စာစီစာကုံး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Michel de Montaigne ၏ စာစီစာကုံး

စာစီစာကုံးဆိုသည်မှာ မိမိရေးသားလိုသော အကြောင်းအရာကို ခေါင်းစဉ်နှင့် ကိုက်ညီစေရန် ပန်းကလေးများစီကုံးထားသဖွယ် ရေးသားခြင်းကို ခေါ်ဆိုသည်။[၁]

အကြောင်းအရာ တစ်ရပ်ကို ထင်ရှားပေါ်လွင်အောင် သဒ္ဒါနည်းမှန်စွာ၊ ပြေပြေပြစ်ပြစ် ရေးဖွဲ့ထားသော စာပင်ဖြစ်သည်။ ရေးသူ၏ အမြင်အတွေ့၊ အသိနှင့် အတွေးအယူအဆတို့ကို ဖေါ်ထုတ်ပြရသည်။ ကိုယ်ပိုင်စကားပြေ အရေးအသားဖြင့် အတတ်နိုင်ဆုံးဖတ်ကောင်းအောင် ကြိုးစားရေးရခြင်း ဖြစ်သည်။ [၂]

စာစီစာကုံး (Essay)[ပြင်​ဆင်​ရန်​]

သင့်တင့်လျောက်ပတ်စွာ စီကုံးရေးသားထားသောစာကို စာစီစာကုံးဟု ခေါ်သည်။ စာစီစာကုံးတစ်ခုတွင် နိဒါန်း၊ စာကိုယ် နှင့် နိဂုံး ဟူ၍ အပိုင်းသုံးပိုင်း ပါဝင်သည်။ သီးခြားအကြောင်းအရာ တစ်ခုနှင့်ပတ်သက်၍ စာကြီးပေကြီးဟန်မပါဘဲ ရိုးရိုးလေး အတိုအကျဉ်းအားဖြင့် ရေးသားတင်ပြသော စာစီကုံးမူတစ်ရပ် ဖြစ်သည်။ သဘောသကန်ကို သရုပ်ပေါ်လွင်ရုံမျှဖြစ်သည်။ မွန်တိမ်းစာစီစာကုံး(၁၀၅၈-၉၅)၊ ဘေကူးစာစီစာကုံး(၁၅၉၇) တို့မှာ စောစွာပေါ်ပေါက်သော စာစီစာကုံးများဖြစ်သည်။ ရေးသားသူ၏ ရှင်းလင်းတင်ပြချက်နှင့် ရည်ရွယ်ချက်ပေါ်လွင် ထင်ရှားလျှင် လုံလောက်ပြီဟု ယူဆကြသည်။ အစမ်းစာဟူ၍၎င်း၊ စာတမ်းစာဟူ၍၎င်း အချို့က ခေါ်တွင်ကြသည်။ [၃]

စာစီစာကုံး ရေးသားရာတွင် သတိထားရမည့် အချက်များ[ပြင်​ဆင်​ရန်​]

  1. ခေါင်းစဉ်နှင့် ကိုက်ညီရမည်။
  2. ခေါင်းစဉ်နှင့် ကိုက်ညီသော ရေးဟန် ရှိရမည်။
  3. ပေးထားသော ပုံကြမ်းအချက်နှင့် ကိုက်ညီရမည်။
  4. စာလုံးပေါင်း သတ်ပုံ မှန်ကန်ရမည်။
  5. ဝါကျဖွဲ့ထုံး မှန်ရမည်။
  6. စကားပြောဟန်ဖြင့် ရေးသားခြင်းကို ရှောင်ရမည်။
  7. မတိုလွန်း၊ မရှည်လွန်းသော အတိုင်းအတာ ရှိရမည်။[၄]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. လှသမိန်၏ ဗဟုသုတစွယ်စုံ
  2. ဦးရဲဝေ(မြန်မာစာ)၏ စာစီစာကုံးအရေးအသား
  3. လှသမိန်၏ ဗဟုသုတစွယ်စုံ
  4. ဦးရဲဝေ(မြန်မာစာ)၏ စာစီစာကုံးအရေးအသား