စက်တော်ရာစေတီ (မင်းကွန်း)

ဝီကီပီးဒီးယား မှ
(စက်တော်ရာစေတီ(မင်းကွန်း) မှ ပြန်ညွှန်းထားသည်)
ဤဆောင်းပါးသည် မင်းကွန်းအရပ်ရှိ စေတီ အကြောင်း ဖြစ်သည်။ မကွေးတိုင်းဒေသကြီးရှိ ရွှေစက်တော် အတွက် စက်တော်ရာ ကို ကြည့်ပါ။
စက်တော်ရာစေတီ
အချက်အလက်များ
တည်နေရာမင်းကွန်း
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
Sectထေရဝါဒ ဗုဒ္ဓဘာသာ
တိုင်းစစ်ကိုင်းတိုင်းဒေသကြီး
နိုင်ငံမြန်မာနိုင်ငံ
လက်ရှိအခြေအနေactive
ဗိသုကာ
ပန္နက်ရိုက်၁၈၀၄
ပြီးစီး၁၈၁၁

ပါဒနက်သန် စက်တော်ရာစေတီ သည် စစ်ကိုင်းတိုင်းဒေသကြီးမင်းကွန်းမြို့တွင် တည်ရှိသည်။ စက်တော်ရာစေတီကို (၁၁၆၆)ခု၊ တန်ခူးလပြည့်ကျော် (၁၁)ရက်နေ့တွင် စတင်တည်ထားခဲ့ကြောင်း သိရသည်။ ဘုရားဒါယကာမှာ ပုဂံမင်းဖြစ်သည်။

ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးအရ ဤစက်တော်ရာကို (၁၁၅၈)ခု၊ တန်ဆောင်မုန်းလဆန်း(၂)ရက် နေ့တွင် ပြည်ကြီးမွန်ရတနာရွှေဖောင်ပေါ်တွင် တင်၍ ထီးဖြူ ကနက်ကဒဏ်ဖြန့် မိုးပြီး မင်းကွန်းဖက် ယခုဘုရားတည်ထားရာနေရာတွင် တန်ဆောင်းနှင့် ထားတော်မူကြောင်း ၁၁၇၃-ခု၊ နယုန်လပြည့်ကျော် (၇)ရက်နေ့တွင် ဘုရားတည်၍ ပြီးစီးကြောင်း တွေ့ရသည်။ ၁၂၁၁-ခုတွင် ယိုယွင်းဟောင်းနွမ်းသည်များကို ပြုပြင်ခဲ့သည်။ ပြုပြင်ခဲ့သော စံနစ်တော်မှာ ဘုရားကျောင်းအမြင့် ၁၆-တောင်ကျော်၊ ပန်းခုံတော်မှာ ဆင်သွားဖူးတိုင်အမြင့် ၄၁-တောင် ကျော်ရှိသည်။

သာယာဝတီမင်း(ရွှေဘိုမင်း) လက်ထက်တွင် ငွေပြဿဒ်လှူဒါန်းခဲ့ဘူးသည်။ ထီးခယားသီးကစပြီး မြေသို့တိုင်အောင် ဘိုးတော်ဘုရားက တည်ပြီးစတွင် ရွှေချပူဇော်ခဲ့သေးသည်။

သာယာဝတီမင်း လက်ထက်တွင် ဗိသုကာလက်ရာမြောက်လှသော အုတ်ပြဿဒ်ပုံကို စိန်တောင်များ၊ နဂါး၊ ဂဠုန်။ ဂုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗအစောင့်နတ်ရုပ်များနှင့် ပြုလုပ် တည်ဆောက် လှူဒါန်းပူဇော်ခဲ့ခြင်းဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းကွန်းဘိုးဘွားရိပ်သာ အကြောင်းသိကောင်းစရာ၊ စာ-၂၈