စီစီဝင်း​

ဝီကီပီးဒီးယား မှ
(စီစီဝင်း​၊ ဒေါ် မှ ပြန်ညွှန်းထားသည်)

ဒေါ်စီစီဝင်း(ခရစ် ၁၉၃၀ - )[ပြင်ဆင်ရန်]

၁၉၃၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက် (၁၂၉၂ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက်) တနင်္လာနေ့တွင် အောင်လံမြို့၌ အဘ ဦးဘဝင်း (အငြိမ်းစားတိုင်းပညာဝန်)၊ အမိဒေါ်ကျင်ရှိန်တို့မှ မွေးဖွားသော သမီးဦး ဖြစ်သည်။

၁၉၄၁ ခုတွင် အောင်လံမြို့ အင်္ဂလိပ် - မြန်မာ အလယ်တန်းကျောင်းမှ ပဉ္စမတန်း အောင်မြင်ခဲ့၍ ဆဋ္ဌမတန်း အထိ မအူပင်မြို့ အစိုးရတန်းမြင့်ကျောင်းတွင် ပညာဆက်လက် ဆည်းပူးသည်။ ၁၉၄၆ ခုတွင် နဝမတန်းသားများသည် အထက်တန်း ကျောင်းထွက် လက်မှတ်ရ စာမေးပွဲ (H.S.F) နှင့် တန်းမြင့်ကျောင်း ထွက် စာမေးပွဲ (S.L.C) ကို တစ်ပြိုင်တည်း ဖြေဆိုခွင့် ရှိသဖြင့် မအူပင် တန်းမြင့်ကျောင်းမှပင် နှစ်တန်း စလုံးကို တစ်ပြိုင်နက် ဖြေဆို အောင်မြင်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်၌ အထက်တန်း ပညာ ဆက်လက် ဆည်းပူးသည်။ ၁၉၅၁ ခုတွင် လက်ထောက် ကထိက အဖြစ် တိုးမြှင့်ခန့် ထားခြင်း ခံရပြီး ၁၉၆၁ ခုနှစ်တွင် မဟာ ဝိဇ္ဇာဘွဲ့ကို ဖြေဆို အောင်မြင်ခဲ့သည်။ ၁၉၆၂ တွင် မန္တလေးတက္ကသိုလ်၌ပင် မြန်မာစာ ကထိက အဖြစ် တိုးမြှင့် ခန့်ထားခြင်း ခံရသည်။ ၁၉၆၇ ခုတွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် မြန်မာစာ ဌာနသို့ ပြောင်းရွှေ့ အမှုထမ်းခဲ့သည်။ ထို့နောက် ပုသိမ်ကောလိပ် ပညာရေးတက္ကသိုလ် နှင့် မကွေးကောလိပ်တို့ကို အလှည့်ကျ ပြောင်းရွှေ့ အမှုထမ်းပြီး ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် မြန်မာစာဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အငြိမ်းစား ယူခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]