စိန်မောင်၊ ဒေါက်တာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အဖ ဦးစိန်ယုံ၊ အမိ ဒေါ်မြရင်တို့က လှည်းကူးမြို့နယ် ဒါးပိန်မြို့တွင် ၁၉၃၆ ခုနှစ်၌ မွေးဖွားခဲ့။

၁၉၅၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်။

၁၉၅၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ BA (Honours) ဘွဲ့ကို လည်းကောင်း၊ ၁၉၆၀ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု Syracuse University ရှိ Maxwell Graduate School မှ MPA ဘွဲ့ကို လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် New York Univeristy မှ PhD ကို လည်းကောင်း ရရှိခဲ့။

၁၉၆၅-၆၆ ခုနှစ်တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်၌ လက်ထောက် ကထိက အဖြစ် လည်းကောင်း၊ ၁၉၆၆ မှ ၁၉၈၈ ခုနှစ်ထိ ဘဏ္ဍာရေးနှင့် စီမံကိန်း ဝန်ကြီး ဌာနတွင် ဒုတိယ အတွင်းဝန်နှင့် တွဲဖက်ညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း၊ တာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်ပနိုင်ငံများသို့ စေလွှတ်သော အဖွဲ့အစည်းများတွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့။

နိုင်ငံတကာ အတွေ့အကြုံများ အဖြစ် ၁၉၇၆-၇၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF)၏ အလှည့်ကျ အမှုဆောင် ဒါရိုက်တာ၊ ၁၉၇၇ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ နိုင်ငံတကာ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (IBRD) တွင် စီးပွားရေး/ ချေးငွေ အရာရှိတို့ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၆၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ IMF, World Bank, UACTND, GATT, ECAFE စသည့် အဖွဲ့အစည်းများ၊ နိုင်ငံတကာ Seminar နှင့် Conference များ၊ ၂၀၀၂ ခုနှစ်မှ စ၍ အာဆီယံ ဘဏ်လုပ်ငန်းဆိုင်ရာ ကောင်စီနှင့် Conference များကို တက်ရောက်ခဲ့။

ယခုအခါ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့တွင် အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ အာဆီယံ ဘဏ်များအသင်း ငွေကြေး ရင်းနှီးမြှုပ်နှံ့မှုနှင့် ကုန်သွယ်ရေး အမြဲတမ်း ကော်မတီတွင် အမြဲတမ်း အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ဘဏ်များအသင်းတွင် အမှုဆောင် အဖြစ် လည်းကောင်း၊ တာဝန်ယူလျက် ရှိပြီး၊ အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများတွင် ဘဏ်လုပ်ငန်းနှင့် စီးပွားရေး ဆိုင်ရာ အတိုင်ပင်ခံ ပညာရှင် တဦး အဖြစ် ဟောပြော ဆွေးနွေး ဆောင်ရွက်လျက်ရှိ။

အများပိုင် ပထမပုဂ္ဂလိက ဘဏ်လီမိတက်ကို ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလတွင် တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိ။

ကိုးကား[ပြင်ဆင်ရန်]