စည်းတပြစ်
စည်းတပြစ်
[ပြင်ဆင်ရန်]စည်းတပြစ်သည် ရှေးမြန်မာမင်းတို့၏ လက်ထက် မင်းမှု ထမ်းရာထူးတစ်ခုနှင့် တွဲဖက်နေသော ဘွဲ့အမည်ဖြစ်၏။ စည်း တပြစ်ကို စဉ်းတပြစ်ဟူ၍လည်း ရေးသားသည်။ စည်းတပြစ်မှာ စန္ဒပဇ္ဇောတသဒ္ဒါကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ပန္ဒပဇ္ဇော တမင်းဟူ၍ ဥဇ္ဇေနီပြည်တွင် ယာဉ်လျင် ၅ ငါးပါး ရသော မင်းတစ်ပါးရှိခဲ့ကြောင်းကို ဓမ္မပဒအဋ္ဌကထာတွင် ဖော်ပြထား လေသည်။ ယင်းစန္ဒမဇ္ဇောတ၏ အနက်မှာ လ၏ အရောင်း ကဲ့သို့ ထွန်းလင်းသောသူဟု ဝေါဟာရ လိနတ္ထဒီပနီတွင် ပြဆို ထား၏။
စည်းတပြစ်အမည်ကို စတင်ပေးထားသည့် အချိန်ကာလ ကိုမူ အတိအကျမသိရပေ။ သို့သော် မဟာရာဇဝင်တွင်'မင်းကြီး စွာစော်ကဲကား သက္ကရာဇ် ၇၃ဝ ပြည့်နှစ်တွင် နန်းတက်တော်မူ သည်။ နန်းတက်တော် မူသောအခါ၊ နေတော်မူသော ကန္နား တော်နှင့် ထိလျှင်ဗေါင်းတော်ကျွတ်၍ မြေသို့ကျလေ၏။ မင်း ကြီးစွာလည်း ဗေါင်းတော်ကို စွပ်ပြန်၍ ထန်းရွက်ယပ်ကို ကိုင် တော်မူလျက်၊ နန်းတက်တော်မူ၏။ ထိုအကြောင်းကို ပညာရှိ စည်းတပြစ်ကြီးမြင်လသော်၊ ဘုန်းတော်ကြီးလှသောဘုရား ဗေါင်းတော်ကျွတ်သည်အလိုကား၊ ဗေါင်းဖျင်သိမ်းတော်မမူ နိုင်အောင် သက်တော်ရှည်မည်။ ယပ်ကိုင်၍ တက်တော်မူသည် အလိုကား၊ ပြည်ထဲ ချမ်းငြိမ်းသာယာအံ့သည်ဟူ၍ နားတော် လျှောက်၏။ မင်းကြီးစွာလည်း အားရတော်မူ၍ စည်းတပြစ် ကြီးကို ဆင်မတစ်စီးဆုပေးတော်မူ၏။' ဟူ၍ တွေ့ရသည်။
ယင်းကို ထောက်သော် သက္ကရာဇ် ၇၃ဝ ပြည့်နှစ်မတိုင်မီကပင်
စည်းတပြစ်အမည်ရှိနှင့်နေသည်ဟု ဆိုနိုင်ပေသည်။ မြန်မာနိုင်ငံသမိုင်း
အင်းဝခေတ် မင်းကြီးစွာစော်ကဲလက်ထက်တွင်သာ စည်းတပြစ်ရာထူးဘွဲ့အမည်
အကြောင်းကိုတွေ့ရ၍၊ ထိုခေတ်မတိုင်မီနှင့် ထိုခေတ်နောက်ကာ
လများတွင် မတွေ့ရချေ။ သို့သော်ထိုရာထူးမှာ ပုဂံခေတ်၊
စစ်ကိုင်းခေတ် လောက်ကစ၍ နိုင်ငံသမိုင်းတစ်လျှောက်
ရှိနေခဲ့ပြီးဖြစ်လိမ့်မည်ဟု မှန်းဆရသည်။
မဟာရာဇဝင်ကြီး၌ပင်၊ 'ဘုရင်မင်းကြီးစွာလည်း ဝန်ဇင်း အသည်သား လျှောက်သောစကားသည် ငါ့ကိုယ်တော်ရေး သာမဟုတ်၊ သားတော်အစဉ် မြေးတော်အဆက် မြစ်တော် အညွန့်တိုင်အောင် အကျိုးတော်များမည်အကြောင်းကို လျှောက် ပေသည်ဟု စည်းတပြစ်ကြီး မရှိသည်ဖြစ်၍ စည်းတပြစ်အမည် နှင့် အဆောင်အယောင်ပေးတော်မူ၏။ ဆင်ပေါက်တစ်စီး၊ ရွှေဖလားတဆယ်သားခုတ်ပေးတော်မူ၏'ဟု တွေ့ရသည်။ ဘိုးရာဇာ
ထို့ပြင် သက္ကရာဇ် ၁၁၄၃ခုနှစ်တွင် ရှင်စန္ဒလင်္ကာ သူမြတ် ပြုစုအပ်သော မဏိရတနာပုံကျမ်း၊ မင်းရာဇာ၏ အကြောင်းတွင် 'နှလုံးကောင်း လက်ရုံးကောင်းကို ချစ်ခင်မြတ် နိုးလှအပ်သည်ဟု ဆုလာဘ် များစွာ သနားတော်မြတ်ခံစေ၍ စည်းတပြစ်ဟူသော အမတ်လတ်တို့အမည်နှင့် သူကောင်းပြု တော်မူပြီးလျှင် အင်းဝပြည်သို့ခေါ်ယူတော်မူခဲ့သည်ဟု အစဉ် ပြောထုံးရှိသည်'ဟူ၍ တွေ့ရ၏။ ယင်းသို့ မင်းကြီးစွာလက် ထက် ပထမစည်းတပြစ်ကြီး၏ နိမိတ်ဖတ်မှုအတွက် ဆင်မ တစ်စီး ဆုချခြင်းကို ထိုစည်းတပြစ်ကြီး မရှိသည့်နောက် ဝန်ဇင်း အသည်ကဲ့သို့ ပညာဉာဏ်ရှိသူအား စည်းတပြစ်အမည် ပေးခြင်း၊ ဆင်ပေါက်ဆုချ ခြင်းတို့အပြင် မင်းကြီးစွာစော်ကဲ လက်ထက်၌ ပြည်ရေး၊ ပြည်ရာ၊ သားတော်သမီးတော်တို့အရေး များကို စည်းတပြစ်အား တိုင်ပင်ခြင်း၊ စည်းတပြစ်၏ တင် လျှောက်ချက်တို့ကို နာယူဆောက်ရွက်ခြင်းတို့ကို ထောက်ထား ၍ စည်းတပြစ်ဘွဲ့ရရှိသော အမတ်တို့မှာ ဘုရင်မင်းမြတ်၏ အတိုင်အပင်အများဆုံး ခံရသောသူ ဖြစ်မည်ဟု ယူဆဖွယ်ရှိ၏။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)