မာတိကာသို့ ခုန်သွားရန်

စူပါ မာရီယို ရမ်း(န်)

ဝီကီပီးဒီးယား မှ
စူပါ မာရီယို ရမ်း(န်)
Super Mario Run

အမှတ်တံဆိပ်
ဖန်တီးသူNintendo EPD[မှတ်စု ၁]
ထုတ်ဝေသူနစ်တန်းဒိုး
ပရိုဂျူဆာသျှီဂဲရု မီယာမိုတို
(အင်္ဂလိပ်: Shigeru Miyamoto)
ဒီဇိုင်းနာတာကာရှီ တက်ဇ္ဇုက
(အင်္ဂလိပ်: Takashi Tezuka)
စီးရီးများစူပါ မာရီယို
ဂိမ်းအင်ဂျင်ယူနတီ(Unity)
ပလက်ဖောင်း
ဖြန့်ချီသည့်နေ့စွဲအိုင်အိုအက်စ်(iOS)
  • WW ဒီဇင်ဘာ ၁၅၊ ၂၀၁၆
  • KOR ဖေဖော်ဝါရီ ၁၊ ၂၀၁၇
အန်းဒရွိုက်(Android)
  • (NA / EU) မတ် ၂၂၊ ၂၀၁၇
  • (EA / AU / HK / ROC) မတ် ၂၃၊ ၂၀၁၇
ဂိမ်းအမျိုးအစားသူ့ဘာသူ ပြေးပလက်ဖောင်း(မ်)
Mode(s)ကစားသူ တစ်ဦးတည်း

စူပါ မာရီယို ရမ်း(န်) (အင်္ဂလိပ်: Super Mario Run) ဆိုသည်မှာ နစ်တန်းဒိုးမှ ပြင်ဆင်မွမ်းမံ၍ ၂၀၁၆ခုနှစ်၌ အိုင်အိုအက်စ်(အင်္ဂလိပ်: iOS)အတွက် ထုတ်လုပ်ဖြန်ချိခဲ့ပြီး၊ ၎င်းနောက်ပိုင်းတွင်မှ အန်းဒရွိုက်(အင်္ဂလိပ်: Android)အတွက်ပါ ထပ်မံ၍ ထုတ်လုပ်ဖြန့်ချိခဲ့သော ပလက်ဖော်မာ(အင်္ဂလိပ်: Platformer)အမျိုးအစား ဗီဒီယိုဂိမ်းတစ်ခုဖြစ်သည်။ ၎င်းဂိမ်းသည် နစ်တန်းဒိုး၏ လုပ်ငန်းလည်ပတ်နေဆဲဖြစ်သော သက်တမ်းရင့် ပင်မလုပ်ငန်းခွဲတစ်ခု၏ အစိတ်အပိုင်းဖြစ်သည့်အပြင် ၎င်း၏ ပထမဆုံး မိုဘိုင်းဂိမ်းလည်းဖြစ်လေသည်။ စူပါ မာရီယို ရမ်း(န်) ဂိမ်းကစားသူသည် မြင်ကွင်း၌ သူ့ဘာသူပြေးလွှားနေသော မာရီယို (သို့) အခြား ဇာတ်ကောင်တစ်ကောင်အား ထိန်းကျောင်းခုန်ပေါက်၍ ဒင်္ဂါးများစုဆောင်းခြင်း၊ ရန်သူအမျိုးမျိုးနှင့် အတားအဆီးအခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားခြင်းများပြုလုပ်၍ ကစားရသည်။

၎င်းသည် ‘စူပါ မာရီယို’ ဂိမ်းတစ်ခုဖြစ်သည့်အားလျော်စွာ ဂိမ်း၏အစဦးဆုံးတွင် ဂိမ်းဇာတ်လမ်းသွား အဓိကဖြစ်လာစေသော ပါဝင်နေကြအဖြစ်အပျက်ဖြစ်သည့် ဘောက်ဇာ(မာရီယို၏ ရန်သူတော် ဆရာကြီးဇာတ်ကောင်)၏ ဖမ်းဆီးခြင်းခံထားရသော မက်မွန်မင်းသမီး(မှိုပြည်ထောင်၏ မင်းသမီး)အား မာရီယို မှ သွားရောက်ကယ်တင်ရမည့် ဇာတ်ကွက်ပါဝင်သည်။ မည်သို့ပင်ဖြစ်စေ ဂိမ်းကစားသူသည် ထို ဘောက်ဇာ ဖျက်ဆီးခဲ့သော ‘မှိုတိုင်းပြည်အား ပြန်လည်တည်ဆောက်ခြင်း’ ကိစ္စကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။

ဤဂိမ်းသည် မိုဘိုင်းဂိမ်းခလုပ်များသုံး၍ အဆင်ပြေစွာကစားနိုင်ရန်အတွက် လိုက်လျောညီထွေပေးထားသော ဂိမ်းကစားခြင်းသဘောတရားများနှင့် အခြားသော အထူးပံ့ပိုးထားမှုများပါဝင်သည်။ စူပါ မာရီယို ရမ်း(န်)တွင် ပထမပုံစံ ဂိမ်းဖြစ်သော ပင်မဇာတ်လမ်းသွားဂိမ်း၏ ရှေ့ဆုံးအခန်း(၃)ခန်းအား အခမဲ့ကစားနိုင်ပြီး ကျန်အခန်းများကို ဆက်ကစားလိုလျှင် တစ်ကြိမ်တည်းသောငွေပေးချေမှု ပြုလုပ်ရန်လိုအပ်ပြီး ၎င်းငွေပေးချေမှုသည် ဂိမ်း၌ပါဝင်သည့် ကိစ္စအားလုံးအတွက်ဖြစ်ပြီး ဂိမ်းကစားသူအတွက်လည်း တသက်စာအပြီးအပြတ်ဖြစ်သည်။ ဆိုလိုသည်မှာ ထိုဂိမ်းအား မိုဘိုင်းမှ ဖျက်လိုက်ပြီး၊ နောင်တွင် ပြန်လည်ထည့်သွင်းကစားပါကလည်း ထပ်မံဝယ်ယူရန် မလိုအပ်တော့ခြင်းဖြစ်သည်။

ဂိမ်းကစားခြင်း

[ပြင်ဆင်ရန်]

စူပါ မာရီယို ရမ်း(န်) ဂိမ်းသည် မြင်ကွင်းဘေးတိုက်သို့ သူ့ဘာသူပြေးနေသော ဇာတ်ကောင်အား ထိန်းကျောင်းကစားရသည့် ပလက်ဖောင်း ဂိမ်းတစ်ခုဖြစ်သည်။

ပထမပုံစံ ဂိမ်း ( Tour )

[ပြင်ဆင်ရန်]

မာရီယို သည် မက်မွန်မင်းသမီး၏ ရဲတိုက်သို့လာရောက်လည်ပတ်ရန်ဖိတ်ကြားမှုကို လက်ခံရသည့်ဇာတ်ကွက်ဖြင့် စတင်ထားပြီး၊ ၎င်းဇာတ်ကွက်၌ပင် ဘောက်ဇာမှ ‘မက်မွန်မင်းသမီးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း ’ နှင့် ‘မှိုတိုင်းပြည်အား ဖျက်ဆီးခြင်း ’ တို့ကို ဂိမ်းကစားသူအား မျက်ဝါးထင်ထင်မြင်တွေ့စေပြီး ဘောက်ဇာ၏ လုပ်ဆောင်ချက်များကို ပြန်ကုစားရန် မာရီယိုအားတာဝန်ပေးခြင်းဖြင့် ဂိမ်းစတင်ထားသည်။[] [] ဂိမ်းကစားပုံမှာ- မာရီယိုသည် ဘယ်မှ ညာသို့ သူ့ဘာသူပြေးနေပြီး သေးငယ်သည့် ကွက်လပ်များနှင့် ရန်သူ၊ အတားအဆီးများကိုလည်း အလိုအလျောက် ဖြတ်ကျော်သည်။[] ဂိမ်းကစားသူအနေဖြင့် ၎င်းထက်ပိုကြီးသော အတားအဆီးများအားကျော်လွှားရန် ထိတွေ့မျက်နှာပြင်ကို ထိခြင်းဖြင့် မာရီယိုအား ထိန်းကျောင်းနိုင်သည်။[]

ဒုတိယပုံစံ ဂိမ်း ( Toad Rally )

[ပြင်ဆင်ရန်]

ပထမပုံစံ ဂိမ်း (ဇာတ်လမ်းသွား 'Tour')အပြင်၊ ဂိမ်းကစားသူသည် အခြားကစားသူများ၏ ရလဒ်များ မှတ်တမ်းတင်ထားသည့် ကစားပွဲများသို့ ဝင်ရောက်စိန်ခေါ်၍ ကစားနိုင်သော Toad Rally ဆိုသည့် အခြားပုံစံ ဂိမ်းလည်းပါဝင်သည်။[] ဂိမ်းကစားသူသည် Toad Rally သို့ ဝင်ရောက်ကစားရန်အတွက် ကစားခွင့်လက်မှတ် ‘Rally Ticket’ ကိုသုံးရန်လိုအပ်ပြီး၊ ၎င်း လက်မှတ်မှာ ပထမပုံစံ ဂိမ်းမှ ရရှိ၊ My Nintendo အကောင့်မှ ဒင်္ဂါးများလဲလှယ်ခြင်း (သို့) အခြား ဂိမ်းတွင်းတာဝန်များ ဆောင်ရွက်ခြင်းတို့ဖြင့် ရရှိနိုင်သည်။[]

တတိယပုံစံ ဂိမ်း ( Kingdom Build )

[ပြင်ဆင်ရန်]

တတိယပုံစံ ဂိမ်းတွင် ဂိမ်းကစားသူသည် မိမိကိုယ်ပိုင် မှိုတိုင်းပြည် ကို ဖန်တီးရန်နှင့် စိတ်ကြိုက် အလှဆင်မွမ်းမံနိုင်ရန် ရရှိထားသည့် ဂိမ်း၏ သမရိုးကျဒင်္ဂါးများကို အသုံးပြု၍ တည်ဆောက်အလှဆင်ရသည်။[] []

ထပ်တိုးပုံစံသစ် ဂိမ်းများ

[ပြင်ဆင်ရန်]

နစ်တန်းဒိုးသည် ဂိမ်းဖြန့်ချိပြီးနောက်ပိုင်းတွင်လည်း ထူးခြားသောတင်ဆက်မှုများ နှင့် အခြားအပြောင်းအလဲများ၏ မိတ်ဆက်ပေးများ နှင့် ဂိမ်းအဆင့်မြှင့်တင်သည့် အပ်ဒိတ်များ ဖြန့်ချိခဲ့သည်။

  • Remix Run ။ အပ်ဒိတ်များမှ ထပ်တိုးပုံစံသစ် ဂိမ်းဖြစ်သော “Remix Run”သည် ပထမပုံစံပြီးနောက် ဒုတိယလူကြိုက်အများဆုံးဖြစ်သည်။ ၎င်း၏ အဆင့်တစ်ခုစီတိုင်းမှာ ပြီးစီးရန် စက္ကန့်အနည်းငယ်သာ ကြာသည်။[]
  • Friendly Run ။ အပ်ဒိတ်များမှ ထပ်တိုးပုံစံသစ် ဂိမ်း နောက်တစ်ခုဖြစ်သော ဒုတိယပုံစံ ဂိမ်းToad Rallyအား မိတ်ဖြစ်ဆွေဖြစ် ကစားရသော “Friendly Run” ဂိမ်းသည် ဆော့ကစားရန်အတွက် ကစားခွင့်လက်မှတ်(Rally Ticket)များ မလိုအပ်တော့ပေ။ သို့သော် တစ်နေ့လျှင် (၅)ကြိမ်သာ ကစားနိုင်ပြီး၊ ဂိမ်းကစားသူအနေဖြင့်လည်း အနိုင်ရပါကလည်း ဒင်္ဂါးများ ရရှိနိုင်မည်မဟုတ်ပေ။[၁၀]

မှတ်စုများ

[ပြင်ဆင်ရန်]
  1. Additional work by DeNA and SRD

 

ကိုးကား

[ပြင်ဆင်ရန်]
  1. Heater၊ Brian (December 15, 2016)။ Super Mario Run is a hopeful glimpse of Nintendo's mobile ambitions TechCrunch
  2. Moser၊ Cassidee (December 15, 2016)။ What Is Super Mario Run? Everything You Need to Know Shacknews
  3. McAloon၊ Alissa (December 15, 2016)။ With the launch of Super Mario Run, Nintendo's mobile push has begun Gamasutra
  4. Hussain၊ Tamoor။ Mario Coming to iPhone and iPad in Super Mario Run GameSpot
  5. Oxford၊ Nadia။ Mario Comes to iOS in Super Mario Run USGamer 2 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 September 2021 တွင် ပြန်စစ်ပြီး။
  6. Frank၊ Allegra။ Super Mario Run's most polarizing mode is Toad Rally Polygon
  7. Hussain၊ Tamoor။ Mario Coming to iPhone and iPad in Super Mario Run GameSpot
  8. Kohler၊ Chris။ 7 Surprising Insights Into Super Mario Run, Straight From Shigeru Miyamoto Wired
  9. "Super Mario Run's new rapid-fire remix mode is just what the game needed"။
  10. Calvert၊ Darren (31 January 2017)။ The Pressure Is Off With Super Mario Run's New Easy Mode Nintendo Life 31 January 2017 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

နောက်ထပ်ကြည့်ရန်

[ပြင်ဆင်ရန်]