ငွေဘုရား၊ ဖနွမ်းပင်

ဝီကီပီးဒီးယား မှ
Silver Pagoda
Wat Ubaosoth Ratanaram
(Wat Preah Keo Morokot)
Temple of the Emerald Buddha
វត្តឧបោសថរតនារាម
(វត្តព្រះកែវមរកត)
ငွေဘုရား၊ ဖနွမ်းပင် သည် ကမ္ဘောဒီးယားနိုင်ငံ တွင် တည်ရှိသည်
ငွေဘုရား၊ ဖနွမ်းပင်
Location in Cambodia
အချက်အလက်များ
တည်နေရာSamdech Sothearos Blvd (3), Phnom Penh
ကိုဩဒိနိတ်11°33′45″N 104°55′54″E / 11.56250°N 104.93167°E / 11.56250; 104.93167ကိုဩဒိနိတ်: 11°33′45″N 104°55′54″E / 11.56250°N 104.93167°E / 11.56250; 104.93167
ဘာသာရေး နှီးနွယ်မှုTheravada Buddhism
နိုင်ငံCambodia
ဗိသုကာ
တည်ထောင်သူKing Norodom
ပြီးစီး19th century

ငွေဘုရား(Khmer : វត្តប្រាក់)သည် ဖနွမ်းပင်မြို့၊ Chey Chumneas(ជ័យជម្នះ) တွင် တည်ရှိသည့် တော်ဝင်နန်းတော်တစ်ခု ဖြစ်သည်။ ၎င်းကို Wat Preah Keo Morakot "(វត្តព្រះកែវមរកត)မြကျောက်ဗုဒ္ဓကျောင်းတော်"ဟု သိကြသည်။ ဤကျောင်းတော်အမည်ကို ခမာဘာသာစကားဖြင့် အတိုချုံ့ခေါ်ပါက "Wat Preah Keo"(វត្តព្រះកែវ) ဟု များသောအားဖြင့် ခေါ်ကြသည်။[၁]

ဝိဟာရများတွင် တည်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်များတွင် များစွာသော ရွှေများ၊ ကျောက်မျက်များ အပါအဝင်ဖြစ်သည့် နိုင်ငံ၏ များလှစွာသော ရတနာများ တည်ရှိနေကြသည်။ အထင်ရှားဆုံးတစ်ခုမှာ ကမ္ဘောဒီးယားနိုင်ငံတွင် တည်ရှိသည့် ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်ငယ် (ကမ္ဘောဒီးယားနိုင်ငံ၏ မြဘုရား) ဖြစ်သည်။ အချို့ရင်းမြစ်များတွင် ဤဘုရားကို ၁၇ ရာစုတွင် Baccarat ကျောက်ဖြင့် ပြုလုပ်ခဲ့သည်ဟု ဆိုကြသည်။) သို့သော်လည်း Baccarat ကျောက်သည် ၁၈ ရာစုမတိုင်မီအချိန်အထိ မရှိသေးသဖြင့် မဖြစ်နိုင်ပေ။ သို့သော်လည်း အချို့ရင်းမြစ်များတွင် ၁၉-၂၀ ရာစုတွင် နေထိုင်ခဲ့သည့် ကျောက်မျက်ဒီဇိုင်နာ Lalique က ၁၉ ရာစုတွင် ပြုလုပ်ခဲ့သည်ဟု ဆိုကြသည်။ ရုပ်ပွားတော်ကို ဘုရင် စိစိုဝတ်က ရွှေဖြင့် မေတ္တယျရုပ်ပွားတော်ကို ပြုလုပ်စေခဲ့သည်။ ၎င်းသည် အလေးချိန် ၉၀ ကီလိုဂရမ် လေးကာ စိန်ပေါင်း ၉၅၈၄ ခုဖြင့် ပြုလုပ်ထားသည်။ အကြီးဆုံးစိန်သည် ၂၅ ကာရတ်ရှိသည်။ ၎င်းကို နန်းတော်ရှိ အလုပ်ရုံများ၌ ၁၉၀၆ ခုနှစ်နှင့် ၁၉၀၇ ခုနှစ်အတွင်း ထုလုပ်ခဲ့သည်။ ကမ္ဘောဒီးယားပြည်တွင်းဖြစ်ပြီးနောက်တွင် မေတ္တယျဗုဒ္ဓရုပ်ပွားတော်၏ စိန် ၂၀၀၀ ခန့်သည် ပျောက်ဆုံးခဲ့သည်။ ဘုရင် Norodom Sihanouk(នរោត្តម សីហនុ)၏ Khmer Rouge(ខ្មែរក្រហម) ခေတ်ကကာလအစောပိုင်း တွင် ငွေဘုရားကို ငွေပြား ၅၃၂၉ ပြားကျော်ဖြင့် စီခြယ်ခဲ့ပြီး အပြင်ဘက်မျက်နှာစာတွင် အီတလီကျောက်များဖြင့် ပြန်လည်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ဘုရားသို့ ဝင်ရောက်သွားမည်ဆိုပါက လူအများအနေဖြင့် ငွေပြားများ၏ အနည်းသော ဧရိယာကိုသာ မြင်တွေ့နိုင်မည် ဖြစ်သည်။[၂][၃]

အဆောက်အဦ၏ ပတ်လည်နံရံများတွင် ၁၉၀၃ - ၁၉၀၄ ခုနှစ်တွင် ရေးဆွဲခဲ့သည့် Reamker(រាមកេរ្តិ)ပုံပြင်နံရံပန်းချီများကို ရေးဆွဲထားသည်။ ၎င်းပန်းချီရေးဆွဲမှုကို ငွေဘုရား၏ ဗိသုကာပညာရှင် Oknha Tep Nimit Mak(ឧកញ៉ា ទេព និមិត្តម៉ក់) က စီမံခန့်ခွဲခဲ့သည်။[၄]

ဤကျောင်းတော်သည် ဖနွမ်းပင်ရှိ အထင်ကရ ကျောင်းတော်တစ်ခုဖြစ်သည်။ ၎င်းကျောင်းတော်နေရာကို နိုင်ငံ၏ တော်ဝင်အခမ်းအနားများတွင် အသုံးပြုသည်။

View of the Silver Pagoda complex
View of the Silver Pagoda complex

ရုပ်ပုံများ[ပြင်ဆင်ရန်]

စာပေ[ပြင်ဆင်ရန်]

  • Lenzi၊ Iola (2004)။ Museums Of Southeast Asia။ Singapore: Archipelago Press။ p. 200 pages။ ISBN 981-4068-96-9

ကိုးကား[ပြင်ဆင်ရန်]

  1. Brew, Melanie (2008-12-17)။ I want to move to ... Chey Chumneas, Phnom Penh။ 2020-05-13 တွင် ပြန်စစ်ပြီး။
  2. Julio A. Jeldres (2003)။ From The Royal House of Cambodia။ BRILL။ pp. 102–။ ISBN 9789924907855
  3. Penny Edwards (2008)။ From The Cultivation of a Nation, 1860-1945။ BRILL။ pp. 392–။ ISBN 9789749511398
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 24 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 August 2021 တွင် ပြန်စစ်ပြီး။