မာတိကာသို့ ခုန်သွားရန်

စိန်စတင်း

ဝီကီပီးဒီးယား မှ
(စိန်စတင်း၊ ဦး မှ ပြန်ညွှန်းထားသည်)

ဆရာဘကြီးသည် ဓနုဖြူမြို့နယ်၊ သူဋ္ဌေးကုန်းကျေးရွာ အဖ ဦးမန်းဒီလုံး၊ အမိ နော်အေးချမ်းတို့မှ မွေးဖွားခဲ့သည်။

စိန်စတင်း-ဟူသော ဆရာ့နာမည်ဖြစ်လာပုံက စိတ်ဝင်စားစရာကောင်းပါသည်၊ လွန်ခဲ့သော အနှစ်(၆၀)ခန့်ကဖြစ်သည်၊ ဆရာတို့ရွာနှင့်ကပ်လျက်နေသော တောကြီးရွာတွင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ဒုံးအကတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေချိန်ဖြစ်သည်၊ ထိုအချိန်က တိုင်းပြည်တွင် ငြိမ်းချမ်းမှုမရှိသောကာလလည်း ဖြစ်လေရာ ကရင်နှစ်သစ်ပွဲတော်ကို ဖျက်ဆီးလိုသည့် အဖွဲ့တစ်ဖွဲ့မှ စတင်းဂန်း သေနတ်ကို မိုးပေါ်ထောင်ပစ်ပြီး ပွဲကို ဖျက်သိမ်းခဲ့ကြပါတယ်၊ ထိုအချိန် စိန်စတင်း၏မိခင်မှာ သူ့ကိုကိုယ်ဝန် လွယ်ထားရသဖြင့် သေနတ်သံကြားရတော့ ကြောက်လန့်ပြီး ပုန်းခိုနေရင်း ဗုံးကျင်းထဲမှာပင် စိန်စတင်းကို မွေးဖွားခဲ့ရသည်။ အဖွားဖြစ်သူ ဝမ်းဆွဲသည် ဒေါ်အမာက -စတင်းဂန်းပစ်ဖောက်တဲ့အချိန်မှာ ငါ့မြေးကိုမွေးတယ်၊ ဒါကြောင့် ငါ့မြေးလေးကို စတင်းလေး-လို့ နာမည်ပေးမယ်-ဆိုပြီး စတင်းလေးမှသည် ယခု အောင်မြင် ကျော်ကြား နေသော နိုင်ငံကျော် စိန်စတင်း ဖြစ်လာခဲ့သည်။

ဆရာကြီးသည် မိမိကိုယ်တိုင်ထူးချွန်သူမကပဲ မိမိမျိုးဆက်သစ်တွေကိုလည်း ထူးချွန်စေသူဖြစ်ပါတယ်၊ ဆရာ့မှာ သားသမီး(၅)ယောက်ထွန်းကားပြီး ထိုသားသမီး ငါးယောက်စလုံးမှာလည်း လိမ္မာ ထူးချွန်သူများ ဖြစ်ကြသည်။ ဒါကြောင့်ဆရာသည် ဖခင်ကောင်း တစ်ယောက် ဖြစ်သလို ဥယျာဉ်မှူးကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်၊ ဆရာရဲ့ ထူးချွန်သော သားသမီးများမှာ အောက်ပါအတိုင်းဖြစ်သည်-

  • စိန်နိုင်လင်းခေါ် နိုင်စတင်း= ဆိုကရေးတီး ဆိုင်း ရွှေခုနှစ်ဆု၊ ငွေနှစ်ဆု၊
  • မောင်မင်းကို= ပတ်တီးလက်ထောက်၊ ဆိုကရေးတီး ပတ္တလားရွှေတစ်ဆု၊ ငွေနှစ်ဆု၊ ကြေးနှစ်ဆု၊
  • ဒေါက်တာတင်တင်ယု
  • ရွှေအလင်္ကာ စိန်မင်းနိုင်= ဆိုကရေးတီး ရွှေ ရှစ်ဆု၊ ငွေတစ်ဆု၊
  • ကျော်ကျော်ဟန်(အဆို) ရန်ကုန်တိုင်း အိုးစည်ဒိုးပတ်နည်းပြ၊ ဆိုကရေးတီး ရွှေနှစ်ဆယ့်သုံးဆု၊ ငွေနှစ်ဆု၊ ကြေးနှစ်ဆု

တို့ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]