စမ္ပကပုပ္ဖိယ၊ သောဘိဝဝဂ်

ဝီကီပီးဒီးယား မှ

အရှင်စမ္ပကပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဝေဿဘူမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

အရှင်စမ္ပကပုပ္ဖိယထေရ် သည် ရသေ့တစ်ပါး ဖြစ်နေချိန် ဖြစ်၏။ ထိုရသေ့သည် ဝေဿဘူမြတ်စွာဘုရား၏ ဉာဏ်တော်ကို ရည်မှန်းကာ ပန်းခုနစ်ပွင့်ကို လှူဒါန်းခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်တွင် ပန်းလှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ကိုးကမ္ဘာထက်တွင် “ဝိပုလာဘ” အမည်ဖြင့် စကြာမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်စမ္ပကပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သောဘိဝဝဂ်၊ စမ္ပကပုပ္ဖိယတ္ထေရအပဒါန်