မာတိကာသို့ ခုန်သွားရန်

စိတ်ခံစားမှု

ဝီကီပီးဒီးယား မှ
Sixteen faces expressing the human passions – colored engraving by J. Pass, 1821, after Charles Le Brun

စိတ်ခံစားမှု (အင်္ဂလိပ်: Emotions) ဆိုသည်မှာ အာရုံကြောဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ဖြစ်ကြသည်။ ၎င်းတို့သည် အတွေးအခေါ်ခံစားချက်၊ အမူအကျင့်ဆိုင်ရာ တုံ့ပြန်မှုများအပြင် နှစ်သက်မှု သို့မဟုတ် မနှစ်သက်မှု အတိုင်းအတာများနှင့်လည်း အမျိုးမျိုး ဆက်စပ်နေလေ့ရှိသည်။[][][][] စိတ်ခံစားမှုနှင့် ပတ်သက်၍ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် သိပ္ပံနည်းကျ သဘောတူညီချက် တစ်စုံတစ်ရာ မရှိသေးသော်လည်း၊[][] ၎င်းတို့သည် လူတစ်ဦး၏ စိတ်နေစိတ်ထား၊ ပင်ကိုစရိုက်၊ ကိုယ်ရည်ကိုယ်သွေး သို့မဟုတ် ဖန်တီးနိုင်စွမ်းတို့နှင့် နက်ရှိုင်းစွာ ရောယှက်နေတတ်ကြသည်။[]

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း စိတ်ခံစားမှုဆိုင်ရာ သုတေသနလုပ်ငန်းများသည် သိသာစွာ တိုးတက်လာခဲ့ပြီး[] စိတ်ပညာဆေးပညာသမိုင်းလူမှုဗေဒကွန်ပျူတာသိပ္ပံနှင့် ဒဿနိကဗေဒ စသည့် နယ်ပယ်အသီးသီးက ပါဝင်ကူညီလျက် ရှိကြသည်။ စိတ်ခံစားမှုများ၏ မြစ်ဖျားခံရာနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းရန် ကြိုးပမ်းမှုများသည် ချားလ်စ် ဒါဝင် ခေတ်ကပင် စတင်ခဲ့သည်။ ယနေ့ခေတ်တွင်မူ ဦးနှောက်အတွင်းရှိ စိတ်ခံစားမှု ဖြစ်စဉ်များကို လေ့လာရန်အတွက် positron emission tomography (PET) နှင့် functional magnetic resonance imaging (fMRI) ကဲ့သို့သော အဆင့်မြင့် နည်းပညာများကို အသုံးပြု၍ အာရုံကြောသိပ္ပံ ရှုထောင့်မှ အသေးစိတ် လေ့လာနေကြပြီ ဖြစ်သည်။[]

ယနေ့ခေတ် ဆေးခန်းသုံးနှင့် စိတ်ချမ်းသာမှုဆိုင်ရာ သုတေသနများတွင် လူတို့၏ နေ့စဉ်ဘဝအတွင်း စိတ်ခံစားမှုများ ပြောင်းလဲပုံကို အဓိကထား လေ့လာလာကြသည်။ အထူးသဖြင့် စိတ်ခံစားမှုတစ်ခုချင်းစီ၏ ပြင်းထန်မှု၊ ပြောင်းလဲလွယ်မှု၊ တည်ငြိမ်မှုမရှိခြင်းနှင့် တစ်ခုနှင့်တစ်ခု မည်သို့ လွှမ်းမိုးနေသည်ကို ဆန်းစစ်ကြသည်။ လူတစ်ဦးနှင့် တစ်ဦးအကြား ကွဲပြားမှုများနှင့် လူတစ်ဦး၏ သက်တမ်းတစ်လျှောက်တွင် ထိုစိတ်ခံစားမှုဆိုင်ရာ ဖြစ်စဉ်များ မည်သို့ ပြောင်းလဲသွားသည်ဟူသော အချက်သည် လက်ရှိ သုတေသနလုပ်ငန်းများ၏ အဓိက အာရုံစိုက်ရာ ကဏ္ဍတစ်ခု ဖြစ်သည်။[၁၀][၁၁]


ကိုးကား

[ပြင်ဆင်ရန်]
  1. Panksepp၊ Jaak (2005)။ Affective neuroscience: the foundations of human and animal emotions ([Reprint] ed.)။ Oxford [u.a.]: Oxford Univ. Press။ p. 9ISBN 978-0-19-509673-6Our emotional feelings reflect our ability to subjectively experience certain states of the nervous system. Although conscious feeling states are universally accepted as major distinguishing characteristics of human emotions, in animal research the issue of whether other organisms feel emotions is little more than a conceptual embarrassment
  2. "Emotion in the perspective of an integrated nervous system" (May 1998). Brain Research. Brain Research Reviews 26 (2–3): 83–86. doi:10.1016/s0165-0173(97)00064-7. PMID 9651488.
  3. Ekman၊ Paul; Davidson၊ Richard J. (1994)။ The Nature of emotion: fundamental questions။ New York: Oxford University Press။ pp. 291–293။ ISBN 978-0-19-508944-8Emotional processing, but not emotions, can occur unconsciously.
  4. Schacter၊ Daniel L.; Gilbert၊ Daniel T.; Wegner၊ Daniel M. (2011)။ Psychology (2nd ed.)။ New York: Worth Publishers။ p. 310ISBN 978-1-4292-3719-2
  5. Cabanac, Michel (2002). "What is emotion?". Behavioural Processes 60: 69–83. doi:10.1016/S0376-6357(02)00078-5. PMID 12426062. “There is no consensus in the literature on a definition of emotion. The term is taken for granted in itself and, most often, emotion is defined with reference to a list: anger, disgust, fear, joy, sadness, and surprise. [...] I propose here that emotion is any mental experience with high intensity and high hedonic content (pleasure/displeasure).”
  6. Lisa Feldman Barrett; Michael Lewis; Jeannette M. Haviland-Jones, eds. (2016)။ Handbook of emotions (Fourth ed.)။ New York။ ISBN 978-1-4625-2534-8OCLC 950202673
  7. Averill, James R. (February 1999). "Individual Differences in Emotional Creativity: Structure and Correlates" (in en). Journal of Personality 67 (2): 331–371. doi:10.1111/1467-6494.00058. ISSN 0022-3506. PMID 10202807.
  8. "The Affective Science Network: A Fieldwide Map of over 1 Million Citations" (in en) (2025-02-01). Affective Science 6 (2): 321–339. doi:10.1007/s42761-024-00292-8. ISSN 2662-205X. PMID 40605945.
  9. "Emotion" (1999). Annual Review of Psychology 50: 191–214. doi:10.1146/annurev.psych.50.1.191. PMID 10074678.
  10. "Emotion dynamics in children and adolescents: A meta-analytic and descriptive review" (2021). Emotion 22 (2): 374–396. doi:10.1037/emo0000970. PMID 34843305.
  11. "Social and Emotional Aging" (in en) (1 January 2010). Annual Review of Psychology 61 (1): 383–409. doi:10.1146/annurev.psych.093008.100448. ISSN 0066-4308. PMID 19575618.