စစ်စလီကြီး

ဝီကီပီးဒီးယား မှ
(စစ်စလီဘေးကြား မှ ပြန်ညွှန်းထားသည်)
စစ်စလီကြီး
(အင်္ဂလိပ်: Fulvous Whistling Duck)
Adult at the Wilhelma zoological and botanical gardens in Stuttgart
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Anseriformes
မျိုးရင်း: Anatidae
မျိုးရင်းသေး: Dendrocygninae
မျိုးစု: Dendrocygna
မျိုးစိတ်:
D. bicolor
ဒွိနာမ
Dendrocygna bicolor
(Vieillot, 1816)
       Approximate breeding range

စစ်စလီကြီး (အင်္ဂလိပ်: Fulvous whistling duck) ဆိုသည်မှာ ခန္ဓာကိုယ် အထူးသဖြင့် ခြေထောက်များ ပို၍ကြီးမားသော စစ်စလီ ဘဲမျိုးပင်ဖြစ်သည်။ စစ်စလီကြီး၏ သတ္တဗေဒ(ပါဏဗေဒ‎) အမည်မှာ 'ဒင်ဒရို စိုင်နာ ဗိုင်ကာလာ' ဖြစ်သည်။ စစ်စလီကြီးကို အမေရိကတိုက်တောင်ပိုင်းနှင့် အလယ်ပိုင်း၊ အာဖရိကတိုက်၊ အိန္ဒိယ၊ မြန်မာနှင့် သီဟိုဠ် နိုင်ငံများတွင် တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ် အလယ်ပိုင်းနှင့် စစ်တောင်းမြစ်ဝှမ်းများ၌ အမြဲနေ၍ တောင်ပိုင်းရှမ်းပြည်တွင်လည်း တွေ့ရတတ်သည်။ ခန္ဓာအရှည် အလျားလက်မ ၂ဝ ခန့်ရှိသည် ရှိသည်။ ခေါင်း၊ နှုတ်သီးနှင့် ခြေထောက်များ ကြီးမားသောကြောင့် အချိုးအစား မပြေပြစ်လှချေ။ တစ်ကိုယ်လုံး၏အရောင်မှာ သစ်ကျားခွံရောင် ပင်ဖြစ်သော်လည်း၊ ကိုယ်အထက်ပိုင်းသည်နက်၍ သစ်ကျားခွံရောင် အစင်းများရှိသည်။ တောင်ပံနက်၍ အမြီးဖြူသည်။ ပျံသန်းရာတွင် သန်မာ၍ လျင်မြန်သည်။ ဇွန်လမှ စက်တင်ဘာလအတွင်း သားပေါက်သည်။ အသိုက်မှာ စစ်စလီ၏ အသိုက်နှင့်တူသည်။ တစ်မြုံလျှင် ၆ ဥမှ ၈ ဥအထိရှိသည်။ ဥခွံရောင်မှာ ဖြူဖွေး၍ ချောမွတ်သည်။ စစ်စလီကြီးများသည် လူကိုကြောက်ရွံ့တတ်သဖြင့် ရွာအနီးရှိ ရေအိုင်၊ ချောင်းမြောင်းများသို့ လာလေ့မရှိချေ။ အလေ့အကျင့်မှာ သာမန် စစ်စလီနှင့် အတူတူပင်ဖြစ်သည်။ ပျံသန်းနေစဉ် စူးရှစွာ လေချွန်တတ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Dendrocygna bicolor" (2016). IUCN Red List of Threatened Species 2016. doi:10.2305/IUCN.UK.2016-3.RLTS.T22679746A92827620.en. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)။