စစ်မရောက်မီ မြားကုန်

ဝီကီပီးဒီးယား မှ

စစ်မရောက်မီ မြားကုန် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

စစ်မရောက်ခင်ကပင် အစိုးရိမ်ကြီးကာ ကြိုတင်စမ်းသပ်ရင်း မြားကုန်နှင့်သကဲ့သို့ လုပ်ရမည့် အလုပ်တစ်ခုကို မလုပ်မီကပင် အစိုးရိမ်ကြီးကာ အခက်အခဲများကို တွေးတောရင်း အားကုန်နှင့်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "လောင်းချာဧကန်၊ မြတ်ဆုပန်ကို၊ ကြံလိုစိတ်တွင်၊ ဆင်ခြင်သလောက်၊ စစ်မရောက်ခင်က၊ လမ်းထောက်တန့်စား၊ ကုန်လေသည့် မြားငယ်သို့၊ စကားကြိုဆို၊ မာယာတော်ပိုလှတယ်။ [၁၂၁၅-ခန့်] ဝံသ၊ ပ။ ၁၉၁။
  • "စစ်မရောက်မီ မြားကုန်သောသူကဲ့သို့ အမှုမဖြစ်ခင်က ကြိုတင်၍ ငိုချင်သော ..." [၁၂၇၉] စံသိုက်၊ ပ။ ၁၂၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၆၂။