စုပေါင်းခေါင်းဆောင်မှုစနစ်

ဝီကီပီးဒီးယား မှ

စုပေါင်းခေါင်းဆောင်မှု ဆိုသည်မှာ အဖွဲ့အစည်းအနေဖြင့် စုပေါင်းကာ အာဏာခွဲဝေခြင်း ဖြစ်သည်။

ဥပမာများ[ပြင်ဆင်ရန်]

ကွန်မြူနစ်[ပြင်ဆင်ရန်]

တရုတ်[ပြင်ဆင်ရန်]

တရုတ် နှင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ စုပေါင်းခေါင်းဆောင်မှုမှာ ၁၉၇၀ခုနှစ်နောက်ပိုင်းတွင် တိန့်ရှောင်ဖိန် နှင့် စတင်ခဲ့သည်ဟု ယူဆနိုင်သည်။ တိန့်ရှောင်ဖိန်မှာ ထိုစဉ်က တရုတ်ကွန်မြူနစ်ပါတီ၏ဥက္ကဋ္ဌ မော်စီတုန်း ၏ CCP ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီ တွင် အာဏာရှင်ဆန်ဆန် အာဏာပိုင်စိုးနေမှုအား ရပ်တန့်စေရန် ပါတီကို တွန်းအားပေး ကြိုးစားခဲ့သည်။ စုပေါင်းခေါင်းဆောင်မှု၏ဤခေတ်သည် ၂၀၁၈ ခုနှစ်တွင် ရှီကျင့်ဖျင်က သူ၏ရာထူးသက်တမ်း ကန့်သတ်ချက်ကို ဖျက်သိမ်းလိုက်ပြီးနောက် တရုတ်ပြည်မ၏ စုပေါင်းခေါင်းဆောင်ခြင်းခေတ်မှာ ရှီကျင့်ဖင့်နှင့်သာ အဆုံးသတ်တော့မည်ဟု ထင်ကြေးပေးလာကြသည်။[၁]

ဗီယက်နမ်[ပြင်ဆင်ရန်]

ဗီယက်နမ်နိုင်ငံ၌ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး လဲဒွမ် အုပ်ချုပ်သောစဉ်က နိုင်ငံအား စုပေါင်းခေါင်းဆောင်မှု အာဏာကို ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးရုံးမှ ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီသို့ မျှဝေစေခဲ့သည်။ သို့သော် အာဏာစက်ပိုင်ရှင်အဖြစ် တစ်ဦးတည်းကိုသာ တည်ရှိနေစေခဲ့သည်။ သို့သော် ယနေ့ခေတ်တွင်မူ တစ်ဦးတည်းအား ထိပ်တန်းခေါင်းဆောင်အဖြစ် မထားတော့ဘဲ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ် တို့အပြင် ပေါ်လစ်ဗြူရို၊ အတွင်းရေးမှူးချုပ်နှင့် ဗဟိုကော်မတီ စသည်တို့အသီးသီးထံ အစိုးရအာဏာကို မျှဝေထားသည်။

ဆိုဗီယက်ယူနီယံ[ပြင်ဆင်ရန်]

ဆိုဗီယက်၏ စုပေါင်းခေါင်းဆောင်မှု ( ရုရှား: коллективное руководствоkollektivnoye rukovodstvo ) သို့မဟုတ်ခေါင်းဆောင်ခြင်းစုစည်းမှု ( ရုရှား: коллективность руководства , kollektivnost rukovodstva) ကို ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ (ပြည်ထောင်စုဆိုဗီယက်) ၏ စံပြအုပ်ချုပ်မှုပုံစံတစ်ခုဟု ယူဆခဲ့ကြသည်။ ၎င်း၏အဓိကတာဝန်မှာ လုပ်ပိုင်ခွင့်အာဏာများနှင့် လုပ်ဆောင်ချက်များကို ပေါ်လစ်ဗြူရို၊ ဗဟိုကော်မတီ, နှင့် ဝန်ကြီးများကောင်စီတို့ထံ မျှဝေကာ ဆိုဗီယက်နိုင်ငံရေးစနစ်တွင် ခေါင်းဆောင်တစ်ဦးတည်းကသာ ကြီးစိုးမှု (အော်တိုကရေစီ) ဖြစ်မလာစေရန် ကြိုးပမ်းတားဆီးထားသည်။ လီနင်ကို ဆိုဗီယက်စာပေများအရ စုပေါင်းခေါင်းဆောင်ရာ၌ ပြီးပြည့်စုံသောဥပမာဟု ဆိုကြသည်။

အခြားပါတီ ဥပမာများ[ပြင်ဆင်ရန်]

အစိမ်းရောင် ပါတီများနှင့် ဆိုရှယ်လစ်ပါတီများသည် အမျိုးသားနှင့်အမျိုးသမီးပူးတွဲခေါင်းဆောင်များ (သို့) ပူးတွဲပြောရေးဆိုခွင့်ရှိသူများမှတစ်ဆင့် စုပေါင်းခေါင်းဆောင်မှုကို ကျင့်သုံးကြသည်။

ကိုးကားချက်[ပြင်ဆင်ရန်]

  1. "Xi for life? China turns its back on collective leadership."၊ Christian Science Monitor၊ 28 February 2018။