မာတိကာသို့ ခုန်သွားရန်

စောမြင့်ဦး

ဝီကီပီးဒီးယား မှ

စောမြင့်ဦး
ကရင်ပြည်နယ် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမင်းအောင်လှိုင် (ယာယီ-တာဝန်)
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၂၁  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမြင့်ဆွေ (ယာယီ)
မင်းအောင်လှိုင် (ယာယီ-တာဝန်)
ယခင်လူကိုယ်တိုင် (ပစကဥက္ကဋ္ဌအဖြစ်)
ဆက်ခံသူကိုယ်တိုင်
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁  ၁ ဩဂုတ် ၂၀၂၁
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမြင့်ဆွေ (ယာယီ)
ယခင်လူနန်းခင်ထွေးမြင့် (ပြည်နယ်ဝန်ကြီးချုပ်)
ဆက်ခံသူကိုယ်တိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1965-02-25) ဖေဖော်ဝါရီ ၂၅၊ ၁၉၆၅ (အသက် ၆၀)
ဖာပွန်မြို့၊ ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ
နိုင်ငံသားမြန်မာ
လူမျိုးကရင်လူမျိုး
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်ဒေါ်နန်းဘေဘီမြင့်
ဆုတံဆိပ်များသီရိပျံချီဘွဲ့ (၂၀၂၂)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၇ - ၂၀၁၅
ရာထူးဗိုလ်မှူးချုပ်

ဦးစောမြင့်ဦး (၂၅ ဖေဖော်ဝါရီ ၁၉၆၅ မွေးဖွား)[] သည် ကရင်လူမျိုး အငြိမ်းစား ဗိုလ်မှူးချုပ် နှင့် နိုင်ငံရေး သမားတစ်ဦးဖြစ်သည်။ လက်ရှိတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၎င်းကို ကရင်ပြည်နယ်၊ ဖာပွန်မြို့၌ မွေးဖွားခဲ့သည်။[]ယင်းမတိုင်မီက သူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ကရင်ပြည်နယ်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။[]

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

ဦးစောမြင့်ဦးသည် စစ်မှုထမ်း တစ်ဦး ဖြစ်သည်။၁၉၈၇ ခုနှစ် နောက်ပိုင်းကစပြီး တပ်မတော် တွင် ပြန်တမ်း ဝင်အမှတ် ကြည်း ၂၀၈၃၀ ဖြင့် စစ်မှုစထမ်းသည်။၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး[] ဖြစ်လာခဲ့သည်။

သူသည် ၂၀၁၅ ကိုးကန့်စစ်ပွဲ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စစ်အုပ်ချုပ်ရေးအမိန့် ကို အကောင်အထည်ဖော်ဆောင်ပေးရသူဖြစ်ခဲ့သည်။ယင်းနောက် ဗိုလ်မှူးချုပ် အဆင့် သို့ ရာထူးတိုးမြှင့်ခံရသည်။

၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် သူသည် တပ်မတော် မှ အငြိမ်းစားယူခဲ့သည်။

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

ဦးစောမြင့်ဦး သည် အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် ကရင်ပြည်နယ်၊ဖာပွန်မဲဆန္ဒနယ် အမှတ် (၁) မှနေ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ပြိုင်သည်။အနိုင်ရ၍[] ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီး နန်းခင်ထွေးမြင့် ဦးဆောင်ခဲ့သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန်ပေးခံရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့အား ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် ဖွဲ့စည်းကာ ဦးစောမြင့်ဦးအား ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၁၀/၂၀၂၁) အားဖြင့် ခန့်အပ်ခဲ့သည်။[]

၂၀၂၁ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် အိမ်စောင့်အစိုးရ ဖွဲ့စည်းခြင်းနှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို ပြန်လည်ဖွဲ့စည်းရာ ဦးစောမြင့်ဦးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[]

အပြည်ပြည်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ

[ပြင်ဆင်ရန်]

ဦးစောမြင့်ဦးသည် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) မှ Executive Order 14014 အရ ၎င်းအား Specially Designated Nationals (SDN) စာရင်းတွင် ထည့်သွင်းအရေးယူထားသည်။[]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ  ၁၇  ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၎င်းအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့ ကို အပ်နှင်းချီးမြှင့်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ကွန်ယက် ၁၈ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. OFAC's Sanctions Lists Office of Foreign Asset Control။ 2025-6-1 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-1 တွင် ပြန်စစ်ပြီး။
  3. ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ USDP။ 2025-6-1 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-1 တွင် ပြန်စစ်ပြီး။
  4. ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၁/၂၀၁၅) ထုတ်ပြန် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံး (၁၈ ဖေဖော်ဝါရီ ၂၀၁၅)။ ၁၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. တိုင်းဒေသကြီဂ သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယစားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ (၂၀၁၅ အထွေထွေရွေးကောက်ပွဲ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၁၈ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးအပ်ခြင်း Wikisource။ 2025-6-1 တွင် ပြန်စစ်ပြီး။
  7. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၈ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း"၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၂၀၂၅-၆-၁ တွင် ပြန်စစ်ပြီး
  8. "စစ်ကောင်စီခန့် ဝန်ကြီးချုပ် ၄ ဦးနှင့် စစ်တပ်အဖွဲ့အစည်း ၃ ခု ဒဏ်ခတ်အရေးယူခံရ"၊ The Irrawaddy 2025-6-1 တွင် ပြန်စစ်ပြီး Archived from the original on 2025-6-1။
  9. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ သီရိပျံချီဘွဲ့ MWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။