စစ်အေး (ရဲမှူးကြီး)
ရဲမှူးကြီး (ငြိမ်း) သီရိပျံချီ၊ ဦး စစ်အေး | |
|---|---|
| အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၃ ဩဂုတ် ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ယခင်လူ | ဌေးအောင် |
| ဆက်ခံသူ | လွင်ဦး |
| ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီလ ၂၀၂၃ – ၃ ဩဂုတ် ၂၀၂၃ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ယခင်လူ | ဒေါက်တာ မောင်မောင်နိုင် |
| ဆက်ခံသူ | အောင်သော် |
| နိုင်ငံတော်သမ္မတ ၏ ဥပဒေအကြံပေးအဖွဲ့ခေါင်းဆောင် | |
| တာဝန်သက်တမ်း ၂၀၁၁ – ၂၀၁၆ | |
| ခန့်အပ်သူ | ဦးသိန်းစိန် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၈ မတ်၊ ၁၉၄၅ |
| လူမျိုး | မြန်မာ |
| အလုပ်အကိုင် | ရဲဝန်ထမ်း(အငြိမ်းစား) |
| ဆုတံဆိပ်များ |
|
ဦးစစ်အေး (၁၈ မတ် ၁၉၄၅ မွေးဖွား) သည် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အငြိမ်းစား ရဲမှူးကြီး တစ်ဦး ဖြစ်သည်။ထိုရာထူးမတိုင်မီက ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃ ရက်နေ့အထိ တာဝန်ယူခဲ့သည်။
အရာထမ်းဘဝ
[ပြင်ဆင်ရန်]ဦးစစ်အေးသည် ရဲမှူးကြီးဘဝတွင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်အဖြစ် ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၄ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၁] ထို့ပြင် ၎င်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
တာဝန်ထမ်းဆောင်ခဲ့သည်များ
[ပြင်ဆင်ရန်]သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ [၂]
၂၀၂၁ နောက်ပိုင်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ၏ အဖွဲ့ဝင် အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခန့်အပ်ခဲ့သည်။ [၃] ထိုနှစ်ထဲမှာပင် ၎င်းသည် ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် တာဝန်ထမ်းဆောင်နေရင်း ကာကွယ်ရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ်ခံရသည်။[၄] [၅]
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခဲ့သည်။ [၆]
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲ တာဝန်ပေးခံရသည်။ [၇] ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် ကာလုံကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အသစ်ဖွဲ့စည်းလိုက်ရာ ရာထူးမှ အနားယူခဲ့ပြီး၊ ဦးလွင်ဦးက ဥက္ကဋ္ဌ ရာထူးကို ဆက်ခံခဲ့သည်။
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၁၉ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် က ၎င်းအား ဝဏ္ဏကျော်ထင်ဘွဲ့ ကို လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက် တွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့တို့ကို လည်းကောင်း အသီးသီး အပ်နှင်းချီးမြှင့်သည်။[၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သော အဖွဲ့ခေါင်းဆောင်များ။ MFIU။ 13 August 2025 တွင် ပြန်စစ်ပြီး။
- ↑ သမ္မတ အကြံပေးအဖွဲ့ ဖွဲ့။ VOA။ 15 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များခန့်အပ်တာဝန်ပေးခြင်း။ Ministry of Information။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၅ / ၂၀၂၂။ MWD Webpotral (၁၉ နိုဝင်ဘာ ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင်ကို ဘယ်သူတွေအကြံပေးနေလဲ။ ဘီဘီစီမြန်မာပိုင်း။ 15 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေး။ NPE MOI။ 13 August 2025 တွင် ပြန်စစ်ပြီး။
- ↑ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ ၁၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀ / ၂၀၂၅။ Ministry of Information။ 17 August 2025 တွင် ပြန်စစ်ပြီး။