စစ်ကိုင်းမုန့်ပေါင်းပွဲတော်

ဝီကီပီးဒီးယား မှ

စစ်ကိုင်းမုန့်ပေါင်းပွဲတော်သည် စစ်ကိုင်းမြို့၊ ထားဝယ်ဈေးရပ်၊ ဝေဠဝန်ငါးထပ်ကြီးဘုရားရှေ့ လမ်းမတန်းတွင် နှစ်စဉ် နတ်တော်လပြည့်နေ့ည၌ မုန့်ပေါင်းပွဲဈေးတန်းခင်းကျင်း ရောင်းချသည်။

စစ်ကိုင်းမြို့ အခေါ် မုန့်ပေါင်းပွဲတွင် ငါးထပ်ကြီးဘုရားအနီး ရပ်ကွက်များမှ မုန့်ပေါင်းပြုလုပ်ရောင်းချသူများ လာရောက်ရောင်းချရာ နတ်တော်လပြည့်နေ့တွင် ညနေ (၃)နာရီခန့်မှ စတင်စည်ကားသည်။ မုန့်ပေါင်း ရောင်းချသူ (၅၀)ကျော်မျှ ရှိသည်။ မုန့်ပေါင်းတင်မက အကြော်ရောင်းသူများလည်း လာရောက်ရောင်းချသည်။

ရောင်းချသည့် မုန့်ပေါင်းသည် အားလုံးနီးပါးမှာ ရှေးက မြေပေါင်းအိုးများဖြင့်သာ ပေါင်း၍ ရောင်းချသော်လည်း ယခုအခါ ဆယ်ပိဿာဝင် သံဖြူပုံးများကို ပေါင်းခံအိုးအဖြစ် အသုံးပြုကာ မုန့်ပေါင်းပြုလုပ် ရောင်းချကြသည်။ ရှေးကတည်းက နတ်တော်လပြည့်ညတွင် ပြုလုပ်ရောင်းချခဲ့သည့် ဓလေ့ရှိခဲ့ရာ လွန်ခဲ့သော ဆယ်စုနှစ်ဝန်းကျင်မှ စတင်၍ လပြည့်ကျော် တစ်ရက်နေ့ ညပိုင်းမှာပါ ရောင်းချမှု ရှိလာသည်။ နတ်တော်လပြည့်ညတွင် ရိုးရာဓလေ့ မုန့်ပေါင်းပွဲတော်ညဖြစ်သဖြင့် စည်ကားသော်လည်း လပြည့်ကျော်တစ်ရက်နေ့တွင် ရောင်းချသူရော ဝယ်ယူသူပါ နည်းလာသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်၊ (၅.၁၂.၂၀၁၇)စာ-၁၉