စက်စက်ယိုစေတီတော်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
စက်စက်ယိုစေတီတော် | |
---|---|
အချက်အလက်များ | |
ကိုဩဒိနိတ် | 18°38′32″N 95°15′02″E / 18.642226°N 95.250647°Eကိုဩဒိနိတ်: 18°38′32″N 95°15′02″E / 18.642226°N 95.250647°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | မြန်မာနိုင်ငံ ၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် |
စက်စက်ယိုစေတီတော်သည် ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ၊ ဝါးတောင်အုပ်စု၊ဖားအိုင့်ရွာ တွင်တည်ရှိပြီးရွှေတောင်မြို့နှင့် (၄)မိုင်ကွာဝေးပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီးသည်မဟာသက္ကရာဇ် (၂၅၀)ခုနှစ်အတွင်းမြတ်စွာဘုရားရှင်၏ဓာတ်တော်များဖြင့် တည်ထားကိုးကွယ်ခဲ့သော တန်ခိုးကြီးစေတီပုထိုးများအနက်မှ တစ်ဆူအပါအဝင်ဖြစ်သည်။[ကိုးကားချက်လိုသည်]မြန်မာရာဇဝင်ချုပ်နှင့် ရွှေနတ်တောင်ဘုရားသမိုင်း
စေတီတော်ဘွဲ့တော်ပေးခြင်း
[ပြင်ဆင်ရန်]စက်စက်ယိုစေတီတော်ဟူသော ဘွဲ့တော်ပေးရခြင်းမှာ စေတီတော်တည်းရှိရာ တောင်တန်းပေါ်ရှိကျောက်တုံးများအကြားမှ ထူးခြားစွာထွက်ရှိသော သဘာဝကျောက်စက်ရေသည် တစက်စက်ယိုစီးကျနေသည်ကို အစွဲပြု၍ စက်စက်ယိုစေတီတော်ဟု ဒွတ္တဘောင်မင်းကြီးနှင့်မိဖုရားများက ဘွဲ့တော်ပေး၍ ခေါ်တွင်ခဲ့ကြခြင်းဖြစ်ပါသည်။
စက်စက်ယိုစေတီတော်ရင်ပြင်တော်ရှိ နတ်ရေစင်၏ထူခြားချက်များ
[ပြင်ဆင်ရန်]စေတီတော်ရင်ပြင်ပေါ်ရှိ ကျောက်စက်ရေသည် နွေ၊ မိုးဆောင်း ရာသီသုံးပါးစလုံးတစ်သွင်သွင် အဆက်မပြက် စီးဆင်းနေပြီး နွေရာသီ၊ April လများမှာ၂၄နာရီ တစ်ရက်လုံးကို ရေဂါလံပေါင်း (၇၀) ထွက်ရှိသည်ဟု စစ်တမ်းများအရသိရသည်။
စေတီတော်ပြုပြင်မွမ်းမံခြင်း
[ပြင်ဆင်ရန်]ဒွတ္တဘောင်မင်းကြီးယခင်က တည်ထားကိုးကွယ်ခဲ့သော စေတီပုထိုးသည် (၂၀၀၈)ခုနှစ်တွင် နာဂစ်မုန်းတိုင်းဒဏ်ကြောင့် မြောက်ဘက် ၊ အနောက်ဘက်နှစ်ခြမ်းဖိနပ်တော်အထိပြိုကျပျက်စီးခဲ့ပြီး စေတီပုထိုးတော်ကြီးပါ မြေခခဲ့သည်။ မြန်မာသက္ကရာဇ် (၁၃၈၀)ခုနှစ်တွင် ဆရာတော်ဘုရားကြီးများ၏ကောင်းမှုတော်ကြောင့် ပျက်စီးယိုယွင်းနေသောဘုရားကြီးကို ရွှေအုပ် ငွေအုပ် ပတ္တမြား နီလာ ရတနာခုနစ်ပါး အုပ်မြစ်ချ၍ယခင်ကတည်ထားသော စေတီပုထိုးတော်ကြီးအား ခြုံငုံ၍ဉာဏ်တော်အမြင့်အတောင် (၃၀) ခန့်ရှိသောစေတီတော်ကြီးကို ပြုပြင်မွမ်းမံခဲ့ပြီး သက္ကရာဇ် (၁၃၈၁) ခုနှစ် နယုန်လပြည့် တနင်္လာနေ့တွင် ရွှေထီးတော်တင်၍ ဗုဒ္ဓဘိသေကအနေကဇာတင်ကာရေစက်သွန်းချ အမျှဝေကာ ကိုးကွယ်ထားသည်။
စေတီတော်တည်ခြင်းသမိုင်းအစ
[ပြင်ဆင်ရန်]ပျူခေတ်နှောင်းဘီစီ (၅)ရာစုခန့်အတွင်းဒွတ္တပေါင်မင်းကြီးလက်ထက်တွင် မိဖုရားနှစ်ပါး ဖြစ်ကုန်သော ပိဿနိုး၊စန္ဒာဒေဝီမိဖုရားများနှင့်အတူ ကာသီတိုင်း သို့ လှည့်လည်တော်မူရာတွင် မြတ်စွာဘုရားရှင်၏ ဓာတ်တော်ပေါင်း( ၁၈၂ )ဆူကို ပင့်ဆောင်ကာ ပျက်စီး ယိုယွင်းနေသော ရွှေနတ်တောင်စေတီတော်မြတ်ကြီးကို ဘုရားရှင်း၏ ဓာတ်တော် တချို့ကို ရတနာကြုတ်ဖြင့်ထည့်ကာ ဌာပနာ၍ ရွှေစေတီတော်တစ်ထပ်၊ ငွေစေတီတစ်ထပ် မွမ်းမံပြုပြင်ခဲ့ပြီး၊ထိုမှတဖန် ရွှေနတ်တောင်ဘုရား၏ တောင်ဘက်အရပ် ရှိတောင်တန်းပေါ်ရှိသင်္ခမ်းကြီးစေတီတော်မှာလဲဘုရားရှင်၏ဓာတ်တော်မွေတော်များတချို့ကိုထပ်မံဌာပနာတော်မှူခဲ့ပြီးကျန်ရစ်သော ဓာတ်တော် များကိုရွှေနတ်တောင်စေတီတော်၏အရှေ့ဘက်အရပ်ရှိ တောင်တန်းအထက်ရေစင်မြတ်၊တစ်စက်-စက်ယိုစီးရာ နေရာတွင်ဘုရားရှင်၏ဓာတ်တော်မွေတော်များဖြင့် စက်စက်ယိုစေတီတော်မြတ်ကြီးကိုတည်ထားကိုးကွယ်ခဲ့ပါသည်။ရွှေနတ်တောင်ဘုရားအရှေ့မုဒ်ဦးနှင့် စက်စက်ယိုဘုရားအနောက်မုဒ်ဦးက တစ်တန်းတည်းရှိပြီးဒွတ္တဘောင်မင်းကြီးက ရွှေနတ်တောင်ဘုရားနှင့်စက်စက်ယိုဘုရားအထိအုပ်လမ်းမကြီးများဖြင့်လမ်းဖောက်လုပ်ခဲ့ပြီးအခုအခါတွင်အချို့နေရာများမှာ အုပ်လမ်းမကြီးကိုတွေရသေးပြီး တချို့မှာ မြေတွင်နစ်မြုပ်၍မြေနီလမ်းများ ထပ်ပိုး၍ပြုပြင်မှူများကြောင့်မတွေ့ရတော့ပါ။ ထိုအပြင် ဖားအိုင့် အရပ်တွင် ဒွတ္တဘောင်မင်းကြီးလက်ထက်တော်က တည်ထားခဲ့သော ဘုရားပုထိုးစေတီပေါင်း (၇) ဆူ ရှိပြီး၊ ထိုအပြင် တောင်တန်းတစ်လျောက်တွင်တည်ထားခဲ့သောရှေးဟောင်း စေတီ (၇)ဆူရှိပြီး စုစုပေါင်း (၁၄) ဆူ ရှိသည်ဟုသိရပါသည်။ပြသိန်းတန်သိဒ္ဓိစေတီတော်သည် ပန်ထွာဘုရင်မ နှင့်ဗိဿနိုးမိဖုရားတို့၏ဆွေတော်မျိုးတော်များ၏အရိုးအိုးများဖြင့်တည်ထားကိုးကွယ်ထားပြီး၊ထိုအတူ ယခုရန်ငြိမ်းအောင်စေတီတော်တွင်လည်းသီရိစန္ဒဒေဝီမိဘုရား မြေးတော် စန္ဒင်္ဒပ၊ စန္ဒရူပ ညီနောင်နှစ်ပါးနှင့်ရသေ့ကြီးတို့တည်ထားကိုးကွယ်ခဲ့သောရှေးဟောင်းသမိုင်းဝင်များဘုရားများဖြစ်သည်ဟုသမိုင်းများအရသိရပါသည်။[၁]
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၁၁)