မာတိကာသို့ ခုန်သွားရန်

စိုင်းငေါင်းဆိုင်ဟိန်း

ဝီကီပီးဒီးယား မှ
စိုင်းငေါင်းဆိုင်ဟိန်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂၀၁၅  ၂၀၂၀
ယခင်လူကိုယ်တိုင်
ဆက်ခံသူမရှိ
မဲဆန္ဒနယ်မောက်မယ်မြို့နယ်
အနိုင်ရမဲ အရေအတွက်ခိုင်လုံမဲ ၅၅၉၀ (၄၅.၁၉ရာခိုင်နှုန်း)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂၀၁၀  ၂၀၁၅
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူကိုယ်တိုင်
မဲဆန္ဒနယ်မောက်မယ်မြို့နယ်
အနိုင်ရမဲ အရေအတွက်ခိုင်လုံမဲ ၅၁၈၁ ( ၅၃.၉၅ရာခိုင်နှုန်း)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1970-04-13)ဧပြီ ၁၃၊ ၁၉၇၀
မောက်မယ်မြို့နယ်ရှမ်းပြည်နယ်
ကွယ်လွန်ဇူလိုင် ၁၁၊ ၂၀၂၅(2025-07-11) (အသက် ၅၅)
မောက်မယ်မြို့နယ်ရှမ်းပြည်နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်ဒေါ်ညွန့်စိန်
အလုပ်အကိုင်နိုင်ငံရေးသမား၊ ကျောင်းဆရာ

စိုင်းငေါင်းဆိုင်ဟိန်း (၁၃ ဧပြီ ၁၉၇၀ - ၁၁ ဇူလိုင် ၂၀၂၅) သည် ရှမ်းလူမျိုး ကျောင်းဆရာ နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း နိုင်ငံရေးသမား ဖြစ်သည်။ သူသည် ရှမ်းပြည်နယ် တောင်ပိုင်း၊မောက်မယ် မဲဆန္ဒနယ်မှနေ၍ ၂၀၁၀၊၂၀၁၅ နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ သုံးကြိမ်စလုံး အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေနတ်သမားအချို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အသက်ဆုံးခဲ့ရသူလည်း ဖြစ်သည်။ သူသည် မောက်မယ်မြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌလည်း ဖြစ်သည်။

သူသည် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ပညာရေးတက္ကသိုလ် သို့ တက်ရောက်ကာ B.A,B.Edဘွဲ့ ရရှိသည်။ဘွဲ့ရသည့် အသက် ၁၉ နှစ်အရွယ်ကတည်းကစပြီး ပညာရေးလောကထဲ ကျောင်းဆရာ အဖြစ် ဝင်ရောက်ခဲ့သည်။ ၁၉၈၉ ခုနှစ် မှ ၂၀၀၁ ခုနှစ် အထိ မူလတန်းပြ၊ ၂၀၀၁ ခုနှစ် မှ ၂၀၀၆ ခုနှစ် အထိ အခြေခံပညာ မူလတန်းကျောင်းအုပ်၊ ၂၀၀၆ ခုနှစ် မှ ၂၀၀၈ ခုနှစ် အထိ အထက်တန်းပြ၊ ၂၀၀၈ ခုနှစ် မှ ၂၀၁၀ ခုနှစ် ထိ လက်ထောက်ပညာရေးမှူးအဖြစ် ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်တွင်ပင် တာဝန်များအသီးသီး ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်။[]

နိုင်ငံရေးဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

သူသည် ၂၀၁၀ အထွထွေရွေးကောက်ပွဲ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်သည်။[] အနိုင်ရ၍ လွှတ်တော်အမတ် ဖြစ်လာသည်။ ယင်းအပြင် ၂၀၀၅ ခုနှစ် နှင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ များတွင်လည်း ပါတီကိုယ်စားပြုဝင်ပြိုင်ကာ အနိုင်ရခဲ့ပြန်သည်။

လုပ်ကြံခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့ နံနက် ၉နာရီ အချိန်တွင် ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့ အထွက် ၎င်း၏ လိ​မ္မော်စိုက်ပျိုးရေးခြံအတွင်း အမည်မသိသေနတ်သမားများ လက်ချက်ကြောင့် အသက်ဆုံးခဲ့ရသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ (ရှမ်းပြည်နယ်) - ၂ Eleven Media (၃၀ အောက်တိုဘာ ၂၀၂၀)။ ၁၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. ဒုတိယ သမ္မတလောင်းရွေးချယ်ရေး အစည်းအဝေး ခေတ္တရပ်နားပြီး မွန်းလွဲပိုင်းတွင် ဆက်လက်ပြုလုပ်မည် Eleven Media (၂၃ မတ် ၂၀၁၈)။ ၁၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. မောက်မယ် ကြံ့ခိုင်ရေးကိုယ်စားလှယ် ပစ်သတ်ခံရ မဲခေါင်သတင်း (၁၁ ဇူလိုင် ၂၀၂၅)။ ၁၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။