စစ်စတီစကိုးစစ်

ဝီကီပီးဒီးယား မှ
စစ်စတီစကိုးစစ်
ဦးနှောက်နှင့်အာရုံကြော စစ်စတီစကိုးစစ် ရောဂါဖိစီးနေသူ တစ်ဦး၏ ဦးနှောက်အတွင်းတွင် စစ်တ် ( cysts ) များစွာ ရှိနေပုံကို (အဲမ်အာရ်အိုင်ခေါ် သံလိုက်ဓာတ်သုံး တုံ့ပြန်အသံ (MRI) ရုပ်ပုံ မှပြသသည်။
အထူးပြုကူးစက်ရောဂါ Edit this on Wikidata

စစ်စတီစကိုးစစ် (အင်္ဂလိပ်: Cysticercosis) ဆိုသည်မှာ ဝက်များတွင် ရှိသော သံကောင် (တုတ်ကောင်)(တုတ်ပြားကောင်)၏တုတ်ကောင်ပေါက်လေးများ(cysticercus)သည် လူ၏ ခန္တာကိုယ်တစ်သျှူး တွင်းသို့ ကူးစက်ဖြစ်ပွားမှု (Taenia solium) ဖြစ်သည်။[၁][၂] လူများတွင် နှစ်ပေါင်းများစွာ ရောဂါလက္ခဏာ အနည်းအကျဉ်းမျှသာပြသခြင်း သို့မဟုတ် လုံး၀ မပြဘဲနေခြင်း များဖြစ်တတ်သည်။ အရေပြားနှင့် ကြွက်သားများတွင် နာကျင်မှုမရှိသော တစ်စင်တီမှ နှစ်စင်တီမီတာခန့်ရှိ အတုံးလိုက်အဖုအကျိတ် ဖြစ်ပေါ်နိုင်သည် သို့မဟုတ် ဦးနှောက်တွင် ထိခိုက်မှုရှိခဲ့ပါက နျူရို စစ်စတီစကိုးစစ် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ (ထိခိုက်မှုဆိုင်ရာ)အသွင်အပြင်လက္ခဏာများ ပြတတ်သည်။ [၃][၄] နှစ်၊ လ၊ ရှည်ကြာလာသော် ယင်းအဖုအကျိတ်များသည် နာကျင်လာခြင်း ရောင်ရမ်းလာခြင်းဖြစ်နိုင်သော်လည်း ပြန်ပျောက်သွားတတ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ယင်းသည် တက်ခြင်း seizure၏ အခြေခံအကြောင်းရင်းတစ်ခုဖြစ်သည်။ [၃]

ဖြစ်ပေါ်ရခြင်းအကြောင်းရင်းနှင့် ရောဂါ ပိုင်းခြားသတ်မှတ်ခြင်း[ပြင်ဆင်ရန်]

သံကောင်(တုတ်ကောင်)ဥများပါဝင်သော အစားအစာနှင့် ရေတို့ကို စားသောက်မိခြင်းများကြောင့် အဖြစ်များတတ်သည်။ မချက်ပဲအစိမ်းစားသော ဟင်းသင်းဟင်းသီးဟင်းရွက်များသည် အဓိကအကြောင်းရင်းများဖြစ်သည်။[၂] သံကောင်ပိုး ဥများသည် သံကောင်ရောဂါရှိသူ ဝေဒနာရှင်၏ မစင်မှ လာခြင်းဖြစ်သည်။ ယင်းရောဂါအခြေအနေကို တယ်နီအဲစစ် (taeniasis) ဟုခေါ်သည်။ [၃][၅] တယ်နီအဲစစ်သည် သီးခြားရောဂါတစ်ခုဖြစ်ပြီး စိတ်ချလောက်အောင် သေချာစွာချက်မထားသော လုံလောက်စွာမကျက်သေးသော ဝက်သား ၏ စစ် တ်(cysts )ကို စားခြင်းမှဖြစ်ပေါ်သည်။ [၂] တုတ်ကောင် (သံကောင်)ရောဂါရှိသောသူများနှင် အတူတကွနေထိုင်သူများသည် စစ်စတီ စကိုးစစ် ရောဂါဖြစ်ရန် အလားအလာပိုများသည်။ [၅] ရောဂါ ရှိမရှိစစ်ရန် စစ်တ်အကျိတ်ကို သေးငယ်သောအပ်ဖြင့် ထိုးဖောက်စုပ်ယူစစ်ဆေးခြင်း ဖြင့် ရောဂါပိုင်းခြားဆုံးဖြတ် သိရှိနိုင်သည်။ [၃] ဦးနှောက်တွင်း ရောဂါထိုးဖောက်ဝင်ရောက်မှု ရှိမရှိ စစ်ရန် စီတီ(CT) သို့မဟုတ် အဲမ်အာရ်အိုင်စက်ဖြင့် ဦးနှောက်အား ဓာတ်ပုံများရိုက်ယူခြင်းသည် အသုံးအကျဆုံးဖြစ်သည်။ ဦးနှောက်ပိုင်း ကျောရိုးအရည်cerebral spinal fluid နှင့် သွေးများတွင် အီအိုစီနီဖီးလ်စ်(eosinophils) ခေါ် သွေးဖြူဥများ ပိုမိုတိုးပွားလာမှု များကိုလည်း ညွှန်ပြလက္ခဏာများအဖြစ် အသုံးပြုလေ့ရှိသည်။ [၃]

ကြိုတင်ကာကွယ်ခြင်းနင့် ကုသမှု[ပြင်ဆင်ရန်]

ကူးစက်မှုမှ ကာကွယ်ရန် တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် အထွေထွေသန့် ရှင်းစင်ကြယ်မှုတို့ဖြင့် ထိရောက်စွာကာကွယ်နိုင်သည်။ ယင်းတို့တွင် ဝက်သားကို (ပိုးများသေသေည်အထိ) လုံလောက်စွာ စိတ်ချရလောက်သည်အထိ ကျက်အောင်ချက်ခြင်း၊ ကျန်းမာရေးနှင့် ပြည့်စုံသော(ရေလောင်း) အိမ်သာများရှိခြင်း နှင့် သန့်ရှင်းသော သောက်သုံးရေများ ရရှိသုံးစွဲနိုင်ခြင်းတို့ဖြစ်သည်။ ရောဂါပြန့်ခြင်းမှကာကွယ်ရန် အလို့ငှာ တယ်နီအဲစစ်( taeniasis) ဝေဒနာရှင်များကို ကုသရန် အရေးကြီးသည်။ [၂] ဦးနှောက်နှင့် အာရုံကြောသို့ မထိခိုက်သော ရောဂါများကို ကုသရန် လိုအပ်ချင်မှ လိုအပ်ပေမည်။ [၃] နျူရိုစစ်စတီစကိုးစစ် ရောဂါ ရှိသူများကို ပရဇိကွမ်တဲလ်(praziquantel) သို့မဟုတ်အာလ်ဘဲန်ဒါဇိုးလ်(albendazole) ဆေးဝါးများဖြင့် လည်း ကုသတတ်သည်။ Steroids, စစ်တ်အကျိတ်များကို ခွဲစိတ်နည်းဖြင့်လည်း ခွဲထုတ်တတ်သည်။[၂]

ရောဂါဆက်စပ်၊ ဖြစ်ပျက်၊ ကူးစက်ပြန့်ပွားမှု[ပြင်ဆင်ရန်]

ဤ ဝက်မှ လာသောတုတ်ကောင်များကို အထူးသဖြင့် အာရှတိုက်၊ အာဖရိကတိုက် ဆဟာရဒေသဝန်းကျင်နှင့် လက်တင်အမေရိကနိုင်ငံများ တို့တွင် တွေ့ ရှိရသည်။ [၃] အချို့ ဒေသများတွင် လူဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့်အထိ ဤသံကောင် ရောဂါရှိသည်ဟု ယူဆကြသည်။ [၃] တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဤရောဂါသည် အလွန်မှ ရှားပါးသည်။ <refname=Bob2014/> ကမ္ဘာတလွှား ၁၉၉၀ အထိ သေဆုံးခဲ့မှု ၇၀၀ ခန့်ရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်အထိ ဤသံကောင်ရောဂါကြောင့် သေဆုံးမှု ၁၂၀၀ ခန့်ရှိသည်။ [၆] စစ်စတီစကိုးစစ်သည် ဝက်နှင့် နွားများတွင်လည်း ဖြစ်ပွားတတ်သော်လည်း ၎င်းတို့သည် အများအားဖြင့် သက်တမ်းတိုသဖြင့် ရောဂါလက္ခဏာအသွင်အပြင် ပြခဲလှသည်။ [၂] ဤ ရောဂါသည် လူသား များတွင် သမိုင်းအစဉ် တစ်လျှောက်လုံးတွင် ဖြစ်ပွားခဲ့သည်။ [၇] ယင်းရောဂါသည် လျစ်လျူရှု ခံရသော အပူပိုင်းဒေသဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သည်။[၈]

ကိုးကား ရည်ညွှန်း စာရွက်စာတမ်းများ[ပြင်ဆင်ရန်]

  1. Roberts၊ Larry S.; Janovy, Jr.၊ John (2009)။ Gerald D. & Larry ယ= S. Roberts' Foundations of Parasitology (8 ed.)။ Boston: McGraw-Hill Higher Education။ pp. 348–351။ ISBN 978-0-07-302827-9
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ [http://www.who.int/mediacentre/factsheets/fs376/en/ Taeniasis/Cysticercosis Fact sheet N°376]။ World Health Organization (February 2013)။ 18 March 2014 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ ၃.၇ García HH, Gonzalez AE, Evans CA, Gilman RH (August 2003). "Taenia solium cysticercosis". Lancet 362 (9383): 547–56. doi:10.1016/S0140-6736(03)14117-7. PMID 12932389. PMC:3103219. 
  4. {{cite journal |author=García HH, Evans CA, Nash TE, etal. |title=Current consensus guidelines for treatment of neurocysticercosis |journal=Clin. Microbiol. Rev. |volume=15 |issue=4 |pages=747–56 |date=October 2002 |pmid=12364377 |pmc=126865 |doi=10.1128/CMR.15.4.747-756.2002 |url=http://cmr.asm.org/cgi/pmidlookup?view =long&pmid=12364377 }}[လင့်ခ်သေ]
  5. ၅.၀ ၅.၁ CDC - Cysticercosis
  6. Lozano R, Naghavi M, Foreman K, et al. (December 2012). "Global and regional mortality from 235 causes of death for 20 agegroups in 1990 and 2010: a systematic analysis for the Global Burden of Disease Study 2010". Lancet 380 (9859): 2095–128. doi:10.1016/S0140-6736(12)61728-0. PMID 23245604. 
  7. Bobes RJ, Fragoso G, Fleury A, et al. (April 2014). "[http://linkinghub.elsevier.com/retrieve/pii/S1567- 1348(14)00053-7 Evolution, molecular epidemiology and perspectives on the research of taeniid parasites with special emphasis on Taenia solium]". Infect. Genet. Evol. 23: 150–60. doi:10.1016/j.meegid.2014.02.005. PMID 24560729. 
  8. Neglected Tropical Diseases (June 6, 2011)။ 28 November 2014 တွင် ပြန်စစ်ပြီး။