စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်
ပုံပန်းသွင်ပြင်
စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည် ဆိုသည်မှာ မြတ်စွာဘုရားသည် လူတို့ပြောဆိုသော စကားခြောက်မျိုးအနက် လေးမျိုးကို ပယ်ရှားပြီး ဟုတ်မှန်၍ အကျိုးရှိပြီး သူတစ်ပါးကို နှစ်သက်စေသော စကားနှင့် ဟုတ်မှန်၍ အကျိုးရှိသော်လည်း သူတစ်ပါးကို မနှစ်သက်စေသော စကားဟူ၍ နှစ်မျိုးကိုသာ အသုံးပြုသင့်ကြောင်း ညွှန်ပြတော်မူသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် စကားပြောဆိုရာတွင် သတိထားဆင်ခြင်သင့်ကြောင်းကို အလေးပေးဖော်ပြသည်။
ပါဠိတော်လာ စကားခြောက်မျိုးမှာ-
- ၁။ ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို (မှန်ကန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါးကိုလည်း ဝမ်းမြောက်စေတယ်)
- ၂။ ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို (မှန်ကန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါးကို ဝမ်းနည်းစေနိုင်တယ်)
- ၃။ ဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို (မှန်ကန်တယ်၊ အကျိုးမရှိဘူး၊ သူတစ်ပါးကို ဝမ်းမြောက်စေတယ်)
- ၄။ ဟုတ်မှန်၊ အကျိုးမရှိ၊ သူမနာလို (မှန်ကန်တယ်၊ အကျိုးမရှိဘူး၊ သူတစ်ပါးကို ဝမ်းနည်းစေတယ်)
- ၅။ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူနာလို (မမှန်ကန်ဘူး၊ အကျိုးမရှိဘူး၊ သူတစ်ပါးကို ဝမ်းမြောက်စေတယ်)
- ၆။ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူမနာလို (မမှန်ကန်ဘူး၊ အကျိုးမရှိဘူး၊ သူတစ်ပါးကို ဝမ်းနည်းစေတယ်)
မြတ်စွာဘုရားသည် ပထမနှစ်မျိုးကိုသာ ပြောဆိုသင့်ကြောင်း၊ ကျန်လေးမျိုးကို ရှောင်ရှားသင့်ကြောင်း ဟောကြားတော်မူခဲ့သည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- စကားခြောက်ခွန်း၊ လူ၌ထွန်း၏၊ ကျယ်ဝန်းသိမြင်၊ အကျိုးထင်မှ၊ ဟောကျင်တတ်အား၊ ဘုရားတို့မူ၊ မယူလေဖြစ်၊ လေးခွန်းပစ်၍၊ စင်စစ်ဟုတ်မှန်၊ ကျိုးကြောင်းတန်က၊ မလွန်စေမြို့၊ မနှစ်လို့နှင့်၊ နှစ်လို့နှစ်ဦး၊ ဟောဖူးဧကန်၊ [၂]
- လောကလီူသားတို့မူကား ခြောက်ခွန်းသောစကားကိုပင် ပြောဆြိုကကုန် သတည်း။ စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည် ဟုလင်္ကာရေးစပ်ထားသည်ကို ထောက်သဖြင့် ဆင်ခြင်ရန် ဖြစ်ချေသည်။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
- ↑ [၈၅၃] ပါမီ ၃၇။ ကိုးကား အမှား - Invalid parameter "'parmi37" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၂၅၇] ပေါဒီ။ ၅၁၇။ ကိုးကား အမှား - Invalid parameter "'pawdee517" in
<ref>tag. The supported parameters are: dir, follow, group, name.