စိုးလင်းဟန်

ဝီကီပီးဒီးယား မှ
H.E.

စိုးလင်းဟန်
ဘယ်လ်ဂျီယံနိုင်ငံ ဆိုင်ရာသံအမတ်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ ဇူလိုင် ၂၀၁၈
စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားရေး ဝန်ကြီးဌာန
တာဝန်သက်တမ်း
ဒီဇင်ဘာ၂၀၁၆ – ဇူလိုင်၂၀၁၈
မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
တာဝန်သက်တမ်း
အောက်တိုဘာ၂၀၁၆ – ဒီဇင်ဘာ၂၀၁၆
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1961-03-14) ၁၄ မတ်၊ ၁၉၆၁ (အသက် ၆၃)
ရန်ကုန်
လူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ကျွမ်းကျင်မှုသံတမန်

ဦးစိုးလင်းဟန်( ၁၄ မတ် ၁၉၆၁ဖွား)သည် မြန်မာလူမျိုး သံအမတ်ဖြစ်သည်။ လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံ ဆိုင်ရာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။[၁] [၂] နယ်သာလန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး[၃] [၄]လူဇင်ဘတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တာဝန်များကိုပါ ပူးတွဲခန့်အပ်ခြင်း ခံထားရသူဖြစ်သည်။ယင်းအပြင် ဥရောပသမဂ္ဂဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မစ်ရှင်အဖွဲ့ အကြီးအကဲလည်း ဖြစ်သည်။ [၅][၆] ထိုတာဝန်များမယူမီ ၎င်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း ထမ်းဆောင်သည်။

ပညာရေး[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦး ၁၉၈၄ တွင် B.A.(English) ရရှိခဲ့သည်။

အသက်မွေးဝမ်းကြောင်း[ပြင်ဆင်ရန်]

  1. ဇူလိုင် ၁၉၈၆ - ဇွန် ၁၉၉၀ ကာလ အုပ်ချုပ်ရေးအရာရှိ၊ ကျန်းမာရေးဝန်ကြီးဌာန။
  2. ဇွန် ၁၉၉၀- ဧပြီ ၁၉၉၂ ကာလ ဌာနခွဲမှူး၊နိုင်ငံရေးရာဦးစီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန။
  3. ဧပြီ ၁၉၉၂- ဇူလိုင် ၁၉၉၇ တတိယအတွင်းဝန်၊အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး။
  4. ဇူလိုင်၁၉၉၇-ဒီဇင်ဘာ ၁၉၉၉ ကာလ ဌာနခွဲမှူး၊အာဆီယံရေးရာဦးစီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန။[၇]
  5. ဒီဇင်ဘာ၁၉၉၉ -အောက်တိုဘာ ၂၀၀၀ကာလ လက်ထောက်ညွှန်ကြားရေးမှူး၊အာဆီယံရေးရာဦးစီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန။
  6. အောက်တိုဘာ၂၀၀၀- မတ်၂၀၀၅ တတိယအတွင်းဝန်၊ကောင်စစ်ဝန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး။
  7. ဧပြီ ၂၀၀၅- ဇန်နဝါရီ ၂၀၀၈ ဒုတိယညွှန်ကြားရေးမှူး၊နိုင်ငံရေးရာဦးစီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန။
  8. ဇန်နဝါရီ၂၀၀၈-မတ်၂၀၁၁ ကောင်စစ်ဝန်၊သံမှူးကြီး၊သံရုံးတာဝန်ခံ အမေရိကန်နိုင်ငံဆိုင်ရာမြန်မာသံရုံး။
  9. မတ်၂၀၁၁-ဇန်နဝါရီ ၂၀၁၅ ကာလ ညွှန်ကြားရေးမှူး၊နိုင်ငံရေးရာဦးစီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန။
  10. ဇန်နဝါရီ၂၀၁၅-အောက်တိုဘာ၂၀၁၆ ကာလ ဒုတိယညွှန်ကြားရေးမှူးချုပ်၊နိုင်ငံရေးရာဦးစီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန။
  11. အောက်တိုဘာ၂၀၁၆-ဒီဇင်ဘာ၂၀၁၆ ကာလ ညွှန်ကြားရေးမှူးချုပ်၊မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန။[၈]
  12. ဒီဇင်ဘာ၂၀၁၆-ဇူလိုင်၂၀၁၈ကာလ ညွှန်ကြားရေးမှူးချုပ် စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန။

ရရှိခဲ့သောဆုများ[ပြင်ဆင်ရန်]

တရားဥပဒေစိုးမိုးရေးတံဆိပ် (၁၉၉၄)၊ ပြည်သူ့ဝန်ဆောင်မှုတံဆိပ် (၂၀၀၆)၊ပြည်သူ့ဝန်ဆောင်မှု ထူးချွန်ဆုတံဆိပ် (၂၀၁၅)တို့ဖြစ်သည်။

ထူးခြားဖြစ်စဉ်[ပြင်ဆင်ရန်]

အသက်၆၂နှစ်ပြည့်ပြီး အငြိမ်းစားယူရမည်ဖြစ်သော်လည်း နောက်ထပ် ၁နှစ် သံအမတ်ကြီးတာဝန် ထမ်းဆောင်ရသည်။[၉]

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သား၂ဦးရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးစိုးလင်းဟန်အား ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ကြေးမုံသတင်းစာ (၃၀ ဇူလိုင် ၂၀၁၈)။ ၁၀ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်မည့် ဦးစိုးလင်းဟန်အား လမ်းညွှန်မှာကြားမြန်မာ့အလင်းသတင်းစာ (၁၀ အောက်တိုဘာ ၂၀၁၈)။ ၁၀ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. (ICJ)၌ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းသည့်ကိစ္စရပ်အား ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် ရှင်းလင်းပြောကြားဆင်ဟွာသတင်း (၁၄ ဒီဇင်ဘာ ၂၀၁၉)။ ၁၀ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. Ambassadors in the Netherlands (as of 15 February 2023)List of ambassadors in the Netherlands as of 15 February 2023Government of the Netherlands (15 February 2023)။ 10 March 2023 တွင် ပြန်စစ်ပြီး။
  5. သံအမတ်ကြီး ဦးစိုးလင်းဟန် ဥရောပကောင်စီ ဥက္ကဋ္ဌထံ ခန့်အပ်လွှာပေးအပ်MYANMAR NATIONAL PORTAL (၁၄ ဖေဖော်ဝါရီ ၂၀၁၉)။ ၁၀ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. Ambassador H.E. U Soe Lynn Han attended the ASEAN-EU round table held among the ASEAN Embassies in Brussels, Permanent Representations to the EU (incumbent and upcoming presidents of the Council of the EU) and EU institutionsEmbassy of Republic of the Union of Myanmar Brussels (26 July 2020)။ 10 March 2023 တွင် ပြန်စစ်ပြီး။
  7. CURRICULUM VITAECouncil of the European UnionGeneral Secretariat (11 July 2018)။ 10 March 2023 တွင် ပြန်စစ်ပြီး။
  8. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၇၂ /၂၀၁၆ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးခန့်ထားခြင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း အမှတ်၄၅၊အတွဲ ၆၉ (၆ အောက်တိုဘာ၂၀၁၆)။ ၁၀ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. နိုင်ငံခြားရေးဝန်ကြီးဌာန အမိန်ကြော်ငြာစာအမှတ်၆၆/ ၂၀၁၃၂၀၂၃ ခုနှစ်၊ မတ်လ (၃) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၉) ပြန်တမ်းစာစောင် e-book (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၀ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။