စောမင်းလှ
ပုံပန်းသွင်ပြင်
(စောမင်းလှ၊ တန်ဆောင်းမိဖုရား မှ ပြန်ညွှန်းထားသည်)
| Saw Min Hla စောမင်းလှ | |
|---|---|
| အင်းဝမိဖုရားခေါင် | |
| နန်းသက် | c. October 1421 – August 1425 |
| ရှေ့မင်းဆက် | ရှင်စော |
| ဆက်ခံသူ | ရှင်ဘို့မယ် |
| မွေးဖွား | 1390s အင်းဝနေပြည်တော် |
| ကွယ်လွန် | အင်းဝ အင်းဝနေပြည်တော် |
| အိမ်ထောင်ဖက် | မင်းရဲကျော်စွာ (1406–1415) သီဟသူ (1416–1425) |
| သားသမီးများ | မင်းရဲကျော်ထင်[၁] မင်းလှထွတ် မင်းရဲအောင်နိုင် စောမင်းဖြူ[၂] မင်းလှငယ် စောပြည့်ချမ်းသာ ရွှေပြည်ရှင်မယ် |
| ခမည်းတော် | ပုခန်း တရဖျားကြီး |
| ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
စောမင်းလှ သည် အင်းဝဘုရင် သီဟသူ၏ မိဖုရားခေါင် ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ပုခန်း တရဖျားကြီး၏ သမီးဖြစ်သည်။
မိဖုရားဘဝ
[ပြင်ဆင်ရန်]၇၆၈ ခုတွင် အင်းဝဘုရင် မင်းခေါင်က သားတော် မင်းရဲကျော်စွာကို အိမ်ရှေ့နှင်းကာ စောမင်းလှနှင့် စုံဖက်ပေးသည်။
၇၇၉ ခုတွင် ပြည်စား သီဟသူကို မင်းခေါင်က အိမ်ရှေ့နှင်းကာ နောင်တော်၏ အိမ်ရှေ့မိဖုရား စောမင်းလှနှင့် စုံဖက်စေသည်။
၇၈၃ ခုတွင် သီဟသူ နန်းတက်သည်နောက် မိဖုရားခေါင် ဖြစ်လာသည်။ နောက် သီဟသူသည် ရှင်ဘို့မယ်အား လွန်ကဲစွာ မျက်နှာသာပေးသည်အတွက် ရွှေစေတီအနောက်ဘက်၌ တန်ဆောင်းဆောက်၍ နေသော် တန်ဆောင်းမိဖုရား (သို့) တန်ဆောင်းရှင် ဟု တွင်သည်။
သားသမီးများ
[ပြင်ဆင်ရန်]မင်းရဲကျော်စွာနှင့်မြင်သည့် သားသမီးများမှာ -
- သားတော် မင်းရဲကျော်ထင်
- နှမတော် ပြကောင်းမင်းသမီး၊ တောင်ငူစား စည်သူကျော်ထင်နှင့် စုံဖက်ပေးကာ စည်သူကျော်ထင်ကို ဥဒိန်ဘွဲ့နှင့် လက်ရွေးကြီးမြင်းမှူးအရာ ပေးသည်
- မောင်တော် မင်းရဲအောင်နိုင်
- နှမတော်၊ ဒလတွင် မြင်သည့် အထွေးဆုံးသမီး
သီဟသူနှင့်မြင်သည့် သားသမီးများမှာ -
- သားတော် မင်းလှငယ်
- နှမတော် စောပြည့်ချမ်းသာ၊ မြောက်သားမှာ မိုးညှင်းမင်းတရား တူတော် သီရိဇေယသူရ
- ညီမတော် ရွှေပြည်ရှင်မယ်
ကိုးကား
[ပြင်ဆင်ရန်]စောမင်းလှ မွေးဖွား ၁၃၉၀ခုနှစ်များ | ||
| Royal titles | ||
|---|---|---|
| ယခင်က ရှင်စော |
အင်းဝမိဖုရားခေါင် c. အောက်တိုဘာ ၁၄၂၁ – ဩဂုတ် ၁၄၂၅ |
ဆက်ခံသူ ရှင်ဘို့မယ် |