မာတိကာသို့ ခုန်သွားရန်

စောချစ်သူ

ဝီကီပီးဒီးယား မှ

စောချစ်သူ
မိန့်ခွန်းပေးနေသော ဗိုလ်မှူးကြီးစောချစ်သူ
ကရင်အမျိုးသားတပ်မတော် ၏ ခေါင်းဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၉ ဖေဖော်ဝါရီ ၂၀၂၄
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1969-12-15) ဒီဇင်ဘာ ၁၅၊ ၁၉၆၉ (အသက် ၅၆)
ကြာအင်းရွာ၊ လှိုင်းဘွဲ့မြို့နယ်၊ ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ
လူမျိုးမြန်မာနိုင်ငံသား
သားသမီး
အလုပ်အကိုင်စစ်သား၊ စီးပွားရေးသမား
ဆုတံဆိပ်များသီရိပျံချီ (၂၀၂၂ ခုနှစ်က)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲကရင်အမျိုးသားတပ်မတော်
နယ်ခြားစောင့်တပ်ဖွဲ့
ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်
အမှုထမ်းကာလ၁၉၉၄ - လက်ရှိ
ရာထူးဗိုလ်မှူးကြီး
တပ်
  • DKBA Battalion 999 ၏ ယခင်စစ်ဦးစီးမှူး
  • နယ်ခြားစောင့်တပ်ဖွဲ့
  • KNA
တိုက်ပွဲ/စစ်ပွဲများမြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ)

ဗိုလ်မှူးကြီး စောချစ်သူသည် ကရင်လူမျိုး လက်နက်ကိုင်ခေါင်းဆောင်နှင့် စီးပွားရေးသမားဖြစ်ပြီး ဒီကေဘီအေနယ်ခြားစောင့်တပ်နှင့် ကရင်အမျိုးသားတပ်မတော်တို့တွင် ပါဝင်သည်။ ယိုးဒယား-မြန်မာနယ်စပ်တွင် အာဏာရှိသူတဦးအဖြစ် ရှုမြင်ခံရပြီး အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုများနှင့် ပါဝင်ပတ်သတ်သောကြောင့် ဗြိတိန်က ပိတ်ဆို့မှုများ ချမှတ်ထားသည်။

ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ကြာအင်းရွာတွင် ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မွေးသည်။[] မှတ်ပုံတင်ပါ အမည်မှာ စံမြင့် ဖြစ်သည်။[]

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

ကေအန်ယူ၏ အမှတ်(၇)တပ်မဟာမှူး ဗိုလ်ချုပ်တင်မောင်နှင့် ရင်းနှီးသူပြီး အမှတ်(၁၀၁)အထူးတပ်ရင်းမှ ဖြစ်၏။ ၁၉၉၄ ခုတွင် ဗုဒ္ဓဘာသာဝင် ကေအန်ယူတပ်သားများက ခရစ်ယာန်တို့ ဦးဆောင်နေသော ကေအန်ယူမှ ခွဲထွက်သောအခါ အသစ်ဖြစ်လာသော ဒီကေဘီအေ၏ အမှတ် (၉၉၉) တပ်ရင်းမှူး ဖြစ်လာသည်။ တပ်မတော်နှင့်ပေါင်းကာ ကေအန်ယူဌာနချုပ်ဖြစ်သော ကော့မှူးရာ/ဝါးခသစ်တိုက်ပွဲတွင် ကူညီခဲ့သည်။ အပြန်အလှန်အားဖြင့် တပ်ဘက်က သောင်ရင်းမြစ်အနီး သစ်ထုတ်လုပ်ခွင့်နှင့် ရွှေကုက္ကိုဒေသကို ပေး၏။

၂၀၁၀ ပြည့်တွင် အစိုးရကတောင်းဆိုသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် သဘောတူခဲ့သည်။ ၂၀၂၁ ခု၊ ဇန်နဝါရီလတွင် နယ်ခြားစောင့်တပ်မှ စောချစ်သူ၊ ဗိုလ်မှူး စောမုတ်သုန်၊ ဗိုလ်မှူး စောတင်ဝင်းတို့ကို တပ်မတော်က နုတ်ထွက်ရန် ဖိအားပေးသည်။ အမှတ် (၁၀၂၂) တပ်ရင်းမှ စောမုတ်သုန်သည် ဇန်နဝါရီ ၈ ရက်တွင် အခြားခေါင်းဆောင်ငယ်များနှင့် နုတ်ထွက်သွားသည်။ သို့သော် စောချစ်သူက အနားမယူ။

၂၀၂၁ ခု၊ အာဏာသိမ်းစကာလတွင် နိုင်ငံရေးမတည်ငြိမ်မှုများက မြို့သစ်တည်ဆောက်ရေးကို ပြန်စရန် အခွင့်အရေးပေးခဲ့သည်။

၂၀၂၄ ခု၊ ဖေဖေါ်ဝါရီလ ၁၉ ရက်တွင် နယ်ခြားစောင့်တပ်အောက်မှ ကရင်တပ်များကို စုစည်းကာ ကရင်အမျိုးသားတပ်မတော်ကို ထူထောင်သည်။ []

စီးပွားရေးဆောင်ရွက်ချက်

[ပြင်ဆင်ရန်]

နယ်ခြားစောင့်တပ်ကိုယ်စားပြု ချစ်သူမြိုင်ကုမ္ပဏီ ထူထောင်သူနှင့် ယခင်ဥက္ကဋ္ဌဟောင်း ဖြစ်သည်။ ချစ်လင်းမြိုင်စွမ်းအင်ကုမ္ပဏီ၊ ချစ်လင်းမြိုင် သတ္တုတွင်းနှင့်စက်မှုကုမ္ပဏီ၊ ဒေါနသံလွင်ကုမ္ပဏီ၊ ထူးသစ္စာအောင်ကုမ္ပဏီ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီ၊ ရွှေပဒေသာမြိုင်ကုမ္ပဏီ၊ ထူးမေတ္တာထူးကုမ္ပဏီတို့တွင် ရှယ်ယာပါသည်။ ဆိုင်ဘာလိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်သော ယူလောင်းကမ်းခြေအပန်းခြေစခန်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၊ မြန်မာအပိုလိုနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတို့တွင်လည်း ဝေစုရှိ၏။ []

၂၀၁၇ ခုတွင် ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စုနှင့် လက်တွဲကာ ရွှေကုက္ကိုတွင် ရထိုက်မြို့သစ် တည်၏။ ယင်းကုမ္ပဏီဘက်မှ မြေအသုံးပြုခအဖြစ် ဒေါ်လာ ၃ သိန်း ပေးရသည်။ ၂၀၂၀ ပြည့်၊ ဇွန်လတွင် အစိုးရက မြို့သစ်တည်စီမံကိန်းအား စစ်ဆေးပြီးနောက် ရပ်ဆိုင်းထားရန် အမိန့်ထုတ်သည်။ ယင်းဖြစ်စဉ်မှာ နယ်ခြားစောင့်တပ်နည်းတူ ၎င်းအားကွပ်ကဲသည့် တပ်မတော်အတွက်ပါ အရှက်ရစရာ ဖြစ်ခဲ့သည်။

ပိတ်ဆို့အရေးယူခံရမှု

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ် မေလ ၅ရက်တွင် အမေရိကန်ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ကရင်အမျိုးသားတပ်မတော် (KNA) ကို အမေရိ ကန်နိုင်ငံသားများအား အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်ခြင်း၊ လူကုန်ကူးမှု နှင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုမှု အကြောင်းပြချက်ဖြင့် နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခု အဖြစ် ကြေညာချက်ထုတ်၍ ပိတ်ဆို့အရေးယူသည်။အဖွဲ့ ခေါင်းဆောင် စောချစ်သူ နှင့် သူ၏ သား ၂ ဦးဖြစ် သော စောထူးအယ်မူး နှင့် စောချစ်ချစ်တို့ကိုလည်း ပိတ်ဆို့မှု ချမှတ်သည်။[]

မိသားစုဘဝ

[ပြင်ဆင်ရန်]

နန်းခင်လှသူနှင့် အိမ်ထောင်ပြုရာ သား ၂၊ သမီး ၁ ရသည်။ ယင်းတို့မှာ စောထူးအယ်မူး၊ ဗိုလ်မှူး စောချစ်ချစ်၊ မနန်းနှင်းနန္ဒာအေးတို့ ဖြစ်သည်။ []

ဘွဲ့ထူးဂုဏ်ထူးများ

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၅ / ၂၀၂၂ ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ၊ အဆိုပါ အမိန့်အရ သီရိပျံချီဘွဲ့များ ချီးမြှင့်ရာတွင် ဗိုလ်မှူးကြီး စောချစ်သူအားလည်း ချီးမြှင့်ခဲ့ပါသည်။ [] ယင်းသို့ ချီးမြှင့်သည့် ဆုများကို ၂၀၂၃ ခုနှစ်၊ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကိုယ်တိုင် ချီးမြှင့်အပ်နှင်းခဲ့ပါသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Burma-related Designations; Transnational Criminal Organization Designations Office of Foreign Assets Control။ 18 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 May 2025 တွင် ပြန်စစ်ပြီး။
  2. Taking tea with Saw Chit Thu, the ‘king of Shwe Kokko’. 2025 Mar 7. The Nation.
  3. Saw Chit Thu: From Karen warlord to scam emperor. 2025 Feb 21. Thai PBS.
  4. The King of Myawaddy: Saw Chit Thu - "I'm Just a Landlord, I Don’t Know About Other Matters". 2025 Mar 7. Global Anti-Scam.
  5. Treasury Sanctions Burma Warlord and Militia Tied to Cyber Scam Operations U.S. DEPARTMENT OF THE TREASURY (၅ မေ ၂၀၂၅)။ ၆ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. The Karen Border Guard Force/ Karen National Army Criminal Business Network Exposed. Justice for Myanmar. 2024 May 22.
  7. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၅ / ၂၀၂၂ ပြန်ကြားရေးဝန်ကြီးဌာန။ 18 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 May 2025 တွင် ပြန်စစ်ပြီး။
  8. မြန်မာ့အလင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် ၁၈ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။