မာတိကာသို့ ခုန်သွားရန်

စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့

ဝီကီပီးဒီးယား မှ
စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
Organisation for Economic Co-operation and Development
Organisation de coopération et de développement économiques
     Founding member countries (1961)
     Other member countries
အတိုကောက်
  • OECD
  • OCDE
ဖွဲ့စည်းခြင်း1948 as the OEECa
Reformed in 1961 as the OECD
အမျိုးအစားနိုင်ငံတကာအဖွဲ့အစည်း
ဌာနချုပ်ပါရီမြို့, ပြင်သစ်နိုင်ငံ
အဖွဲ့ဝင်များ
ရုံးသုံးဘာသာစကားများ
ဝက်ဘ်ဆိုဒ်www.oecd.org

အိုအီစီဒီ သို့မဟုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) သည် အဖွဲ့ဝင် ၃၈ နိုင်ငံ ပါဝင်သော အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ စီးပွားရေး တိုးတက်မှုနှင့် ကမ္ဘာ့ကုန်သွယ်ရေးကို လှုံ့ဆော်မြှင့်တင်ရန်အတွက် ယင်းအဖွဲ့ကို ၁၉၆၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

အိုအီစီဒီ (OECD) သည် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် (Market economy) အပေါ် ကတိကဝတ်ပြုထားကြသည့် အဖွဲ့ဝင်နိုင်ငံများအတွက် အများပိုင်ပြဿနာများကို စုပေါင်းဖြေရှင်းခြင်း၊ ဆန်းစစ်လေ့လာခြင်းနှင့် ပူးပေါင်းညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်နိုင်မည့် စင်မြင့်တစ်ခု ဖြစ်သည်။ အိုအီစီဒီ အဖွဲ့ဝင်နိုင်ငံများသည် များသောအားဖြင့် စွမ်းဆောင်ရည်မြင့်မားပြီး ဝင်ငွေမြင့်မားသည်ဟု သတ်မှတ်ခံရသည့် အဆင့်မြင့်စီးပွားရေးစနစ် ရှိကြသော အလွန်ဖွံ့ဖြိုးပြီး နိုင်ငံများ ဖြစ်ကြသည်။