စန္ဒန
| ဦးစန္ဒန (ဖားအံ) | |
|---|---|
| ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
| ကျောင်းတိုက် | ကမော့ကစင်ရွာသစ်ကျောင်း |
| ဓမ္မအမည် | ဘဒ္ဒန္တစန္ဒန |
| ပုဂ္ဂိုလ်ရေးရာ | |
| နိုင်ငံသား/လူမျိုး | မြန်မာ/ကရင် |
| မွေးဖွား | စောစံတင့် ၁၄ အောက်တိုဘာ၊ ၁၉၂၆ တောင်ကြာအင်းရွာ၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ |
| ကွယ်လွန် | ၁၂ စက်တင်ဘာ၊ ၁၉၉၂ (အသက် ၆၅) ကမော့ကစင်ရွာသစ်ကျောင်း၊ ဘားအံမြို့၊ ကရင်ပြည်နယ် |
| မိဘ | ဦးဖိုးနေ၊ ဒေါ်မုသိန် |
| ရာထူး တာဝန် | |
| ဂုဏ်ဒြပ် | နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် |
| ဘာသာရေးရာ | |
| ဆရာ(များ) | ဆရာတော်ဦးဇဝန၊ ဆရာတော်ဦးကေတုမာလာလင်္ကာရ |
ဦးစန္ဒန (၁၉၂၆-၁၉၉၂) သည် ကရင်ပြည်နယ်မှ ထင်ရှားသော ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်ပြီး ကရင်စာပေနှင့် ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် အထူးကြိုးပမ်းခဲ့သူဖြစ်သည်။[၁]
ငယ်ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၉၂၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက် (မြန်မာသက္ကရာဇ် ၁၂၈၈ ခု တော်သလင်းလဆန်း ၈ ရက်) တွင် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရွာ၌ ဦးဖိုးနေနှင့် ဒေါ်မုသိန်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ဦးအနက် အငယ်ဆုံးသားဖြစ်ပြီး ငယ်နာမည်မှာ စောစံတင့် (အချို့မှတ်တမ်းများတွင် "တစ်လစ်" ဟုလည်း ခေါ်ဆို) ဖြစ်သည်။ [၂]
ပညာရေးကို တောင်ကြာအင်းရွာ ဆရာကြီးဦးဝင်းဖေ၏ မူလတန်းကျောင်းနှင့် ကော့ကရိတ်မြို့ရှိ ရှမ်းကြီးကုန်းကျောင်းတို့တွင် သတ္တမတန်းအထိ သင်ယူခဲ့သည်။
ရဟန်းဘဝ
[ပြင်ဆင်ရန်]၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် (မြန်မာသက္ကရာဇ် ၁၃၀၇ ခု တန်ဆောင်မုန်းလဆန်း ၁၅ ရက်) တွင် တောင်ကြာအင်းရွာကျောင်း၌ ဆရာတော်ဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ပရိယတ္တိစာပေများကို အောက်ပါဆရာတော်ကြီးများထံတွင် ဆည်းပူးခဲ့သည်:
- မော်လမြိုင်မြို့ ရတနာဘုံပျံကျောင်း - ဆရာတော်ဦးကေတုမာလာလင်္ကာရ (မြန်မာပြည်၏ ပထမဆုံး အဂ္ဂမဟာပဏ္ဍိတ)
- မန္တလေးမြို့ ထီးလင်းတိုက် - ဆရာတော်ဦးဝဇိရဗုဒ္ဓိ
- အိန္ဒိယနိုင်ငံ - ဟိန္ဒီ၊ သက္ကတနှင့် ပါဠိဘာသာများ (၁၉၅၉-၁၉၆၂)[၃]
သာသနာ့တာဝန်များ
[ပြင်ဆင်ရန်]ပညာရေး
[ပြင်ဆင်ရန်]- ၁၉၆၂-၁၉၇၄: မော်လမြိုင်တောင်စွန်းကျောင်းတွင် စာချဆရာအဖြစ်
- ၁၉၇၄-၁၉၉၂: ဘားအံမြို့ ကမော့ကစင်ရွာသစ်ကျောင်းတွင် ကရင်စာပေသင်ကြားရေး ဦးဆောင်
အဖွဲ့အစည်းဆိုင်ရာ
[ပြင်ဆင်ရန်]- ၁၉၇၉: သာသနာသန့်ရှင်းတည်တံ့ရေး ဘားအံမြို့နယ်ကိုယ်စားလှယ်
- ၁၉၈၀: ဘားအံမြို့နယ် သံဃနာယကအဖွဲ့ အတွင်းရေးမှူး
- ၁၉၈၀-၁၉၉၂: နိုင်ငံတော်ဗဟိုသံဃာ့နာယကအဖွဲ့ဝင်
အပြည်ပြည်ဆိုင်ရာ
[ပြင်ဆင်ရန်]၁၉၇၉ တွင် အိန္ဒိယနိုင်ငံ ဂျဗလ်ပူမြို့၌ ကျင်းပသော "ဗောဓိဓျာ" (ဗုဒ္ဓဘာသာအဖြစ်ခံယူပွဲ) သို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်
စာပေလက်ရာများ
[ပြင်ဆင်ရန်]ဆရာတော်သည် မန်းနဲစံ (ဘားအံ)[၄] ၊ စန္ဒန (ဘားအံ) ကလောင်အမည်များဖြင့် ကျမ်းပေါင်း ၁၁ ကျမ်းနှင့် ဝတ္ထု၊ ဆောင်းပါးများစွာ ရေးသားခဲ့သည်။ ဆရာတော်သည် ကရင်ဘာသာဖြင့် အိန္ဒိယပြည်၊ ကုသိနာရုံသမိုင်း၊ ဓမ္မပဒစကားပြေ၊ ဓမ္မစကြာနိဿယနှင့် ခက်ဆစ်အဖြေ၊ ဘိက္ခုပါတိမောက်၊ အနတ္တလက္ခဏာသုတ်စသော ကျမ်းများကို ရေးသားပြုစုခဲ့သည်။ မြန်မာဘာသာဖြင့်လည်း မင်္ဂလသုတ်နှင့် မင်္ဂလာဇာတ်တော်၊ ကုသိနာရာ၊ သစ္စာတိုင်ဓူဝေစသော ကျမ်းများကို ပြုစုခဲ့သည်။
ကရင်ဘာသာဖြင့်
[ပြင်ဆင်ရန်]- အိန္ဒိယပြည် ကုသိနာရုံသမိုင်း
- ဓမ္မပဒစကားပြေ
- ဓမ္မစကြာနိဿယနှင့် ခက်ဆစ်အဖြေ
- ဘိက္ခုပါတိမောက်
- အနတ္တလက္ခဏာသုတ်
မြန်မာဘာသာဖြင့်
[ပြင်ဆင်ရန်]- မင်္ဂလသုတ်နှင့် မင်္ဂလာဇာတ်တော်
- ကုသိနာရာ
- သစ္စာတိုင်ဓူဝေ
- ကရင့်ဖားစည်
- ဇွဲကပင်စေတီတော်သမိုင်း
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက် (မြန်မာသက္ကရာဇ် ၁၃၅၄ ခု တော်သလင်းလပြည့်ကျော် ၁၄ ရက်)၊ မွန်းလွဲ ၁၂:၂၀ နာရီတွင် ကမော့ကစင်ရွာသစ်ကျောင်း၌ သက်တော် ၆၆ နှစ်၊ ဝါတော် ၄၇ ဝါအရ ပျံလွန်တော်မူခဲ့သည်။
အခြား
[ပြင်ဆင်ရန်]ဆရာတော်၏ ကလောင်အမည်ကို အထိမ်းအမှတ်ပြုသည့် အနေဖြင့် ၃.၁၁.၂၀၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်တွင် မန်းနဲစံလမ်းကို အမှတ်(၁)ရပ်ကွက်၊ ဘားအံမြို့တွင် ကျင်းပဖွင့်လှစ်ခဲ့သည်။[၅]
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "ဆရာတော်ဦးစန္ဒနထေရုပ္ပတ္တိ ကျောက်စာတော်"၊ မဟာပညာ၊ May 18, 2025။
- ↑ "ဆရာတော်ဦးစန္ဒန (ဘားအံ)၏ ထေရုပ္ပတ္တိအကျဉ်း"၊ မဟာပညာ၊ September 25, 1992။
- ↑ "ဆရာတော်ဘဒ္ဒန္တစန္ဒန၏ ဘဝမှတ်တမ်း"၊ မဟာပညာ၊ September 25, 1992။
- ↑ "မာတိကာ"၊ Prometheus-Academic Collections၊ May 18, 2025။[လင့်ခ်သေ]
- ↑ "မန်းနဲစံ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်"၊ ဥပဒေရေးရာဝန်ကြီးဌာန၊ November 3, 2022။[လင့်ခ်သေ]