စိတ်အားချို့တဲ့ခြင်း

ဝီကီပီးဒီးယား မှ

ဗြိတိသျှနိုင်ငံ စိတ်အားချို့တဲ့ခြင်း အက်ဥပဒေ (၁၉၂၇) တွင်၊ စိတ်အားချို့တဲ့ခြင်း ဟူသည်မှာ အသက် ၁၈ နှစ်အရွယ် မတိုင်မီကာလအတွင်း မျိုးရိုးကြောင့်ဖြစ်စေ၊ ရောဂါကြောင့်ဖြစ် စေ၊ ဒဏ်ရာအနာတရကြောင့်ဖြစ်စေ၊ စိတ်အားပြည့်ပြည့်ဝဝ မဖွံ့ဖြိုးခြင်း သို့မဟုတ် ဖွံ့ဖြိုးမှုတန့်ရပ်နေခြင်း အခြေအနေဖြစ် သည်ဟု ဖော်ပြထားလေသည်။ လူမှုရေးသိပ္ပံပညာသဘောအရ ပြောရလျှင် စိတ်အားချို့တဲ့သူ ဟူသည်မှာ လူအများနှင့် ခြား နားသီးသန့်၍ အထူးကျွမ်းကျင်စွာ ကြီးကြပ်ကွပ်ကဲပေးရ လောက်အောင်၊ စိတ်အားဖွံ့ဖြိုးမှုများ တန့်ရပ်နေရသဖြင့် လူ့ဘောင်အဖွဲ့အစည်းတွင် မနေတတ် မထိုင်တတ် ဖြစ်ရသူကို ဆိုလိုသည်။

စိတ်အားချို့တဲ့ခြင်းသည် ရူးသွပ်ခြင်းနှင့် တစ်ခြားစီဖြစ် ၏။ စိတ်အားချို့တဲ့ခြင်းဖြစ်ရသော အကြောင်းတစ်ရပ်ကို ပုံစံအားဖြင့် ပြဆိုရလျှင် သိုင်းရွိုက်ဂလင်းမှ စိမ့်ရည် ကျဆင်း ခြင်းသည် မလုံမလောက်သောကြောင့် စိတ်အားချို့တဲ့ရသည် ဖြစ်၏။ စိတ်အား မဖွံ့ဖြိုးခြင်း ဖြစ်ရသည်မည်၏။ ( ဂလင်း။)

ရူးသွပ်ခြင်း၌ကား၊ စိတ်သည်ဖောက်ပြန်လျက်ရှိသည်။ စိတ်အားချို့တဲ့ခြင်း၌ စိတ်နှမ်းခြင်း၊ စိတ်နုံ့ခြင်းနှင့် စိတ် အားပျော့ခြင်းဟူ၍ သုံးမျိုးရှိသည်။ စိတ်နှမ်း သူတို့တွင် ဝမ်း တွင်းပါစိတ်နှမ်းသူများလည်းပါဝင်၍၊ ထိုသူတို့သည် အရွယ် ရောက်သည့်တိုင်အောင် သာမန် သုံးနှစ်သား ကလေးငယ်တို့၏ အသိဉာာဏ်ကို မမှီချေ။ ထိုသူတို့သည် မိမိတို့ကိုယ်တိုင် ထမင်း စားခြင်း၊ အဝတ် ဝတ်ခြင်းတို့ကို မပြုနိုင်ချေ။ စကားကိုလည်း ကျနစွာ မပြောတတ်ကြချေ။ စိတ်နုံ့သူများမှာမူ အရွယ်ရောက် သည်တိုင်အောင် သာမန်သုံးနှစ်သားနှင့် ခုနစ်နှစ်သားတို့၏ အသိဉာာဏ်မျှသာရှိသည်။ သူတို့ကို စာသင်ပေး၍ တတ်ရန်ခက် သော်လည်း လွယ်ကူသည့်လက်မှု ပညာရပ်တို့ကို စနစ်တကျ သင်ပေး၍ ရနိုင်သည်။ သူတို့သည် စကားကို အသင့်အတင့် ပြောတတ်သော်လည်း စိတ်ကူးဉာာဏ်မှာ နုံ့သည်။ စိတ်အားပျော့ သူတို့မှာ အရွယ်ရောက်သည့်တိုင်အောင် သာမန်ရှစ်နှစ်မှ တစ်ဆယ့်နှစ်နှစ်သားမျှသာ အသိဉာာဏ်ရှိသည်။ သာမန်ကျောင်း တွင် အတော်အသင့်ပညာသင်ကြားပေး၍ ရနိုင်သော်လည်း၊ ထို သူတို့သည် မိမိတို့၏ ကိုယ်ရေးကိစ္စများတွင် မဆုံးဖြတ်တတ် ကြချေ။

ရှေးက စိတ်အားချို့တဲ့ခြင်းကို ရူးသွပ်ခြင်းနှင့် ခွဲခြားခြင်း မပြုဘဲ၊ ချို့တဲ့သူတို့ကို စိတ္တဇဆေးရုံစသည့် ဂေဟာတို့၌ ထား လေ့ရှိသည်။ သို့ရာတွင် လူမှုဝန်ထမ်းလုပ်ငန်းများ ဖွံ့ဖြိုးလာ သောအခါ၊ စိတ်အားချို့တဲ့ သူတို့မှာ လူသာမန်တို့ ခံစားနေ သော အခွင့်အရေးများကို မခံစားရသော 'စိတ္တဗလခွင့်မဲ့သူ' များဖြစ်၍၊ ယင်းတို့ကို အထူးပညာသင်ကြားပေးသော ကုနည်း ဖြင့် ကုစားရမည်ဟု ယူဆလာကြသည်။ ယခုအခါ စိတ်အားချို့ တဲ့သူများကို လူမှုဝန်ထမ်းပြဿနာ တစ်ရပ်ဟု သဘောထား ကာ၊ ထိုသူတို့ကို ဂေဟာတွင်း စောင့်ရှောက်ရေးစနစ်ဖြင့် လူမှု ဝန်ထမ်းဌာနတို့က ကူညီစောင့်ရှောက်ကြသည်။ ( လူမှုရေးရာပညာ။)အတွဲ(၄)</ref>

ကိုးကား[ပြင်ဆင်ရန်]