မာတိကာသို့ ခုန်သွားရန်

စိန်ပန်းပြာ

ဝီကီပီးဒီးယား မှ

စိန်ပန်းပြာ (အင်္ဂလိပ်: Jacaranda) သည် Bignoniaceae မိသားစုဝင် ပန်းပွင့်အပင် မျိုးစု တစ်ခုဖြစ်သည်။ အမေရိကတိုက်၏ အပူပိုင်းနှင့် သမပိုင်းဒေသများတွင် မူလပေါက်ဖွားပြီး မျိုးစိတ်ပေါင်း ၄၉ မျိုးခန့် တည်ရှိသည်။[] မြန်မာနိုင်ငံတွင် အလှစိုက်ပင်အဖြစ် အလွန်ထင်ရှားကာ အထူးသဖြင့် ရှမ်းပြည်နယ်ရှိ တောင်ကြီးကလောနှင့် မန္တလေးတိုင်းဒေသကြီးရှိ ပြင်ဦးလွင်ကဲ့သို့သော အေးမြသည့် တောင်ပေါ်ဒေသများတွင် လမ်းဘေးဝဲယာတစ်လျှောက် ဝေဆာစွာ တွေ့ရှိရသည်။ စိန်ပန်းပြာပင်သည် အရွက်တွေအားလုံး ကြွေကျသွားပြီးမှ ခရမ်းပြာရောင် ပန်းတွေ ဝေဆာစွာ ပွင့်လာတတ်တာကြောင့် "အရာအားလုံးကို စွန့်လွှတ်ပြီး အချိန်တန်ရင် ရောက်ရှိလာမယ့် အချစ်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခြင်း" ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်သည်။

စိန်ပန်းပြာ
Jacaranda mimosifolia ၏ အပွင့်
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးဇာတ်:
မျိုးစု:
Jacaranda

အမျိုးအစား မျိုးစိတ်
Jacaranda caerulea
မျိုးစိတ်များ

မျိုးစိတ် ၄၉ မျိုးခန့်

စိန်ပန်းပြာပင်

စိန်ပန်းပြာပင်များသည် အပူပိုင်းဇုန်တွင် ပေါက်ရောက်နိုင်သော်လည်း ၎င်းတို့၏ ပန်းပွင့်ခြင်းဖြစ်စဉ်မှာ ရာသီဥတုအပေါ် များစွာမူတည်သည်။ ဤအပင်များသည် ပန်းပွင့်ရန်အတွက် အေးမြသော ဆောင်းရာသီနှင့် ပူနွေးခြောက်သွေ့သော နွေဦးရာသီ ကူးပြောင်းမှု အချိုးအစားကို လိုအပ်သည်။မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် အပူချိန် အလွန်မြင့်မားလွန်းခြင်းက ပန်းပွင့်မှုနှုန်းကို လျော့နည်းစေသော်လည်း မြင့်မားသော တောင်ပေါ်ဒေသများတွင်မူ ၎င်းတို့၏ မူလဇာတိဖြစ်သော တောင်အမေရိက ကုန်းမြင့်ပိုင်း ရာသီဥတုနှင့် ဆင်တူသဖြင့် ပိုမိုဝေဆာစွာ ပွင့်ကြသည်။ အေးမြသော ရာသီဥတုသည် ပန်းပွင့်များ၏ ခရမ်းပြာရောင်ကို ပိုမိုတောက်ပစေသည်။ရေဝပ်ခြင်းကို မနှစ်သက်ဘဲ ရေဆင်းကောင်းသော တောင်စောင်းမြေနှင့် ကျောက်စရစ်မြေမျိုးတွင် ပိုမိုဖြစ်ထွန်းသည်။ စိန်ပန်းပြာပင်များသည် နွေဦးကာလတွင် အရွက်များ မထွက်မီ အပြာရောင် သို့မဟုတ် ခရမ်းရောင် ပန်းပွင့်များ တစ်ပင်လုံး ဖုံးလွှမ်းသွားသည်အထိ ဝေဆာစွာ ပွင့်လေ့ရှိသည်။

ပျံ့နှံ့တည်ရှိမှု

[ပြင်ဆင်ရန်]

အများဆုံး မျိုးစိတ်ဖြစ်သည့် Jacaranda mimosifolia ကို ပါရာဂွေးဥရုဂွေးအာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့တွင် မူလအစအဖြစ် တွေ့ရှိရသည်။ ယခုအခါတွင် အလှစိုက်ပင်အဖြစ် ကမ္ဘာ့အပူပိုင်းနှင့် သမပိုင်းဒေသများသို့ ပြန့်နှံ့ရောက်ရှိနေပြီ ဖြစ်သည်။

ပြုစုပျိုးထောင်ခြင်း

[ပြင်ဆင်ရန်]

စိန်ပန်းပြာကို အစေ့မှသော်လည်းကောင်း၊ ကိုင်းကူးခြင်းဖြင့်သော်လည်းကောင်း ပျိုးထောင်နိုင်သည်။ ပျိုးပင်ဘဝတွင် ဂရုတစိုက် ရေလောင်းရန် လိုအပ်သော်လည်း အပင်ကြီးထွားလာပါက ခံနိုင်ရည်ရှိသော အပင်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံတွင် နွေဦးကာလ (ဖေဖော်ဝါရီလမှ ဧပြီလအတွင်း) သည် စိန်ပန်းပြာများ အလှဆုံး ပွင့်သော အချိန်ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Gentry, A. W. (1992). "Bignoniaceae: Part II (Tribe Tecomeae)". Flora Neotropica 25 (2): 51–104.