စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်
| စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် Sagaing PDF | |
|---|---|
စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အမှတ်တံဆိပ် | |
| ခေါင်းဆောင် | စုပေါင်းဖွဲ့စည်းမှု |
| စတင်လှုပ်ရှားခြင်း | ၁၈ ဇူလိုင် ၂၀၂၁ – လက်ရှိ |
| ဌာနချုပ် | စစ်ကိုင်းတိုင်းဒေသကြီး |
| လှုပ်ရှားနယ်မြေ | စစ်ကိုင်းတိုင်းဒေသကြီး |
| အရွယ်အစား | မထုတ်ပြန် |
| မဟာမိတ် | |
| ပြိုင်ဘက်များ | |
| စစ်ပွဲနှင့် တိုက်ပွဲများ |
|
စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (အင်္ဂလိပ်: Sagaing People's Defence Force၊ အတိုကောက် Sagaing PDF ) သည် မြန်မာနိုင်ငံရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။[၁]၎င်းအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ကာကွယ်ရေးဝန်ကြီးဌာန၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် မပါဝင်ဘဲ သီးခြားအုပ်ချုပ်ရေးနှင့် သီးခြားစစ်ရေးဖွဲ့စည်းပုံဖြင့် လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့တစ်ခုလည်း ဖြစ်သည်။
သမိုင်းအကျဉ်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် တွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည့် လူငယ်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ သွားရောက်၍ စစ်ပညာသင်ကြားခဲ့ကြသည်။
စစ်ပညာသွားရောက်သင်ကြားခဲ့ကြသည့် လူငယ်များဦးဆောင်ပြီး Sagaing PDF ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၈ ရက် တွင် စတင် စုဖွဲ့ခဲ့ကြသည်။စတင်စုဖွဲ့ချိန် Sagaing PDF ဖြစ်လာမည့် အမြုတေ ရဲဘော်များသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်မဟာ ၈ သင်တန်း၌ တက်ရောက်ခဲ့ကြသူများဖြစ်ပြီး၊ဆက်လက်၍ စစ်ကိုင်းတိုင်းအတွင်းတွင် ဆင့်ပွားသင်တန်း၊ အခြေခံစစ်ပညာသင်တန်းဖြင့် တပ်ဖွဲ့ကို တိုးချဲ့ခဲ့ကြခြင်းဖြစ်သည်။
စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် သည် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ထဲမှ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် နီးကပ်သည့် ဆက်ဆံရေးအား ထားရှိကာ၊TNLA ဘက်မှလည်း ထောက်ပံ့ကူညီမှုများ ပြုလုပ်သည်။ [၂]
ခေါင်းဆောင် ဖမ်းဆီးခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက် ညပိုင်းတွင် စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်အစပ်၊ အင်းတော်မြို့နယ်အတွင်း၌ စစ်ကိုင်း PDF ခေါင်းဆောင်အပါအဝင် ရဲဘော် ၄ ဦးသည် အမှတ် ၁ စစ်ဒေသမှူး ဒူပအောင်ဒွဲ ၏ အမိန့်စေခိုင်းချက် အရ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တော်လှန်ရေးအင်အားစု ၁၉ ဖွဲ့ပါဝင်သည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုဖွဲ့စည်း။ DVB (၁၆ ဒီဇင်ဘာ ၂၀၂၅)။ ၁၇ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF) နှင့်တွေ့ဆုံခြင်း (၂၀ ဩဂုတ် ၂၀၂၅)။ ၂၇ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ BVJ (2026-05-29)။ ကျောင်းသားတော်လှန်ရေးတပ်တော် NUG၊ COCအောက်ဝင်ဖို့ သဘောတူ (in en)။ 2026-06-18 တွင် ပြန်စစ်ပြီး။