စီဘီအက်စ်သတင်း

ဝီကီပီးဒီးယား မှ
CBS News
သတင်းဌာနစီဘီအက်စ်
အဓိကပုဂ္ဂိုလ်များGeorge Cheeks (Chairman and CEO, CBS Entertainment Group)
Neeraj Khemlani နှင့် Wendy McMahon (Co-Presidents, CBS News and Television Stations)
တည်ထောင်စက်တင်ဘာ ၁၈၊ ၁၉၂၇; ၉၆ နှစ် အကြာက (၁၉၂၇-၀၉-18)
ရုံးချုပ်များCBS Broadcast Center
530 West 57th Street
နယူးယောက်မြို့
အမေရိကန်ပြည်ထောင်စု
ဝန်ဆောင်မှုနယ်ပယ်ကမ္ဘာအနှံ့
ရုပ်သံအစီအစဉ်များCBS Evening News
CBS This Morning
48 Hours
60 Minutes
CBS News Sunday Morning
Face the Nation
CBS News Radio
မိခင်ကုမ္ပဏီViacomCBS
ဝဘ်ဆိုဒ်cbsnews.com
Streaming News NetworkCBSN

စီဘီအက်စ် သတင်း (အင်္ဂလိပ်: CBS News) သည် အမေရိကန် ရုပ်မြင်သံကြားနှင့် ရေဒီယိုလုပ်ငန်း စီဘီအက်စ် (CBS) ၏ သတင်းဌာနဖြစ်သည်။ အစီအစဉ်များတွင် ညနေသတင်း၊ မနက်သတင်း၊ မိနစ် ၆၀၊ ၄၈ နာရီ၊ တနင်္ဂနွေမနက်ခင်း နိုင်ငံရေးရာအစီအစဉ်ဖြစ်သော "Face the Nation" များ ပါဝင်သည်။ ရေဒီယိုသတင်းထုတ်လွှင့်မှု၌လည်း များစွာသော ရေဒီယိုဌာနများမှ နာရီအလိုက် သတင်းများကို တင်ဆက်ကြသည်။ စီဘီအက်စ် သတင်းဌာနသည် ၂၄ နာရီ ဒီဂျစ်တယ်သတင်းကွန်ရက် စီဘီအက်စ်အန် (CBSN) ကိုလည်း ဆောင်ရွက်သည်။ ၂၀၂၁ ဧပြီအထိ စီဘီအက်စ် သတင်းဌာန၏ ဥက္ကဋ္ဌနှင့် အကြီးတန်းဦး‌ဆောင်ထုတ်လုပ်သူအရာရှိသည် ဆူဆန် ဇာရင်စကီးဖြစ်၍[၁] ဤသတင်းကွန်ရက်၏ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌလည်း ဖြစ်သည်။[၂][၃]

၂၀၂၁ ဧပြီ ၁၅ တွင် စီဘီအက်စ် ရုပ်သံဌာနနှင့် စီဘီအက်စ်သတင်းဌာနတို့က ၎င်းတို့၏ သက်ဆိုင်ရာဌာနအသီးသီးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ[၄] စီဘီအက်စ်သတင်းနှင့် ရုပ်သံဌာနများ (CBS News and Television Stations) အမည်တွင်မည်ဟု ကြေညာခဲ့သည်။[၅]


ကိုးကား[ပြင်ဆင်ရန်]

  1. Alexandra Steigrad (2021-04-13)။ CBS News president Susan Zirinsky reportedly stepping down (in en-US)။ 2021-05-07 တွင် ပြန်စစ်ပြီး။
  2. Snider၊ Mike။ "Susan Zirinsky named first woman to lead CBS News as David Rhodes departs"၊ January 7, 2019။ 
  3. Farzan၊ Antonia Noori။ "After being rocked by sexual misconduct allegations, CBS News names its first female president"၊ January 7, 2019။ 
  4. Johnson၊ Ted (2021-04-15)။ CBS Combines News And TV Stations, Taps Neeraj Khemlani And Wendy McMahon To Lead New Division (in en-US)။ 2021-05-07 တွင် ပြန်စစ်ပြီး။
  5. Neeraj Khemlani (in en-US)။ 2021-05-07 တွင် ပြန်စစ်ပြီး။