စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်

ဝီကီပီးဒီးယား မှ

စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် လူတို့ပြောဆိုသော စကားခြောက်ခွန်းအနက် လေးခွန်းကို ပယ်ကာ 'ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို' ဟူသော စကားနှင့် 'ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို' ဟူသော စကားနှစ်ခွန်းကို သုံစွဲအပ်သည်ဟု ညွှန်ပြတော်မူသည်။

ပါဠိတော်လာ စကားခြောက်ခွန်းမှာ အောက်ပါအတိုင်းဖြစ်သည် —

  1. ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို
  2. ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို
  3. ဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို
  4. ဟုတ်မှန်၊ အကျိုးမရှိ၊ သူမနာလို
  5. မဟုတ်မမှန်၊ အကျိုးမရှိ၊ သူနာလို
  6. မဟုတ်မမှန်၊ အကျိုးမရှိ၊ သူမနာလို[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။