စေးကန် လိုဏ်ခေါင်း

ဝီကီပီးဒီးယား မှ
(စဲအိကန် လိုဏ်ခေါင်း မှ ပြန်ညွှန်းထားသည်)
စေးကန် လိုဏ်ခေါင်း
青函トンネル
စေးကန် လိုဏ်ခေါင်း မြေပုံ
Overview
Location ဆူဂါ့ရု ရေလက်ကြားအောက်
Status Active
Start ဟွန်ရှူး
End ဟိုကိုင်ဒို
Operation
Opened ၁၃ မတ် ၁၉၈၈
Owner ဂျပန် ရထားလမ်း တည်ဆောက်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နည်းပညာ အေဂျင်စီ
Operator ဟိုကိုင်ဒို ရထားပို့ဆောင်ရေး ကုမ္ပဏီ
Technical
Track length ၅၃.၈၅ ကီလိုမီတာ (ပင်လယ်အောက် ၂၃.၃ ကီလိုမီတာ)
No. of tracks သံလမ်း တစ်လမ်းပါ လိုဏ်ခေါင်း
(အဆုန် အဆန် ရထား သံလမ်း တလမ်း တည်းကို အတူသုံးသည်။)
Gauge Mixed
Electrified Yes

စေးကန် လိုဏ်ခေါင်း (青函トンネル Seikan Tonneru or 青函隧道 Seikan Zuidō) သည် ဂျပန်နိုင်ငံရှိ ရထားသွား လိုဏ်ခေါင်းတစ်ခုဖြစ်သည်။ ၅၃.၈၅ ကီလိုမီတာ (၃၃.၄၆ မိုင်) ရှည်လျားပြီး ပင်လယ်ကြမ်းပျင်အောက်ရှိ အပိုင်းမှာ ၂၃.၃ ကီလိုမီတာ (၁၄.၅ မိုင်) ရှည်လျားသည်။ သံလမ်းမှာ ပင်လယ်ရေမျက်နှာပြင်အောက် ၂၄၀ မီတာ (၇၉၀ ပေ)၊ ပင်လယ်ကြမ်းပြင်အောက် ၁၄၀ မီတာ (၄၆၀ ပေ) အနက်တွင် တည်ရှိသည်။ [၁] စေးကန် လိုဏ်ခေါင်းသည် ဆူဂါ့ရု ရေလက်ကြားကို ဖြတ်သန်းသွားကာ ဟွန်ရှူးနှင့် ဟိုကိုင်ဒို ကျွန်းနှစ်ခုကို ဆက်သွယ်ပေးထားပြီး ဟိုကိုင်ဒို ရထားပို့ဆောင်ရေး ကုမ္ပဏီ၏ ကိုင်ကျိုရထားလမ်း၏ တစ်စိပ်တစ်ဒေသ ဖြစ်သည်။

စေးကန် လိုဏ်ခေါင်း၏ ဆောက်လုပ်ရေး လုပ်ငန်းများကို ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကာ ၁၉၈၅ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် အဆုံးသတ်သည်။ ကိုင်ကျိုရထားလမ်းကို ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ် ပြေးဆွဲသည်။

ယူကေနှင့် ပြင်သစ်ကို ဆက်သွယ်ပေးသည့် ရေလက်ကြား လိုဏ်ခေါင်းသည် ပင်လယ်အောက်အပိုင်း ပိုမိုရှည်လျား သော်လည်း စုစုပေါင်းအလျားအရ စေးကန် လိုဏ်ခေါင်းသည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံးနှင့် အနက်ဆုံး ပင်လယ်အောက် ရထားလမ်း လိုဏ်ခေါင်းဖြစ်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 18 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2010 တွင် ပြန်စစ်ပြီး။
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 8 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2010 တွင် ပြန်စစ်ပြီး။