စီးတော်မြင်းဝန်

ဝီကီပီးဒီးယား မှ

စီးတော်မြင်းဝန်[ပြင်ဆင်ရန်]

စီးတော်မြင်းဝန်ဟူသည် ဘုရင်မင်းမြတ် စီးနင်းသည့် မြင်းတော်များ အဝေးရှမ်းပြည်နယ်၊ ယွန်းပြည် စသည်တို့မှ လက်ဆောင်အဖြစ် ဆက်သသော မြင်းများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ကြီးကြပ်လုပ်ဆောင်ရသူ ဖြစ်သည်။ ဘုရင်မင်းမြတ်စီးနင်းသော စီးတော်မြင်းအနက် အချို့ကို ဘွဲ့မည်များ ပေးအပ်ထားသည်လည်း ရှိသည်။ စီးတော်မြင်းဝန်၏ လက်အောက်တွင် မြင်းစာရေး မြင်းတော်ခံ၊ မြင်းတော်မှူး စသည့် ရာထူးများကိုလည်း ထားရှိသည်။

စီးတော်မြင်းဘွဲ့[ပြင်ဆင်ရန်]

ဘုရင်မင်းမြတ် သို့မဟုတ် မြင့်မြတ်သော ပုဂ္ဂိုလ်တို့အတွက် စီးနင်းရန် မြင်းများ၏ ဘွဲ့မည်ကို ဗုဒ္ဓဝင်ကျမ်းများတွင် မကြာခဏ တွေ့ရှိရတတ်သည်။ ဗုဒ္ဓဝင်ကျမ်းများ၌ ဘုရားလောင်း တောထွက်ရာတွင် စီးနင်းသော စီးတော်မြင်းအမည်ကို ကဏ္ဍိကဟု ရေးသားဖော်ပြကြသည်။ မြန်မာရာဇဝင်ကျမ်းတို့၌ အနော်ရထာမင်း စီးသောမြင်းအမည်ကို ခန္တီကလက်လှ၊ ကျန်စစ်မင်းစီသောမြင်းအမည်ကို နှလုံးကွန့်ခေါင် စသည့်ဖြင့် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

ဆင်ဖြူရှင်လက်ထက်[ပြင်ဆင်ရန်]

ဆင်ဖြူရှင် (မြေဒူးမင်း) လက်ထက်တွင် စီးတော်မြင်းဝန်ရာထူး ခန့်အပ်ခံရသူမှာ လက်ဝဲပတေ့ကျော်သူ ဖြစ်သည်။ သူသည် ဒီပဲယင်းမင်း (နောင်တော်ကြီး) လက်ထက်ကပင် စီးတော်မြင်းဝန်အရာ ရရှိခဲ့ဟန် တူသည်။ ဘုရင်မင်းမြတ် ကိုယ်တိုင်စစ်ထွက်သည့်အခါ စီးတော်မြင်းဝန်လည်း လိုက်ပါ အမှုထမ်းရသည်။ ထိုအခါမျိုး၌ စီးတော်မြင်းဝန်သည် မြင်းများ၏ ကျန်းမာရေးကို အထူးဂရုပြုကြရ၏။ စီးတော်မြင်းဝန် လက်ဝဲပတေ့ကျော်သူသည် မြေဒူးမင်းနန်းတက်စ ၁၅ စက်တင်ဘာ ၁၇၆၄ တွင် ဖွဲ့စည်းခဲ့သည့် ဂါမဏိတိဿ ဦးစီးသော ၅၀ တော်သွေးသောက်အဖွဲ့သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။

ဘိုးတော်ဘုရားလက်ထက်[ပြင်ဆင်ရန်]

ဘိုးတော်ဘုရား (ဗဒုံမင်း) လက်ထက်တွင် စီးတော်မြင်းဝန်ရာထူးကို ရှာဖွေ မတွေ့ရှိရသေးပါ။ ဘုရင်မင်းမြတ်သည် ဝေါယာဉ် သို့မဟုတ် ဆင်ဖြင့် ကြွချီလေ့ရှိရာ စီးတော်မြင်းမလိုအပ်သဖြင့် စီးတော်မြင်းဝန်အရာ ခန့်အပ်ထားခြင်း မရှိဟု တွေးစရာရှိသည်။

ဘကြီးတော်လက်ထက်[ပြင်ဆင်ရန်]

ဘကြီးတော် (စစ်ကိုင်းမင်း) နန်းတက်စ ၁၈၁၉ ခုနှစ်တွင် မဟာမင်းကျော်သခင်ျာဘွဲ့ခံ ဦးရွှေဦးကို စီးတော်မြင်းဝန်အရာ ခန့်အပ်ခဲ့သည်။ စီးတော်မြင်းဝန် ဦးရွှေဦးနှင့် ပတ်သက်၍ သူ့တွင် မိအို ဆိုသူ သမီးတစ်ယောက်ရှိကြောင်းကိုသာ သိရှိရ၏။ ဦးရွှေဦး၏ ရာထူးကို ဆက်ခံခဲ့သူမှာ မဟာမင်းကျော်သီဟသူဖြစ်သည်။ ၁၈၂၄ ခုနှစ်တွင် ဘိသိက်မဂင်လာ အခမ်းအနားကျင်းပအပြီး၌ စီးတော်မြင်းဝန် မဟာမင်းကျော်သီဟသူအား ရွှေစလွယ် ၉ သွယ်အပါအဝင် အစီးအနင်း အဆောင်အရွက်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

စီးတော်မြင်းဝန် ဦးရွှေနီ[ပြင်ဆင်ရန်]

၁၈၇၃ ခုနှစ် သာယာဝတီမင်း နန်းတက်စတွင် မဂင်လာအိမ်တော်ပါမြင်းတော်ခံ ဦးရွှေနီအား မဟာမင်းလှသခင်ျာဘွဲ့ဖြင့် စီးတော်မြင်းဝန် အရာခန့်အပ်ခဲ့သည်။ စီးတော်မြင်းဝန် ဦးရွှေနီသည် အမရပူရအရှေ့ပြင် (ယခုမန္တလေး တက္ကသိုလ်ဝင်းအတွင်း)၌ ကျောင်းဆောက်လုပ်လှူဒါန်းခဲ့ရာ စီးတော်မြင်းဝန်တိုက်ဟု အမည်တွင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ဗြိတိသျှအစိုးရက ယင်းနေရာဝန်းကျင်၌ လယ်ယာစိုက်ပျိုးရေး သိပ္ပံကျောင်းနှင့် စိုက်ပျိုးရေး နယ်မြေများ ပြုလုပ်လိုသဖြင့် စီးတော်မြင်းဝန် ကျောင်းတိုက်ကို ရွှေ့ပြောင်းပေးခဲ့သည်။ စီးတော်မြင်းဝန် မဟာမင်းလှသခင်ျာဘွဲ့ခံ ဦးရွှေနီသည် ၅ မတ် ၁၈၄၃ တွင် တရုတ်သံအဖွဲ့နပြေည်တော်သို့ လာရောက်ကြိုဆိုရေးအဖွဲ့၌ ပါဝင်ခဲ့ကြောင်း တွေ့ရှိရ၏။ ယင်းနောက်ပိုင်းတွင် စီးတော်မြင်းဝန်ရာထူး အပြောင်းအလဲ ဖြစ်ခဲ့သည်။

လေးတပ်ဗိုလ်[ပြင်ဆင်ရန်]

စီးတော်မြင်းဝန် ဦးရွှေနီ၏ ရာထူးကို ဆက်ခံခဲ့သူမှာ လေးတပ်ဗိုလ်ဖြစ်သည်။ လေးတပ်ဗိုလ်သည် ၁၈၄၅ ခုနှစ်တွင် ပြည်မင်းသားကြီးအား လိုက်လံဖမ်းဆီးရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ မန္တလေးမြို့အဝင် ရန်ကုန် မန္တလေးလမ်းဘေး တစ်ဖက်တစ်ချက်တွင် ပြည်မင်းသားကြီးဆောက်လုပ်လှူဒါန်းခဲ့သည့် ပြည်ကျောင်းနှင့် ပြည်မင်းသားကြီးအား လိုက်လံဖမ်းဆီးခဲ့သူ လေးတပ်ဗိုလ် တည် ထားကိုးကွယ်ခဲ့သော လေးတပ်ဗိုလ်ဘုရားတို့ တည်ရှိသည်။

စီးတော်မြင်းဝန် ဦးတရုတ်[ပြင်ဆင်ရန်]

ပုဂံမင်း (၁၈၄၆-၁၈၅၃) လက်ထက် စီးတော်မြင်းဝန်အဖြစ် ခန့်အပ်ခံရသူမှာ ဦးတရုတ်ဖြစ်သည်။ စီးတော်မြင်းဝန်ဦးတရုတ်မှာ မင်းတုန်းကနောင်မင်းသားများ နောင်တော်ပုဂံမင်းကို နန်းချရန် ရွှေဘိုသို့ ထွက်ခွာကြစဉ် ပုဂံမင်း၏ အမိန့်တော်ဖြင့် ဗိုလ်ရွှဗြေင်အား လာရောက်ခေါ်ယူခဲ့သူ ဖြစ်၏။ သို့သော် ဗိုလ်ရွှဗြေင်မှာ မင်းတုန်းကနောင်မင်းသားများဘက်သို့ ဝင်ရောက်အမှုထမ်းခဲ့သည်။

မင်းတုန်းမင်းနန်းတက်စ[ပြင်ဆင်ရန်]

၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် မင်းတုန်းမင်း ထီးနန်းရရှိခဲ့ပြီးနောက် ဦးရွှေအိုဆိုသူအား မင်းလှမင်းကျော်ရာဇာဘွဲ့ဖြင့် စီးတော်မြင်းဝန်အရာ ခန့်အပ်လိုက်ပါသည်။ သို့သော် မင်းတုန်းမင်းလက်ထက် စီးတော်မြင်းဝန်ရာထူးကို နန်းတက်စကာလ၌သာ တွေ့ရှိရသည်။

တောင်သမန်လယ်စားမောင်ဖေငယ်[ပြင်ဆင်ရန်]

သီပေါမင်းနန်းတက်စ ၁၈၇၈ ခုနှစ် ဒီဇင်ဘာလတွင် ရေနံ့သာမြို့စား လက်သုံးတော်ကြီးကိုင် မောင်ဖေငယ် စီးတော်မြင်းဝန်ဖြစ်လာပြီးနောက် တောင်သမန်လယ်စားအရာ ချီးမြှင့်ခံခဲ့ရ၏။ ဦးဖေငယ်၏ ဝန်ကတော် (ဇနီး)မှာ သာယာဝတီမင်း၏ ဟဂင်မော်မြို့စား မိဖုရားဟောင်းဖြစ်သည်။ (မလွန်ဆန်အလှူအသင်း၏ စာရင်းစစ် ဦးမောင်⁠မောင်သွင်မှာတောင်သမန်လယ်စား မောင်ဖေငယ်၏ တီးတော်စပ်သူဖြစ်သည်။) တောင်သမန်လယ်စား စီးတော်မြင်းဝန် ဦးဖေငယ်သည် ၁၈⁠၈၃ ခုနှစ်တွင် ဒိုင်းခင်⁠ခင်အမှုကြောင့် ဗန်းမော်သို့ အကျဉ်းသားအဖြစ်ပို့ကာ စီရင်ခံခဲ့ရသည်။

စီးတော်မြင်းဝန် ဦးကြွက်[ပြင်ဆင်ရန်]

တောင်သမန်လယ်စား မောင်ဖေငယ်သည် ၁၈⁠၈၃ ခုနှစ်တွင် ရာဇဝတ်သင့်ခဲ့ရာ သူ၏နေရာ၌ မဟာမင်းကျော်မင်းထင်စည်သူဘွဲ့ခံ ဦးကြွက်အား စီးတော်မြင်းဝန်အဖြစ် အစားထိုးခန့်အပ်ခဲ့သည်။ သို့သော် စီးတော်မြင်းဝန် ဦးကြွက်နှင့် ပတ်သက်၍ အတ္ထုပ္ပတ္တိအကြောင်းအရာများကို မသိရှိရပေ။


နောက်ဆုံးစီးတော်မြင်းဝန်[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက် နောက်ဆုံးစီတော်မြင်းဝန်မှာ သီပေါမင်း၏ မင်္ဂလာအိမ်တော်ပါ လက်သုံးတော်ကြီးကိုင် ရေနံ့သာမြို့စား ဦးဘတင် ဖြစ်ဟန်ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉