စစ်ကိုင်းတိုင်းဒေသကြီး၏ အလံတော်
အသုံးပြုခြင်း | တိုင်းဒေသကြီးအလံနှင့် အရပ်သားသုံးအလံ |
---|---|
ရွေးချယ်ခြင်း | ၃၀ စက်တင်ဘာ ၂၀၁၉[၁] |
ဒီဇိုင်း | အဝါ၊ အပြာနှင့် အနီရောင် နောက်ခံတွင် မဟာလယ်တီကျောက်စာနှင့် တိုင်းဒေသကြီး မြေပုံ |
စစ်ကိုင်းတိုင်းဒေသကြီးအလံတော်၏ မူကွဲအလံ | |
အသုံးပြုခြင်း | ယခင်အလံဟောင်း |
ဒီဇိုင်း | အနီရောင်နောက်ခံတွင် ခြင်္သေ့ပုံနှင့် စစ်ကိုင်းတိုင်းဒေသကြီး စာတမ်း |
စစ်ကိုင်းတိုင်းဒေသကြီး၏ အလံတော် မှာ အဝါရောင်၊ အပြာရောင်နှင့် အနီရောင် နောက်ခံတွင် မဟာလယ်တီကျောက်စာနှင့် တိုင်းဒေသကြီး မြေပုံကို စက်ဝိုင်းတွင် ထည့်သွင်းရေးထိုးထားသည်။ အလံသစ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၂၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။[၁]
အလံအဓိပ္ပာယ်
[ပြင်ဆင်ရန်]အလံတွင်ပါဝင်သော အဝါရောင်သည် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုခြင်း၊ အပြာရောင်သည် အေးချမ်းသာယာခြင်း၊ တရားဥပဒေစိုးမိုးခြင်းကို ကိုယ်စားပြုခြင်းနှင့် အနီရောင်သည် ရဲရင့်ခြင်းနှင့် သတ္တိရှိခြင်းကို ကိုယ်စားပြုသည်။ ထိုနောက်ခံတွင် မုံရွာမြို့ရှိ နှစ် ၉၀ ကျော် သက်တမ်းရှိ မဟာလယ်တီကျောက်စာနှင့် တိုင်းဒေသကြီး၏မြေပုံကို ထည့်သွင်းရေးဆွဲထားသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၀ ခုနှစ် စစ်ကိုင်းတိုင်း အမည်မှ စစ်ကိုင်းတိုင်းဒေသကြီး သို့ပြောင်းလဲခဲ့ပြီးနောက် အလံသည် အနီရောင်နောက်ခံတွင် ခြင်္သေ့ရုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး စာတမ်းဖြင့် ဖြစ်သည်။
မုံရွာမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က အလံနှင့် လိုဂိုသစ်ကို အစားထိုး အသုံးပြုရန် ၂၀၁၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်၌ အဆိုတင်သွင်းပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက လွှတ်တော်တွင် နှစ်ကြိမ်တင်သွင်းခဲ့သော်လည်း နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပြီး ၂၁ ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် သုံးကြိမ်မြောက် တင်သွင်းရာ၌ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် အလံသစ်နှင့် လိုဂိုကို အတည်ပြုခဲ့သည်။[၁] အလံနှင့် လိုဂို ပြောင်းလဲရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဒီဇိုင်းပြိုင်ပွဲ ခေါ်ယူခဲ့ပြီး အမှတ်ပေး ရွေးချယ်ခဲ့သော အလံ ၂ ခုနှင့် လိုဂို ၃ ခု အား လွှတ်တော် အမတ်များက မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။[၂] ဒီဇိုင်နာ ဒေါ်ခိုင်ဇာမွန်ရေးဆွဲထားသည့် စစ်ကိုင်းတိုင်းဒေသကြီး မြေပုံနှင့် လယ်တီ ကျောက်စာ ပုံရိပ်ပါသော အလံကို လွှတ်တော် အမတ် ၉၃ ဦးတွင် ၆၄ ဦးက ထောက်ခံမဲပေးခဲ့ကြသည်။[၂][၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ကောင်းခန့်လင်း(မုံရွာ)။ "စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အလံနှင့် လိုဂိုအသစ်ကို ပြောင်းလဲအသုံးပြုမည်" (in my)၊ Eleven Media Group Co., Ltd၊ 8 October 2019။
- ↑ ၂.၀ ၂.၁ စစ်ကိုင်းတိုင်း အလံနှင့် Logo အသစ် ယခုနှစ်အတွင်း ပြောင်းလဲ အသုံးပြုမည် (၈ အောက်တိုဘာ ၂၀၁၉)။ ၂၅ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကိုင်းတိုင်းဒေသကြီး အလံနှင့် အမှတ်အသားတံဆိပ် တိုင်းလွှတ်တော်အတည်ပြု (in en) (၃ အောက်တိုဘာ ၂၀၁၉)။ ၂၅ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |