မာတိကာသို့ ခုန်သွားရန်

စာကြမ်းပိုး

ဝီကီပီးဒီးယား မှ

စာကြမ်းပိုး (စာဂျဘိုး) သို့မဟုတ် စာအုပ်ချစ်သူ သို့မဟုတ် စာရူး သို့မဟုတ် စာအုပ်ကြိုက်သူ (အင်္ဂလိပ်: Bibliophile) သည် စာအုပ်များကို ချစ်မြတ်နိုးပြီး မကြာခဏ ဖတ်ရှုလေ့ရှိသူ သို့မဟုတ် စုဆောင်းလေ့ရှိသူတစ်ဦးကို ဆိုလိုသည်။ စာကြမ်းပိုးဝါဒ (အင်္ဂလိပ်: Bibliophilia) သည် စာအုပ်များကို ချစ်မြတ်နိုးခြင်းဖြစ်သည်။

စာအုပ်ချစ်သူများသည် ကြီးမားပြီး အထူးပြုထားသော စာအုပ်စုစည်းမှုများ ပိုင်ဆိုင်လေ့ရှိသည်။ ၎င်းတို့သည် ရှေးဟောင်းထုတ်ဝေမှုများ၊ စာရေးဆရာ၏ လက်မှတ်ပါစာအုပ်များ သို့မဟုတ် သရုပ်ဖော်ပုံများပါသော စာအုပ်များကို အထူးတန်ဖိုးထားလေ့ရှိသည်။ စာကြမ်းပိုးဝါဒသည် စာအုပ်စုရောဂါ (အင်္ဂလိပ်: Bibliomania) နှင့် ကွဲပြားပြီး၊ စာအုပ်စုရောဂါသည် စာအုပ်များကို အလွန်အမင်း စွဲလမ်းစုဆောင်းခြင်းဖြစ်ပြီး လူမှုဆက်ဆံရေး သို့မဟုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ စာအုပ်ချစ်သူ ဟူသော ဝေါဟာရသည် ၁၈၂၀ ခုနှစ်မှ စတင်အသုံးပြုခဲ့ပြီး သမိုင်းတွင် လော့ဒ် စပင်ဆာ (Lord Spencer) နှင့် ဂျေ.ပီ.မော်ဂန် (J.P. Morgan) ကဲ့သို့သော ပုဂ္ဂိုလ်များသည် ၎င်းတို့၏ ကြီးမားသော စာအုပ်စုစည်းမှုများဖြင့် ထင်ရှားခဲ့သည်။

စာအုပ်ချစ်သူ၏ လက္ခဏာများ

[ပြင်ဆင်ရန်]

စာအုပ်ချစ်သူများသည် စာဖတ်ခြင်းကို နှစ်သက်ပြီး စာအုပ်များကို တန်ဖိုးထားလေးစားကာ စုဆောင်းလေ့ရှိသည်။ ၎င်းတို့သည် အောက်ပါစာအုပ်အမျိုးအစားများကို ပိုင်ဆိုင်လေ့ရှိသည်-

  • ယင်းတို့ ချစ်မြတ်နိုးသော စာအုပ်များ
  • ထူးခြားပြီး တန်ဖိုးရှိသည့် စာအုပ်များ
  • ရှေးကျသော ထုတ်ဝေမှုများ
  • ထူးခြားသော စာအုပ်ချုပ်လုပ်မှုများ
  • စာရေးဆရာ လက်မှတ်ပါစာအုပ်များ
  • သရုပ်ဖော်ပုံများပါစာအုပ်များ
    • မှတ်ချက် - စာကြမ်းပိုး ဟူသော ဝေါဟာရသည် မူလက စာအုပ်များကို စားသုံးသည့် အင်းဆက်ပိုးကောင်ကို ဆိုလိုသော်လည်း၊ ယခုအခါ စာဖတ်ခြင်းကို ဝါသနာပါသူများအတွက် အဓိပ္ပာယ်ပြောင်းလဲအသုံးပြုလျက်ရှိသည်။[] အစောပိုင်းကာလများတွင် ဤဝေါဟာရသည် အလုပ်ထက် စာဖတ်ခြင်းကို ပိုနှစ်သက်သည့် ပျင်းရိသူများကို ရည်ညွှန်းရာ၌ အဆိုးမြင်အဓိပ္ပာယ်သက်ရောက်ခဲ့သော်လည်း ယခုအခါ အပြုသဘောဆောင်သော အဓိပ္ပာယ်ဖြင့် အသုံးပြုလျက်ရှိသည်။[][][]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

စာအုပ်စုဆောင်းခြင်းသည် ရှေးရောမခေတ်ကတည်းက စတင်ခဲ့ပြီး ဆစ်ဆရို (Cicero) နှင့် အတ္တိကပ် (Atticus) ကဲ့သို့သော ပုဂ္ဂိုလ်များသည် စာအုပ်များကို စုဆောင်းခဲ့ကြသည်။[] စာအုပ်ချစ်သူ ဟူသော ဝေါဟာရသည် ၁၈၂၀ ခုနှစ်တွင် အင်္ဂလိပ်ဘာသာစကားသို့ စတင်ဝင်ရောက်ခဲ့သည်။[] ၎င်းသည် ၁၅၈၃ ခုနှစ်ကတည်းက အသုံးပြုခဲ့သော စာအုပ်သမား (Bookman) ဟူသော ဝေါဟာရထက် ပိုမိုသီးသန့်ဖြစ်သည်။ စာအုပ်သမားသည် စာဖတ်ခြင်း၊ စာရေးခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် စာအုပ်ရောင်းချခြင်းတွင် ပါဝင်သူကို ဆိုလိုသည်။[]

လော့ဒ် စပင်ဆာ နှင့် မားကွစ် အော့ဖ် ဘလန်းဖို့ဒ် (Marquess of Blandford) တို့သည် ထင်ရှားသော စာအုပ်ချစ်သူများဖြစ်သည်။ ၁၈၁၂ ခုနှစ်တွင် ရော့စ်ဘတ်ဂျ် စာအုပ်လေလံပွဲ (Roxburghe Sale) တွင် ၎င်းတို့၏ ယှဉ်ပြိုင်မှုကြောင့် ဘိုကတ်စီယို ၏ ဒီကမ်မရွန် (Decameron) စာအုပ်၏ ပထမမူတစ်အုပ်သည် ထိုအချိန်က မကြုံစဖူးသော ပေါင် ၂,၂၆၀ အထိ ဈေးတက်သွားခဲ့သည်။[] ထို့ပြင် ဂျေ ပီ မော်ဂန် သည် ၁၈၈၄ ခုနှစ်တွင် မိန့်ဇ် ဆမ်တာ (Mainz Psalter) ၏ ၁၄၅၉ မူတစ်အုပ်ကို ဒေါ်လာ ၂၄,၇၅၀ [](၂၀၂၁ ခုနှစ်တွက်ချက်မှုအရ ဒေါ်လာ ၇၇၂,၁၃၀.၉၂) ဖြင့် ဝယ်ယူခဲ့သည်။[၁၀]

ဆက်စပ်အကြောင်းအရာများ

[ပြင်ဆင်ရန်]
  • စာအုပ်စုဆောင်းခြင်း (Book Collecting)
  • စာအုပ်ကြောက်ရောဂါ (Bibliophobia)
  • အောက်စဖို့ဒ် တက္ကသိုလ် စာအုပ်ချစ်သူများအသင်း (Oxford University Society of Bibliophiles)
  • အမေရိကန်ပြည်ထောင်စု:
    • အမေရိကန် စာအုပ်ချစ်သူများ အဖွဲ့ချုပ် (Fellowship of American Bibliophilic Societies)
    • အမေရိကန်ရှိ ရှေးဟောင်းစာအုပ်ကုန်သွယ်မှု (Antiquarian Book Trade in the United States)
    • ဒက်ထရွိုက် စာအုပ်ကလပ် (The Book Club of Detroit)
    • ချီကာဂိုရှိ ကတ်စတန်ကလပ် (Caxton Club)
    • ဘော့စတွန်ရှိ အော့ဒ်ဗောလျူးမ်ကလပ် (The Club of Odd Volumes)
    • နယူးယောက်ရှိ ဂရိုလီယာကလပ် (Grolier Club)
    • စာအုပ်ချစ်သူများ စာပို့စာရင်း (Bibliophile Mailing List)

ဆင်တူဝေါဟာရများ

[ပြင်ဆင်ရန်]
  • အသံကြိုက်သူ (Audiophilia)
  • ရုပ်ရှင်ကြိုက်သူ (Cinephilia)
  • ရုပ်ပြကြိုက်သူ (Comicphilia)
  • သတင်းအချက်အလက်ကြိုက်သူ (Infophilia)
  • ရုပ်မြင်သံကြားကြိုက်သူ (Telephilia)
  • ဗီဒီယိုကြိုက်သူ (Videophilia)

ကိုးကား

[ပြင်ဆင်ရန်]
  1. Is 'bookworm' positive or negative?Merriam Webster။ June 18, 2019 တွင် ပြန်စစ်ပြီး။
  2. Bookwormsynonyms။ June 19, 2019 တွင် ပြန်စစ်ပြီး။
  3. Holzenberg, Eric. "The Bibliophile as Bibliographer". The papers of the Bibliographical Society of America. 104.4 (2010): 421–431.
  4. Carter, John, Nicolas Barker and Simran Thadani. 2016. John Carter's ABC for Book Collectors, p.45. Ninth ed. New Castle Delaware: Oak Knoll Press.
  5. Minters၊ Arthur H. (1979)။ Collecting Books for Fun and Profit။ New York: Arco Publishing Inc.။ ISBN 0-668-04598-1
  6. bibliophileMerriam-Webster Dictionary။ 2022-07-01 တွင် ပြန်စစ်ပြီး။
  7. bookmanMerriam-Webster Dictionary။ 2022-07-01 တွင် ပြန်စစ်ပြီး။
  8. Connell, Philip (2000). "Book Collecting: Cultural Politics, and the Rise of Literary Heritage in Romantic Britain". Representations 71: 24–47. doi:10.1525/rep.2000.71.1.01p00764. 
  9. The Inflation Calculator။ 17 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-06-20 တွင် ပြန်စစ်ပြီး။
  10. Basbanes၊ Nicholas (1995)။ A Gentle Madness: Bibliophiles, Bibliomanes, and the Eternal Passion for Books။ New York: Henry Holt။
  • Bulletin du Bibliophile (1834-). Published by the International Association of Bibliophilie.
  • de Bury, Richard. The Love of Books: The Philobiblon. Translated by E. C. Thomas. London: Alexander Moring, 1902.
  • Dibdin, Thomas Frognall. Bibliomania. New York: Henry G. Bohn, 1809.
  • Lang, Andrew. The Library. London: Macmillan & Co., 1881.
  • Rugg, Julie. A Book Addict’s Treasury. London: Frances Lincoln, 2006.

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]