ရှင်ဝိမလ

ဝီကီပီးဒီးယား မှ
(စတုတ္ထမောင်းထောင်ဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်ဝိမလ (၁၂၀၆ − ၁၂၇၀) သည် “မောင်းထောင်ဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၂၀၆ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက် ဗုဒ္ဓဟူးနေ့တွင် အလုံမြို့၊မောင်းထောင်ကြီးရွာ၊ မှိုင်းသာရပ်တွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးဘိုးဂေါင်းနှင့် ဒေါ်ပု ဖြစ်သည်။

ငယ်စဉ်အခါက မောင်းထောင်ရွာကုန်းသာတိုက်ဆရာတော်ထံတွင် စာပေများ သင်ကြားခဲ့သည်။ ၁၅ နှစ်သားအရွယ်တွင် သာမဏေဝတ်ခဲ့သည်။ ထို့နောက် အရွယ်ရောက်သည့်အခါ ရဟန်းပြုခဲ့သည်။

ထို့နောက်တွင် မန္တလေးမြို့သို့ သွားရောက်က သုဓမ္မာသာသနာပိုင်ဆရာတော်ထံတွင် စာပေများ ဆည်းပူးခဲ့သည်။ ထို့ပြင် ရွှေကျင်သာသနာပိုင်ထံ၌လည်း ဆက်လက်ကာ ဆည်းပူးခဲ့သည်။

၁၂၄၆ ခုနှစ်တွင် သီပေါမင်းက “ဝိမလာလင်္ကာရ ကဝိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော် ကပ်လှူခဲ့သည်။ ထို့နောက်တွင် ရွှေကျင်သာသနာပိုင်ဆရာတော်နှင့်အတူ အောက်မြို့ကျေးရွာများသို့ လိုက်ပါကာ ၁၂၅၂ ခုနှစ်တွင် သုံးဆယ်မြို့၌ မောင်းထောင်တိုက်ကို စတင်တည်ထောင်ခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၇၀ ပြည့်နှစ်၊ ပြာသိုလဆန်း ၇ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ ကမ္မဝိနိစ္ဆယကျမ်း၊

၂။ စတုသစ္စပကာသနီကျမ်၊

၃။ မဓုဂုဠတ္ထဒီပနီကျမ်း၊

၄။ လက္ခဏာဒိဝိဘာဝနီနိသျ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၂၁၊ ၁၂၂။