စင်းလုံးစိန်သွား

ဝီကီပီးဒီးယား မှ

စင်းလုံးစိန်သွား ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

အပြိုင်စာဆိုဖက်ဖြစ်သော ဦးဉာဏ်ကျယ်အား စိန်ခေါ်သည့်အနေနှင့် ဖွဲ့ဆိုထားသည်။

စင်းလုံးစိန်သွား[ပြင်ဆင်ရန်]

ငါးဆင့်ရယ်အာလိန်နှင့်၊ တာဝတိန်အာကာသက၊ မာဃရှင်သိကြားနှင့်၊ အလားတူ ပမာမှီးရတော့၊ ရာထီးပိုင်စေတလုံးနှင့်၊ ရွှေဘုန်းတော် တေဇာဟိတ်ကယ်ကြောင့်၊ သုံးကျိပ်ကျော်ဝါသကဲ့သို့၊ ထူတော်ရမက်ပေါင်းစုံ။

မင်းသမီးငယ်တို့၊ ကွင်းပြီးလျှင်ရှောင်သူများတဲ့ပြင်၊ မင်းသားကိုအဖက်နဲကြပေါ့၊ လက်စွဲတွေ သံချိုပေါ်ကြ၊ စာဆိုတော် ရွှေထောင်မောင်းငယ်နှင့်၊ တောင်ချောင်းရွာ တဆယ်ဦးဆီက၊ စိတ်ကူးပုံ ဉာဏ်ကျယ်နှင့်၊ လဲအလှယ်သံချိုလျှောက်ကြရ၊ ဦးမြှောက်၍လှုံ။

ဖရုဿာ၊ နှုတ်အာကြမ်းငယ်တို့၊ ဟော့ရမ်းဉာဏ်မကျန်ရောင်နှင့်၊ ဒဏ်တထောင်နံစောင်ခတ်မည်ကြောင့်၊ ဂိုဏ်းလှပ်ခဲ့ခုတဖုံ၊ လူဂုဏ်ဖြင့်မကြွား။

မောင်းထောင်ဆို သာမညရယ်လို့၊ ယှဉ်မရအောင် မကျန်ရွယ်နှင့်၊ အန္တရာယ် ရောဂါများမည်ကြောင့်၊ မှာကြားခါ စာဆိုညွှန်ခဲ့မယ်၊ အချိန်ဝန်တထောင်ဗိုလ်နှင့်၊ လေးဆိတ်ချိုတင်တဲ့မောင်းကဲ့သို့၊ ထက်ကောင်းကင်နဘာဟိန်က၊ ဝါအရှိန်နီအဖြူနှင့်၊ လျှပ်ဝိဇ္ဇူတခါပြက်လို်က်လျှင်၊ အချက်ရေတထောင်ရနေကျ၊ မောင်လှကျော်သည်ဆရာငဲ့၊ မညှာတာ အာဏာပြင်းရယ်ကြောင့်၊ အဆိပ်ပျံ ထိပ်ဆံတင်းတဲ့အောင်၊ ဉာဏ်ကျယ်ကို ရန်စွယ်ခင်းခဲ့မယ်၊ စင်းလုံးစိန်သွား။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။