မာတိကာသို့ ခုန်သွားရန်

ဆခုရဂျိမ

ဝီကီပီးဒီးယား မှ
ဆခုရဂျိမ
View of Sakurajima from mainland Kagoshima, 2009
အမြင့်ဆုံးအမှတ်
အမြင့်၁,၁၁၇ m (၃,၆၆၅ ft)
စာရင်းသွင်းခြင်း
ကိုဩဒိနိတ်31°34′50″N 130°39′29″E / 31.58056°N 130.65806°E / 31.58056; 130.65806ကိုဩဒိနိတ်: 31°34′50″N 130°39′29″E / 31.58056°N 130.65806°E / 31.58056; 130.65806
ပထဝီဝင်
Lua error in မော်ဂျူး:Location_map at line 522: တည်နေရာပြမြေပုံ သတ်မှတ်ချက်အား မတွေ့ရှိပါ: "Module:Location map/data/Japan Kagoshima Prefecture" သည် မတည်ရှိနေပါ.
ဘူမိဗေဒ
တောင်အမျိုးအစားSomma-stratovolcano
နောက်ဆုံး ပေါက်ကွဲမှုNovember 16, 2025.[]

ဆခုရဂျိမ (桜島)သည် ဂျပန်နိုင်ငငံ၊ ခယူးရှူးကျွန်း၊ ခဂိုရှိမခရိုင်ရှိ အသက်ဝင်နေသည့်မီးတောင်တစ်ခုဖြစ်သည်။ ယခင်က ကျွန်းတစ်ခုဖြစ်ခဲ့ပြီး ယခုအခါတွင် ကျွန်းဆွယ်တစ်ခု ဖြစ်နေသည်။ ၁၉၁၄ ခုနှစ်တွင် ပေါက်ကွဲမှုကြောင့် ချော်ရည်များကျဆင်းကာ အိုးဆုမိကျွန်းဆွယ်နှင့် ချိတ်ဆက်သွားခဲ့သည်။ ဤတောင်သည် ဂျပန်နိုင်ငံရှိ လှုပ်ရှားမှုအများဆုံးမီးတောင်လည်း ဖြစ်သည်။[]

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် မီးတောင်လှုပ်ရှားမှုများဖြစ်ပေါ်ခဲ့ပြီး မီးတောင်ပြားမှုကို ထုတ်လွှတ်ခဲ့သည်။ အစောပိုင်း ပေါက်ကွဲမှုများကြောင့် ဒေသတွင် အဖြူရောင်သဲကုန်မြင့်များ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်တွင် Bristol တက္ကသိုလ်မှ ကျွမ်းကျင်သူအဖွဲ့နှင့် ဆခုရဂျိမမီးတောင်သုတေသနစင်တာတို့သည် အနှစ်သုံးဆယ်အတွင်း မီးတောင်သည် ပင်မပေါက်ကွဲမှု ဖြစ်ပေါ်လိမ့်မည်မှု ခန့်မှန်းခဲ့ကြသည်။ ထို့နောက်တွင် မီးတောင်သည် များစွာသောပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။[][][][]

ဆခုရဂျိမတွင် တောင်ထိပ်သုံးခုပါဝင်သည်။ ၎င်းတို့မှာ ခိတဒခဲ (မြောက်ပိုင်းတောင်ထိပ်)၊ နခဒခဲ (အလယ်တောင်ထိပ်) နှင့် မိနမိဒခဲ (တောင်ပိုင်းတောင်ထိပ်) တို့ ဖြစ်သည်။

ခိတဒခဲသည် ဆခုရဂျိမတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၁၇ မီတာ (၃၆၆၅ ပေ) မြင့်သည်။ ဆခုရဂျိမသည် ခင်ခိုးဝမ် (Kinkō-wan) ဟု သိကြသည့် ခဂိုရှိမပင်လယ်အော်တွင် ပါဝင်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယခင်ကျွန်းသည် ခဂိုရှိမမြို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပင်လယ်အော်ကို ဖြတ်သန်းသွားပါက ၄ ကီလိုမီတာအကွာတွင် ရှိသည်။ ဤကျွန်းဆွယ်၏ မျက်နှာပြင်သည် ၇၇ စတုရန်းကီလိုမီဝာာ (၃၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။

ဆခုရဂျိမတွင် နေထိုင်သူဦးရေသည် ထောင်ဂဏန်းသာရှိသည်။ ဆခရဂျိမမြို့ တည်ရှိပြီး ကျောင်းများ၊ နတ်ကျောင်းများနှင့် ဈေးဆိုင်များ ရှိသည်။ မြို့တွင် ၂၄ နာရီ ၇ ရက်ပတ်လုံး ပြေးဆွဲပေးနေသည့် ဆခုရဂျိမဖယ်ရီဝန်ဆောင်မှုလည်း ရှိသည်။ ရေပူစမ်း (အွန်းဆန်း)၊ မီးတောင်ပြာမှထုတ်လုပ်သည့် အိုးလုပ်ငန်းများသည် ခရီးသွားများအကြားတွင် ထင်ရှားသည်။ ထို့အပြင် ဆခုရဂျိမဒိုင်းခွန် (ဆခုရဂျိမမုန်လာဥ) နှင့် ဆခုရဂျိမခိမိခန်လိမ္မော်သီးတို့သည် မီးတောင်မြေဆီမြေနှစ်တွင် စိုက်ပျိုးဖြစ်ထွန်းကြသည်။

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Mainichi16112025
  2. Sakurajima, Japan's Most Active Volcano (in en)။ Nippon Communications Foundation (2018-05-16)။ 2018-08-02 တွင် ပြန်စစ်ပြီး။
  3. Sakurajima Volcano Volcanic Ash Advisory: VA AT 20210405/0420Z FL050 EXTD NE OBS VA DTG: 05/0420Z to 5000 ft (1500 m) 6 April 2021 တွင် ပြန်စစ်ပြီး။
  4. McCurry၊ Justin (13 September 2016)။ New data points to major eruption of Japanese volcano 17 April 2018 တွင် ပြန်စစ်ပြီး။