှတဆင့် ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုများ စီးဝင်ခဲ့သည်။ ဆဂမြို့နှင့် ခရဆုမြို့မှလွဲ၍ ကျန်နေရာများသည် ကြီးမားကျယ်ပြန့်သည့် ကျေးလက်ဒေသဖြစ်သည်။ ထို့နောက် ခရိုင်တစ်ခုလုံးစာ မြေဧရိယာ ၆၈ ရာခိုင်နှုန်းသည် စိုက်ပျိုးမြေနှင့် သစ်တောများ ဖြစ်သည်။ ခရိုင်တွင် ခရိုင်ဥယျာဉ်ခြောက်ခုနှင့် အမျိုးသားဥယျာဉ်တစ်ခု တည်ရှိသည်။

မြေမျက်နှာသွင်ပြင်များ

[ပြင်ဆင်ရန်]

လွင်ပြင်များ

[ပြင်ဆင်ရန်]
  • ဆဂလွင်ပြင်

တောင်များ

[ပြင်ဆင်ရန်]
  • ဆဲဖုရိတောင်တန်း၊ တရတောင်တန်း
  • ခယောဂတောင် (၁၀၇၆ မီတာ၊ ဆဂခရိုင်ရှိ အမြင့်ဆုံးတောင်)၊ ဆဲဖုရိတောင် (၁၀၅၆ မီတာ)၊ တန်းဇန် (၁၀၄၆ မီတာ)၊ တရဒခဲ (၉၉၆ မီတာ)၊ အိဟရတောင် (၉၆၂ မီတာ)၊ ခင်းဇန် (၉၅၇ မီတာ)၊ ရိုင်းဇန် (၉၉၅ မီတာ)၊ ဟဂနဲတောင် (၉၀၀ မီတာ)

မြစ်နှင့် ရေကန်

[ပြင်ဆင်ရန်]
  • ချိခုဂေါ့မြစ် (ဆဂခရိုင်တွင်း အရှည် ၁၅.၅ ကီလိုမီတာ)၊ ခဆဲမြစ် (၅၇.၅ မီတာ)၊ မဆွတ်အုရမြစ် (၄၅.၃ ကီလိုမီတာ)၊ ရော့ခခုမြစ် (၄၃.၆ ကီလိုမီတာ)
  • ဟိုခုဇန်ဆည်၊ ခဆဲမြစ်ဆည်

ပင်လယ်များ

[ပြင်ဆင်ရန်]
  • အရှေ့တရုတ်ပင်လယ် - အရိအခဲပင်လယ်၊ အိဆဟယပင်လယ်အော်
  • ဂျပန်ပင်လယ် - ဂန်းခိုင်ပင်လယ်၊ ခရဆွတ်ပင်လယ်အော်၊ အိမရိပင်လယ်အော်

ကျွန်းဆွယ်များ

[ပြင်ဆင်ရန်]
  • ဟိဂရှိမဆွတ်အုရကျွန်းဆွယ်၊ ခိတမဆွတ်အုရကျွန်း၏ဆယ်၏ အစိတ်အပိုင်း

ကျွန်းများ

[ပြင်ဆင်ရန်]
  • ဂန်းခိုင်ပင်လယ် -Takashima, Kashiwajima, Ogawajima, Kakarajima, Matsushima, Madarajima, Kabeshima, Mukushima, Iroha Islands[၄]
  • အရိအခဲပင်လယ်: Okinoshima

သစ်တောများ

[ပြင်ဆင်ရန်]

ဂူများ

[ပြင်ဆင်ရန်]
  • နန်းဆွတ်ဂမဂူများ[၄]

မြေအသုံးပြုမှု

[ပြင်ဆင်ရန်]

စုစုပေါင်းဧရိယာ - ၂၄၃၉.၃၁ စတုရန်းကီလိုမီတာ

သစ်တောနှင့် မြေရိုင်းများ - ၄၉.၂ ရာခိုင်နှုန်း သစ်တောဧရိယာ - ၁၀၉၆.၉ စတုရန်းကီလိုမီတာ (၂၀၀၀ ခုနှစ်မှစ၍ နိုင်ငံတွင် ၄၂ မြောက်အဆင့်ရှိသည်) စိုက်ပျိုးမြေ - ၃၉.၁ ရာခိုင်နှုန်း လူနေဧရိယာ - ၆.၈ ရာခိုင်နှုန်း အခြား - ၄.၉ ရာခိုင်နှုန်း

၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ခရိုင်မြေဧရိယာ၏ ၁၁ ရာခိုင်နှုန်းသည် အမျိုးသားဥယျာဉ်များ ဖြစ်ကြသည်။ ၎င်းတို့မှာ ဂန်းခိုင် အမျိုးသားဥယျာဉ်နှင့် ဟချိမန်းဒခဲ၊ ခဝခမိ - ခင်းရူး၊ ခုရိုခမိယမ၊ ဆဲဖုရိ - ခိတယမ၊ တရဒခဲနှင့် တန်းဇန်စီရင်စုအမျိုးသားဥယျာဉ်များတို့ ဖြစ်သည်။[၅]

ရာသီဥတု

[ပြင်ဆင်ရန်]

ဆဂခရိုင်သည် မျှတသည့်ရာသီရတုရှိသည်။ ခရိုင်၏ ပျမ်းမျှအပူချိန်သည် ၁၆ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။

မြို့ပြနှင့် ဒေသများ

[ပြင်ဆင်ရန်]
မြို့များ၏ နယ်နိမိတ်များကို ပြသထားသည့် ဆဂခရိုင်မြေပုံ
     City      Town
ဆဂမြို့y
ခရဆွတ်မြို့
တရမြို့

၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ခရိုင်တွင် မြို့ ၁၀ ခု၊ ဒေသ ၆ ခု၊ မြို့ငယ် ၁၀ ခု ရှိသည်။ စုစုပေါင်း အုပ်ချုပ်မှုဒေသ ၂၀ ခု ရှိသည်။ ဟဲဆဲဒေသပေါင်းစပ်မှု၏ အစိတ်အပိုင်းအဖြစ် ဆောက်ရွက်ခဲ့သည့် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက အုပ်ချုပ်မှုဒေသသည် လျော့နည်းလာခဲ့သည်။ ၂၀၀၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ဆဲဖုရိရွာသည် ခန်းဇခိမြို့နှင့် ပေါင်းစပ်သွားသဖြင့် ဆဂခရိုင်တွင် ရွာမရှိတော့ပေ။

မြို့များ

[ပြင်ဆင်ရန်]

ဆဂခရိုင်တွင် မြို့ ၁၀ ခု ရှိသည်။ ၎င်းတို့မှာ -

အမည် ဧရိယာ (km2) လူဦးရေ မြေပုံ
ရိုမဂျိ ခန်းဂျိ
Imari 伊万里市 254.99 54,907
Kanzaki 神埼市 125.01 31,981
Karatsu 唐津市 487.59 117,663
Kashima 鹿島市 112.1 30,159
Ogi 小城市 95.85 45,638
Saga (capital) 佐賀市 431.84 232,736
Takeo 武雄市 195.44 48,845
Taku 多久市 96.93 19,202
Tosu 鳥栖市 71.73 72,755
Ureshino 嬉野市 126.51 26,937

မြို့ငယ်များ

[ပြင်ဆင်ရန်]

ဆဂခရိုင်ရှိ ဒေသများတွင် အောက်ပါမြို့ငယ်များ တည်ရှိသည်။

အမည် ဧရိယာ(km2) လူဦးရေ ဒေသ မြေပုံ
ရိုမဂျိ ခန်းဂျိ
Arita 有田町 65.85 18,989 Nishimatsuura District
Genkai 玄海町 36 5,855 Higashimatsuura District
Kamimine 上峰町 12.79 9,589 Miyaki District
Kiyama 基山町 22.12 17,398 Miyaki District
Kōhoku 江北町 24.48 9,524 Kishima District
Miyaki みやき町 51.89 25,534 Miyaki District
Ōmachi 大町町 11.46 6,680 Kishima District
Shiroishi 白石町 99.46 23,606 Kishima District
Tara 太良町 74.2 9,125 Fujitsu District
Yoshinogari 吉野ヶ里町 43.94 16,117 Kanzaki District

ဒေသပေါင်းစပ်မှုများ

[ပြင်ဆင်ရန်]

မြို့ပြဧရိယာများ

[ပြင်ဆင်ရန်]
  • Karatsu-Higashimatsuura
    • Karatsu, Genkai
  • Kitō
    • Takeo, Kashima, Ureshino, Shiroishi, Ōmachi, Kōhoku, Tara
  • Saga
    • Saga, Taku, Ogi, Kanzaki
  • Tosu
    • Tosu, Kamimine, Kiyama, Yoshinogari, Miyaki

စီးပွားရေး

[ပြင်ဆင်ရန်]

စိုက်ပျိုးရေး၊ သစ်လုပ်ငန်းနှင့် ကမ်းခြေငါးဖမ်းလုပ်ငန်းတို့သည် ခရိုင်စီးပွားရေး၏ ကြီးမားသည့်အစိတ်အပိုင်းတွင် ပါဝင်သည်။ စိုက်ပျိုးမွေးမြူရေးတွင် ဆဂအမဲသား၊ ကြက်သွန်နီနှင့် စတော်ဘယ်ရီတို့သည် ခရိုင်၏ အထူးထွက်ကုန်များ ဖြစ်ကြသည်။ ခရိုင်သည် မိုချိဂိုမဲ (စေးကပ်သည့် ဆန်) နှင့် ဖန်လုံမန်းဒရင်းလိမ္မော်သီးထုတ်လုပ်မှုတွင် ဂျပန်နိုင်ငံ၌ အကြီးဆုံး ဖြစ်သည်။

၂၀၀၂ ခုနှစ်အချက်အလက်အရ ခရိုင်၏ ကုန်သွယ်ရေးပို့ကုန်များသည် အဓိကအားဖြင့် မြောက်အမေရိက (၂၉.၃ ရာခိုင်နှုန်း)၊ အနောက်ဥရောပ (၂၆.၁ ရာခိုင်နှုန်း) နှင့် စက်မှုစီးပွားရေးလုပ်ငန်းသစ်များရှိသည့် တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် စင်္ကာပူ (၁၉.၉ ရာခိုင်နှုန်း) အသီးသီးရှိသည်။ ဝင်ငွေသည် မြောက်အမေရိက (၄၀.၆ ရာခိုင်နှုန်း)၊ အာဆီယံနိုင်ငံများ (၂၃.၃ ရာခိုင်နှုန်း) နှင့် တရုတ်နိုင်ငံ (၁၂.၂ ရာခိုင်နှုန်း) စသည်တို့မှ ဝင်ငွေရရှိသည်။

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]
ဆဂခရိုင်၏ လူဦးရေပိရမစ်၊ ၂၀၂၀ ခုနှစ်

၂၀၀၂ ခုနှစ်တွင် ခရိုင်လူဦးရေသည် ၈၇၃,၈၈၅ ဦး ရှိခဲ့သည်။ ထိုလူဦးရေ၏ ၁၅.၉ ရာခိုင်နှုန်းသည် အသက် ၀ - ၁၄ နှစ်၊ ၆၂.၇ ရာခိုင်နှုန်းသည် ၁၅ - ၆၄ နှစ်၊ ၂၁.၄ ရာခိုင်နှုန်းသည် ၆၅ နှစ်အထက် ဖြစ်သည်။ နိုင်ငံခြားသား ၃,၅၉၆ ဦး (၀.၄ ရာခိုင်နှုန်း)၊ ကျောင်းတက်ရန်အတွင် နေထိုင်နေသည့်ကျောင်းသား ၃၀၇ ဦး (၀.၀၃ ရာခိုင်နှုန်း) ရှိသည်။

ပညာရေး

[ပြင်ဆင်ရန်]

တက္ကသိုလ်များ

[ပြင်ဆင်ရန်]

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]

လေကြောင်း

[ပြင်ဆင်ရန်]

မီးရထား

[ပြင်ဆင်ရန်]

ဆဂခရိုင်ရှိ အဓိကကျသည့် ဘူတာများတွင် အောက်ပါတို့ ပါဝင်သည်။

Saga Station, Tosu Station, Karatsu Station and Imari Station. The new Nishi Kyushu Shinkansen line stops at the Takeo-Onsen Station.

ကားလမ်း

[ပြင်ဆင်ရန်]

ဘာသာစကား

[ပြင်ဆင်ရန်]

ဆဂဘန်း (ဆဂဒေသစကား) သည် ဆဂခရိုင်၏ ဂျပန်ဘာသာစကားပုံစံတစ်ခု ဖြစ်သည်။

ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]

ခရဆုရဲတိုက်သည် ဆဂခရိုင်၏ ခရီးသွားနေရာတစ်ခု ဖြစ်သည်။ ယောရှီနိုဂရိမြို့ရှိ ယယောအိရွာ၏ အကြွင်းအကျန်များသည်လည်း ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။ အခြားလည်ပတ်စရာနေရာများမှာ ယူးတိုခုအိနရိနတ်ကျောင်း ဖြစ်သည်။ ဤနတ်ကျောင်းသည် ဂျပန်နိုင်ငံရှိ အကြီးဆုံးအိနရိနတ်ကျောင်းသုံးခုတွင် ပါဝင်သည်။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
  2. ↑ NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
  3. ↑ Nussbaum, Louis-Frédéric. (2005). "Fukuoka-ken" in Japan Encyclopedia, p. 218, p. 218, at Google Books.
  4. 1 2 3 The Saga Sightseeing Information: Nature။ Saga Tourist Federation Information Center (Tourism Division)။ September 8, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 September 2012 တွင် ပြန်စစ်ပြီး။
  5. ↑ General overview of area figures for Natural Parks by prefecture။ Ministry of the Environment (Japan) (1 April 2014)။ 4 February 2012 တွင် ပြန်စစ်ပြီး။