စစ်ရောက်မှ မြားချွန်

ဝီကီပီးဒီးယား မှ

စစ်ရောက်မှ မြားချွန် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ရန်သူ[စစ်တပ်] ချီတက်ရောက်ရှိလာမှ [မြား]ချွန်သကဲ့သို့ ရင်ဆိုင်ရမည့်အရေးကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ပက်ပင်းပါ ကြုံတွေ့လာခါမှ ပြင်ဆင်မှုစတင် ပြုလုပ်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "သူမိုက်တို့ဉာဏ်ပေါက်မှာ၊ စစ်ရောက်မှ မြားချွန်၊ မိုးလွန်မှ ထွန်ချငြား၊" [၁၁၈၀] ဥက္ကံ။ ၂၅။

ဆိုလိုရင်တူညီသောအခြားစကားပုံ[ပြင်ဆင်ရန်]

  • ကျားလိုက်မှ တုတ်ခုတ် ဟူ၍လည်း အသုံးရှိသည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၂။