စေတနာ ဝေဒနာဖြစ်
စေတနာ ဝေဒနာဖြစ် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]စေတနာ ဝေဒနာဖြစ် ဆိုသည်မှာ စေတနာကောင်းဖြင့် ပြုလုပ်သောအမှုသည် တစ်ခါတစ်ရံ ရည်ရွယ်ထားသည့်အတိုင်း ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုး သို့မဟုတ် ဒုက္ခရောက်ခြင်းကို ဖြစ်စေတတ်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် အရာရာကို စဉ်းစားဆင်ခြင်တုံတရားနှင့် ပြုလုပ်သင့်ကြောင်းကို သွန်သင်ထားသည်။ စေတနာကောင်းတစ်ခုတည်းဖြင့် အရာရာကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ပါ။ လုပ်ဆောင်မည့် နည်းလမ်း၊ အကျိုးအပြစ်များကိုလည်း သေချာစွာ စဉ်းစားဆင်ခြင်သင့်သည်။ စေတနာကောင်းဖြင့် ပြုလုပ်သော်လည်း နည်းလမ်းမမှန်ကန်ပါက မလိုလားအပ်သော ဆိုးကျိုးများကို ရရှိစေနိုင်သည်။ ဤဆိုရိုးစကားသည် လုပ်ငန်းတစ်ခုကို မစတင်မီ သေချာစွာ စဉ်းစားဆင်ခြင်သင့်ကြောင်းကို အလေးအနက်ထား ဖော်ပြသည်။
အခြားဆိုရိုးများနှင့် ဆက်စပ်မှု
[ပြင်ဆင်ရန်]စေတနာ ဝေဒနာဖြစ် နှင့် ဆက်စပ်သော အခြားဆိုရိုးစကားများလည်း ရှိပါသည်။ ဥပမာအားဖြင့် အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းနှင့်တွေ့ ဆိုသော ဆိုရိုးစကားသည်လည်း စေတနာကောင်းသော်လည်း ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ရလဒ်ကို ရရှိခြင်းကို ဖော်ပြသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- စေတနာကောင်းလျက် လုပ်နည်းမှားနေလျှင်ကား အကျိုးထက် အပြစ် ပို၍ လေးနေမည်ဖြစ်သဖြင့် နောင်ခါမှ အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းနှင့်တွေ့၊ စေတနာ ဝေဒနာဖြစ်စသည်ဖြင့် … သတိ သံဝေရရ ဖြစ် မနေအပ်ပေ။ [၂]
- ကျွန်တော့်စေတနာသည် ဝေဒနာဖြစ်ခဲ့ရပါပြီ၊ အသက်ပေးချစ်ကြတဲ့ ချစ်သူနှစ်ဦး တစ်သက်လုံး စိတ်ဆင်းရဲအောင် ကျွန်တော် ပြုမိခဲ့ပေပြီ။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
- ↑ [၁၃၁၅] လူအနှစ်။ ၁၅၀။ ကိုးကား အမှား - Invalid parameter "'luahnit150" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၃၄၃] မြဝတီ၊ ၂၉၊ ၈။ ၄၆။ ကိုးကား အမှား - Invalid parameter "'myawady29-8-46" in
<ref>tag. The supported parameters are: dir, follow, group, name.