စကေးချနိုင်သော ဗက်တာ ဂရပ်ဖစ်
| Filename extensions | .svg, .svgz |
|---|---|
| အင်တာနက် မီဒီယာအမျိုးအစား | image/svg+xml[၁] |
| Uniform Type Identifier (UTI) | public.svg-image |
| တီထွင်သူ | W3C |
| ကနဦး ဖြန့်ချိ | ၄ စက်တင်ဘာ ၂၀၀၁ |
| နောက်ဆုံး ထုတ်ဝေမှု | 1.1 (ဒုတိယအကြိမ်) (၁၆ ဩဂုတ် ၂၀၁၁) |
| ဖော့မတ် အမျိုးအစား | ဗက်တာ ဂရပ်ဖစ် |
| Extended from | XML |
| Standard | W3C SVG |
| Open format? | yes |
| ဝဘ်ဆိုဒ် | w3.org/Graphics/SVG/ |
စကေးချနိုင်သော (သို့မဟုတ်) စကေးပြောင်းနိုင်သော ဗက်တာ ဂရပ်ဖစ် (အင်္ဂလိပ်: Scalable Vector Graphics (SVG)) ဆိုသည်မှာ နှစ်ဖက်မြင် ဂရပ်ဖစ် ပြဋ္ဌာန်းမှုတွင် အန်နီမေးရှင်း နှင့် အပြန်အလှန်တုံပြန့်မှုဆိုင်ရာ ပံ့ပိုးမှုပါရှိသော XML-based vector ဂရပ်ဖစ် ဖော်မတ်တစ်ခုဖြစ်သည်။ SVG သတ်မှတ်မှု အချက်အလက်များသည် World Wide Web Consortium မှ တီထွင်ထားသော စံသတ်မှတ်ချက်တစ်ခုဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ အစပြုခဲ့ခြင်းဖြစ်သည်။
SVG ပုံများကို vector ဂရပ်ဖစ်ဖော်မတ်ဖြင့် သတ်မှတ်ပြီး XML စာသားဖိုင်များတွင် သိမ်းဆည်းထားသည်။ ထို့ကြောင့် SVG ရုပ်ပုံများသည် အရည်အသွေး ဆုံးရှုံးမှု-မရှိဘဲ စကေးအတိုင်းအတာ အချိုးအစား ချိန်ညှိနိုင်သည့်အပြင် SVG ဖိုင်များကို အဲဂိုရစ်သမ်ဖြင့် ရှာဖွေခြင်း ၊ အညွှန်းတပ်ခြင်း ၊ Script ရေးသားခြင်း နှင့် ဒေတာ ဖိသိပ်ချုံ့ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ XML စာသားဖိုင်များကို စာသား တည်းဖြတ်ရေး ဆော့ဖ်ဝဲရ် သို့မဟုတ် vector ဂရပ်ဖစ်တည်းဖြတ်ရေး ဆော့ဝဲလ်များဖြင့် ဖန်တီးခြင်း၊ တည်းဖြတ်ခြင်းများပြုလုပ်နိုင်ပြီး ဝက်ဘ် ဘရောက်ဇာ အများစုတွင် ပုံဖော်ပေးနိုင်သည်။ သို့ရာတွင် ပုံများအတွက် အသုံးပြုပါက SVG သည် scripts (သို့) CSS ကို လက်ခံထားနိုင်သဖြင့် ဆိုက်ဖြတ်ကျော် scripting တိုက်ခိုက်မှုများ (သို့) အခြားသော လုံခြုံရေးပိုင်း အားနည်းမှုတို့ကို အနည်းငယ်ဖြစ်စေနိုင်သည်။
သမိုင်း
[ပြင်ဆင်ရန်]၁၉၉၉ ခုနှစ်ဝန်းကျင်အချိန်၌ပင် World Wide Web လုပ်ငန်းအသိုင်းအဝိုင်း (W3C) အတွင်းတွင် စကေးချနိုင်သော ဗက်တာ ဂရပ်ဖစ်များ စတင်ဖွံဖြိုးနေပြီဖြစ်သည်။[၂]
အစောပိုင်းကာလ၌ ဖွဲ့စည်းလုပ်ကိုင်ခဲ့သည့် SVG လုပ်ငန်းအဖွဲ့သည် စီးပွားဖြစ် ရည်ရွယ်ခြင်းမျိုး-မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ၎င်းတို့အနက်မှတစ်ခုခုအပေါ်တွင် အခြေခံထားခြင်း မရှိသည့် markup language အသစ်ကိုမူ ဖန်တီးရန် ဆုံးဖြတ်ခဲ့ကြသည်။[၂]
Internet Explorer ဗားရှင်းဟောင်းများတွင် ပံ့ပိုးထားခြင်း မရှိသောကြောင့် လိုက်လျောညီထွေမှုရှိသော ပုံဖော်ခြင်းကို အစောပိုင်းကာလ၌ ကန့်သတ်ထားသည်။ သို့ပါသော်လည်း ၂၀၁၁ ခုနှစ်အရောက်တွင် အဓိကကျသော Desktop ဘရောက်ဇာများအားလုံး၌ SVG ကို စတင်ပံ့ပိုးပေးခဲ့သည်။ မူရင်းဘရောက်ဆာပံ့ပိုးမှုသည် ပလပ်အင်များမလိုအပ်ခြင်း၊ SVG အား အခြားအကြောင်းအရာများနှင့် ရောနှောခွင့်ပြုခြင်း၊ rendering နှင့် scripting ယုံကြည်စိတ်ချရမှုကို တိုးတက်စေခြင်းကဲ့သို့သော အကျိုးကျေးဇူးများစွာကို ပေးသည်။ SVG Tiny 1.1 သို့မဟုတ် 1.2 ကို ပံ့ပိုးသည့် မတူညီသော စက်ပစ္စည်းများနှင့် ဘရောက်ဆာများဖြင့် SVG အတွက် မိုဘိုင်းပံ့ပိုးမှုပုံစံများ ရှိသည်။ SVG သည် ဗက်တာ ဂရပ်ဖစ် တည်းဖြတ်ရေး ဆော့ဖ်ဝဲများ အသုံးပြု၍ ဖန်တီးနိုင်ပြီး ၎င်းဆော့ဖ်ဝဲလ်များဖြင့်ပင် Raster ဖော်မတ်များအနေဖြင့် ပြောင်းလဲဖော်ပြစေနိုင်သည်။ ဝဘ်အခြေခံအပလီကေးရှင်းများတွင် Inline SVG မှ HTML စာရွက်စာတမ်းများအတွင်း SVG အကြောင်းအရာကို ထည့်သွင်းခွင့်ပြုသည်။
၂၀၁၁ ခုနှစ်တွင် SVG ၏ အင်္ဂါရပ်သတ်မှတ်မှုများကို ဗားရှင်း 1.1 သို့ မြှင့်တင်ခဲ့သည်။ Scalable Vector Graphics 2 သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် W3C မှ အဆိုပြုထားသည့် အကြံပြုချက် ဖြစ်လာခဲ့သည်။ SVG 2 တွင် SVG 1.1 နှင့် SVG Tiny 1.2 တို့အပြင် အင်္ဂါရပ်အသစ်များစွာကို ပေါင်းစပ်ထားသည်။[၃]
အင်္ဂါရပ်များ
[ပြင်ဆင်ရန်]
SVG သည် အပြန်အလှန်တုံ့ပြန်နိုင်ခြင်းစွမ်းရည်၊ အန်နီမေးရှင်း နှင့် ကြွယ်ဝသော ဂရပ်ဖစ်စွမ်းရည်များကို ပံ့ပိုးပေးသောကြောင့် ဝဘ်နှင့် ပုံနှိပ်ထုတ်ဝေမှု အက်ပလီကေးရှင်းနှစ်ခုလုံးအတွက် အသုံးပြုရန် သင့်လျော်သည်။ SVG ပုံများကို gzip အယ်လဂိုရီသမ်ဖြင့် ချုံ့နိုင်ပြီး ရလဒ်အနေဖြင့် သာမန်အနေဖြင့် မူရင်းထက် ၂၀-၅၀% သေးငယ်သော SVGZ ဖိုင်များကို ရရှိစေသည်။ SVG သည် ရည်ညွှန်းချက်များ၊ ရှာဖွေမှုများ နှင့် SVG ဆိုင်ရာအချက်အလက်များ ပြန်လည်ရယူခြင်းတို့ လုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူစေသည့် မက်တာဒေတာကိုလည်း ပံ့ပိုးပေးသည်။
SVG သည် vector ဂရပ်ဖစ် ပုံသဏ္ဌာန်များ (မျဉ်းဖြောင့်နှင့် မျဉ်းကွေးကဲ့သို့ ရေးဆွဲထားသော ကောက်ကြောင်းအစိတ်အပိုင်းများ)၊ Bitmap ပုံများ၊ စာသား စသည့် ဂရပ်ဖစ် အရာဝတ္ထုအမျိုးအစား သုံးခုကို ခွင့်ပြုသည်။ ဂရပ်ဖစ်အရာဝတ္ထုများကို အုပ်စုဖွဲ့ခြင်း၊ ပုံစံချခြင်း၊ ပုံစံပြောင်းလဲခြင်း နှင့် ယခင်က ဖန်တီးပုံဖော်ထားသော အရာဝတ္တုများထဲသို့ ပေါင်းစပ်နိုင်သည်။
ဒီဇိုင်း
[ပြင်ဆင်ရန်]SVG 1.1 ဖော်ဆောင်မှုသတ်မှတ်ချက်တွင် လုပ်ဆောင်နိုင်သော ဧရိယာ သို့မဟုတ် အင်္ဂါရပ် (၁၄)မျိုး သတ်မှတ်ထားသည် -[၄]
- Paths
- Basic shapes
- Text
- Painting
- Color
- Gradients and patterns
- Clipping, masking and compositing
- Filter effects
- Interactivity
- Linking
- Scripting
- Animation
- Fonts
- Metadata
SVG ဖိုင်သည် ပုံသဏ္ဌာန်၊ အရောင်တွဲစပ်မှု အစရှိသော အစိတ်အပိုင်းများကို သတ်မှတ်ထားနိုင်သည့်အပြင် ၎င်းတို့ကို ထပ်ခါတလဲလဲ အသုံးပြုနိုင်သည်။ SVG ပုံတစ်ခုတွင် PNG နှင့် JPEG ကဲ့သို့သော raster ဂရပ်ဖစ်များအပြင် အခြားသော SVG ပုံများလည်း ပါဝင်နေနိုင်သည်။
ပုံတွင်ပြထားသော အရောင်ခြယ်သထားသည့် ရုပ်ပုံများကို အောက်ပါကုဒ်စာသားဖြင့်ထုတ်ပေးခြင်းဖြစ်သည် (ဇယားကွက်နှင့် စာသား မပါ) -
<?xml version="1.0" encoding="UTF-8" standalone="no"?>
<!DOCTYPE svg PUBLIC "-//W3C//DTD SVG 1.1//EN" "http://www.w3.org/Graphics/SVG/1.1/DTD/svg11.dtd">
<svg width="391" height="391" viewBox="-70.5 -70.5 391 391" xmlns="http://www.w3.org/2000/svg" xmlns:xlink="http://www.w3.org/1999/xlink">
<rect fill="#fff" stroke="#000" x="-70" y="-70" width="390" height="390"/>
<g opacity="0.8">
<rect x="25" y="25" width="200" height="200" fill="lime" stroke-width="4" stroke="pink" />
<circle cx="125" cy="125" r="75" fill="orange" />
<polyline points="50,150 50,200 200,200 200,100" stroke="red" stroke-width="4" fill="none" />
<line x1="50" y1="50" x2="200" y2="200" stroke="blue" stroke-width="4" />
</g>
</svg>
ကိုးကား
[ပြင်ဆင်ရန်]- ↑ Media Type Registration for image/svg+xml။ W3C။ 19 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 February 2014 တွင် ပြန်စစ်ပြီး။
- 1 2 Secret Origin of SVG။ World Wide Web Consortium (21 December 2007)။ 24 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 January 2011 တွင် ပြန်စစ်ပြီး။
- ↑ Scalable Vector Graphics (SVG) 2။ W3C။ 27 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2017 တွင် ပြန်စစ်ပြီး။
- ↑ Ferraiolo၊ Jon (16 August 2011)။ Scalable Vector Graphics (SVG) 1.1 Specification။ World Wide Web Consortium။ 16 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 April 2016 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]| ဝစ်ရှင်နရီမှ အဓိပ္ပာယ်ဖွင့်ဆိုချက်များ | |
| Commons မှ မီဒီယာများ | |
| ဝီကီစာအုပ်မှ ပြဋ္ဌာန်းစာအုပ်များ | |
| ဝီကီတက္ကသိုလ်မှ လေ့လာနိုင်သော အကိုးအကားများ | |
| ဝီကီဒေတာမှ ဒေတာများ | |
| မေတာ-ဝီကီမှ ဆွေးနွေးချက်များ | |
| မီဒီယာ ဝီကီမှ စာရွက်စာတမ်းများ | |
- W3C SVG page တရားဝင်ဝဘ်ဆိုက်ပေါ်ရှိ နည်းပညာဆိုင်ရာအချက်အလက်များ၊ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ကိစ္စရပ်များ စာရင်း
- W3C SVG primer W3C Primer (draft) under auspices of SVG Interest Group
- MDN - SVG: Scalable Vector Graphics