စင်မျူရယ် ရော့ဘ်ဆင် ဝေါ်လ်တန်
စင်မျူရယ် ရော့ဘ်ဆင် ဝေါ်လ်တန် | |
---|---|
![]() |
|
မွေးသက္ကရာဇ် | ၁၉၄၅ Tulsa, Oklahoma |
အလုပ်အကိုင် | Wal-Mart ဥက္ကဋ္ဌ |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၁၉.၇ ဘီလျံ |
စင်မျူရယ် ရော့ဘ်ဆင် ( ရော့ဘ် ) ဝေါ်လ်တန် (၁၉၄၅ ခုနှစ်တွင် Tulsa, Oklahoma ၌ မွေးဖွားခဲ့) သည် ကမ္ဘာ့ အကြီးဆုံး ကုန်ပစ္စည်းများလက်လီ ဖြန်ဖြူးရောင်းချသည့် လုပ်ငန်းကြီး ဖြစ်သော Wal-Mart ကိုတည်ထောင်သူ စမ် ဝေါ်လ်တန် ၏ အကြီးဆုံးသား ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ တစ်ဝှမ်းဖြန့်ဖြူးနေသည့် ယင်း ကုမ္ပဏီကြီး၏ သဘာပတိ ဥက္ကဋ္ဌ ဖြစ်သည်။
Forbes မှ စုံစမ်းဖော်ပြချက်အရ သူ၏ အသားတင်ပိုင်ဆိုင်မှု မှာ ၂၀၀၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၉.၂ ဘီလျံ ရှိသည်။ ရော့ဘ် သည် College of Woosterတွင်တက်ရောက်ခဲ့ပြီး၊ ၁၉၆၆ တွင် စီးပွားစီမံ ဘာသာရပ်နှင့်ပက်သက်သော သိပ္ပံပညာ ဘွဲ့ ကို University of Arkansas မှ ရရှိခဲ့သည်။ သူသည် ၁၉၆၉ တွင် နယူးယောက်မြို့ရှိ Columbia University ဥပဒေ ကျောင်းမှ ဂျူရီ ပါရဂူ ဘွဲ့ ကို ရရှိခဲ့သည်။ College of Wooster ၏ ယုံကြည် လက်ခံခြင်းခံရသူ (Trustee ) လည်း ဖြစ်သည်။
ဘွဲ့ရပြီးသည့်နောက်တွင် ရော့ဘ် ဝေါ်လ်တန် သည် Wal-Mart ကိုယ်စားပြု ဥပဒေအဖွဲ့ ၏ အဖွဲ့ဝင်အဖြစ်သူ့ ဖခင် ကွယ်လွန်ချိန်ထိ ထမ်းဆောင်ပေး ခဲ့သည်။ သူ့ အဖေကွယ်လွန်ပြီး နှစ်ရက်အကြာ ၁၉၉၂ ဧပြီ ၇ ရက်နေ့တွင် ရော့ဘ် ဝေါ်လ်တန် သည် အုပ်ချူပ်ရေးဘုတ်အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရသည်။ ယနေ့ထက်ထိ ယင်းရာထူးကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
အပိုဆောင်းကြည့်ရှုစရာလင့်ခ်များ
[ပြင်ဆင်ရန်]- Forbes 400 listing 14 January 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Official Wal-Mart biography[လင့်ခ်သေ]
- S. Robson Walton's campaign contributions 6 April 2005 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- NNDB Rob Walton biography
- Rob Walton Refuses to Answer on Company’s Record in Local Communities