ရှင်လောကဂုရု

ဝီကီပီးဒီးယား မှ
(စပါးကိုင်းဆရာတော် မှ ပြန်ညွှန်းထားသည်)

စပါးကိုင်းဆရာတော်(၁၂၄၀ - ၁၃၁+) သည် ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၂၄၀ ပြည့်နှစ်တွင် ဟင်္သာတမြို့အနီး ရွာကလေးရွာတွင် ဖွားမြင်ခဲ့သည်။ ရဟန်းပြုပြီးနောက် ၁၂၇၂ ခုနှစ်မှစ၍ ဟင်္သာတမြို့၊ ရွာကလေးကျောင်းတွင် သီတင်းသုံးရာမှ အင်းစိန်ခရိုင်၊ ဖလုံအနီး စပါးကိုင်းရွာ ပုဗ္ဗာရုံ ဇေတုဝတီကျောင်းသို့ ပြောင်းရွှေ့သီတင်းသုံးခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၃၁၄ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကျမ်းများ ပြုစုခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။

၁။ ဗုဒ္ဓသာသနဩဝါဒကထာကျမ်း (ပ၊ ဒု)၊

၂။ ရာဇသိပ္ပသတ္ထ၊

၃။ ဂဏသံဝါသပဋိက္ခေပဝိနိစ္ဆယ၊

၄။ ပါရာဇိကပဌမသိက္ခာပဒဝိနိစ္ဆယ၊

၅။ ဓုတင်္ဂဝိနိစ္ဆယ၊

၆။ ပရိယတ္တိသာသနာနုဂ္ဂဟပကာသနီ၊

၇။ သာသနပဇ္ဇောတဗုဒ္ဓမတညုဂဏရက္ခိတအဖွဲ့ကျမ်း၊

၈။ စက်ပရိတ်၊ ငရံ့မင်းပရိတ်၊ ရှင်သူငယ်ပရိတ်နိသျများ၊

၉။ ပရိမိတ္တဇာလသုတ်နိသျ၊

၁၀။ ဆဒိသာပါလသုတ်နိသျ၊

၁၁။ ဓာရဏပရိတ်ပါဌ်နိသျ၊ အာရက္ခပရိတ်ပါဌ်နိသျ၊

၁၂။ ရှင်ဥပဂုတ်ပရိတ်ပါဌ်နိသျ၊

၁၃။ မဟာသမယသုတ်အမွှန်း၊

၁၄။ သစ္စတ္ထဒီပနီ၊

၁၅။ ဂေါမံသမေတ္တာစာ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၆၁၊ ၁၆၂။