စင်ကာပူစီမံခန့်ခွဲမှုပညာတက္ကသိုလ်
Universiti Pengurusan Singapura (မလေး) 新加坡管理大学 (တရုတ်) சிங்கப்பூர் நிர்வாக பல்கலைக்கழகம் (တမီးလ်) | |
အမျိုးအစား | ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတက္ကသိုလ်(en:Autonomous university)[၁] |
---|---|
တည်ထောင် | ၂၉ ဇူလိုင် ၂၀၀၀ |
ပံ့ပိုးမှု | S$1.3 billion (US$988 million)[၂] |
အဓိပတိ | Lim Chee Onn |
ဥက္ကဋ္ဌ | Lily Kong |
စီမံခန့်ခွဲရေး အရာရှိ | Timothy Clark |
ဆရာဦးရေ | 376[၃] |
ဘွဲ့ကြိုဦးရေ | 8182[၄] |
ဘွဲ့လွန်ဦးရေ | 1828[၃] |
လိပ်စာ | 81 Victoria St, Bras Basah, Singapore 1°17′48″N 103°50′59″E / 1.29667°N 103.84972°Eကိုဩဒိနိတ်: 1°17′48″N 103°50′59″E / 1.29667°N 103.84972°E |
ပရဝုဏ် | Urban; City campus |
အထိမ်းအမှတ် အရောင် | Blue Gold |
ဝဘ်ဆိုဒ် | smu.edu.sg |

စင်ကာပူ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(အင်္ဂလိပ်: Singapore Management University)သည် စင်ကာပူနိုင်ငံရှိ အစိုးရမှ အထောက်အပံ့ပေးသော်လည်း၊ ကိုယ်တိုင်ဆုံးဖြတ်အုပ်ချုပ်နိုင်သော ပုဂ္ဂလိက တက္ကသိုလ်တစ်ခုဖြစ်သည်။ ၂၀၀၀-ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဝှာတန်စီမံခန့်ခွဲမှုပညာကျောင်း (Wharton School)၏ ပညာသင်ကြားမှုပုံစံကို စံနမူနာအဖြစ် အတုယူသုံးခဲ့ပြီး၊ စင်ကာပူနိုင်ငံ၏ တတိယမြောက် သက်တမ်းအရှည်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ဖြစ်သည်။[၅] ဤတက္ကသိုလ်ကို အက်စ်အမ်ယူ(SMU)ဟုလည်း အတိုကောက်ခေါ်ကြသည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]စင်ကာပူ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်ကို အောက်ပါ အဓိကကျောင်း ၈-ကျောင်းဖြင့် ဖွဲ့စည်းထားသည်။
- စာရင်းကိုင်ပညာကျောင်း 3 April 2025[Date mismatch] ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (School of Accountancy)
- လီကုန်းချန်စီးပွားရေးပညာကျောင်း (Lee Kong Chian School of Business or LKCSB)
- ဘောဂဗေဒပညာကျောင်း (School of Economics)
- ကွန်ပျုတင်းနှင့် အချက်အလက်နည်းစနစ်ပညာကျောင်း (School of Computing and Information Systems)
- ရန်ပန်းဟောင်ဥပဒေပညာကျောင်း (Yong Pung How School of Law)
- လူမှုရေးသိပ္ပံပညာကျောင်း (School of Social Sciences)
- ပညာရပ်နယ်ပယ်စုံပေါင်းစပ်လေ့လာခြင်းကောလိပ် (College of Integrative Studies)
- ဘွဲ့လွန်သုတေသနပညာကောလိပ် (College of Graduate Research Studies)
ပညာရေး
[ပြင်ဆင်ရန်]ကျောင်းဝင်ခွင့်လိုအပ်ချက်များ
[ပြင်ဆင်ရန်]စင်ကာပူ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်သည် စင်ကာပူ-ကိန်းဘရစ်ချ် ဂျီစီအီး(အေ)အဆင့် (Singapore-Cambridge GCE Advanced Level) အောင်လက်မှတ်ဖြစ်စေ၊ စင်ကာပူနိုင်ငံရှိ ပိုလီတက်ကနစ် ၅-ခုနှင့် အနုပညာကျောင်း ၂-ခုတို့မှ ဒီပလိုမာအောင်လက်မှတ်များ ဖြစ်စေ၊[၆] အိုင်ဘီဒီပလိုမာ (International Baccalaureate diploma) စသည်တို့ပါဝင်သော တက္ကသိုလ်ဝင်တန်း သို့မဟုတ် အထက်တန်းကျောင်း အောင်မြင်မှု အသိအမှတ်ပြုလက်မှတ်များတင်ပြနိုင်သော ကျောင်းသားများမှ တစ်နှစ်တစ်ကြိမ် ရွေးချယ်ဝင်ခွင့်ပြုသည်။[၇] ဘွဲ့လွန် သို့မဟုတ် မာစတာပရိုဂရမ်များသို့ ဝင်ခွင့်အတွက် စင်ကာပူ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်သည် အဓိကဘာသာရပ်အများစုအတွက် ဂျီမက်(GMAT) နှင့် တိုဖယ်လ်(TOEFL) သို့မဟုတ် အိုင်အဲလ်စ်(IELTS) လိုအပ်သည်။ အချို့သော မေဂျာများသည် စာစီစာကုံးများ၊ ထောက်ခံစာများ တင်ပြခြင်းနှင့် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံးမည်မျှရှိရမည်ဟူသော လိုအပ်ချက်တို့လည်း တောင်းဆိုတတ်သည်။[၆]
မြန်မာအထက်တန်းကျောင်းကို ဘာသာရပ်တိုင်း၌ အမှတ် ၉၀-ရာခိုင်နှုန်းနှင့်အထက် ရရှိအောင်မြင်ပြီး၊ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခုတွင် အနည်းဆုံးတစ်နှစ်သင်ယူထားကာ ၎င်းတက္ကသိုလ်တွင် သင်ယူထားသော ဘာသာရပ်အားလုံးကို ကောင်းစွာအောင်မြင်ထားပါကလည်း စင်ကာပူ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်သို့ ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ပါသည်။[၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Post-secondary education။ 11 June 2024 တွင် ပြန်စစ်ပြီး။
- ↑ SMU Annual Report။ SMU (2013)။ 1 January 2023 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ Facts။
- ↑ Quick facts (18 September 2017)။ 17 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 December 2015 တွင် ပြန်စစ်ပြီး။
- ↑ Singapore Management University is established။ National Library Board။ 11 June 2018 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ Students with International Qualifications။ Singapore Management University (SMU)။ 2 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ SMU Admissions Website။ SMUAdmissions။ 14 May 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 May 2013 တွင် ပြန်စစ်ပြီး။
- ↑ International and Other Qualifications (in en-gb)။ 2025-03-29 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-04-17 တွင် ပြန်စစ်ပြီး။