မာတိကာသို့ ခုန်သွားရန်

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့

ဝီကီပီးဒီးယား မှ
ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့
Financial Action Task Force
အတိုကောက်FATF
ဖွဲ့စည်းခြင်း၁၉၈၉; ၃၇ နှစ် အကြာက (၁၉၈၉)
အမျိုးအစားနိုင်ငံတကာအဖွဲ့အစည်း
ဦးတည်ချက်ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး
ဌာနချုပ်ပါရီမြို့
ဝန်ဆောင်မှုဒေသ
ဥရောပတိုက်
အဖွဲ့ဝင်များ
40
ရုံးသုံးဘာသာစကား
အင်္ဂလိပ်ဘာသာစကား, ပြင်သစ်ဘာသာစကား
ဝက်ဘ်ဆိုဒ်fatf-gafi.org

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့[] (Financial Action Task Force - FATF) ကို ၎င်း၏ ပြင်သစ်အမည်ဖြစ်သော Groupe d'action financière (GAFI) ဟုလည်း သိကြပြီး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒများ ချမှတ်ရန်နှင့် သတ်မှတ်ထားသော အကျိုးစီးပွားအချို့ကို ထိန်းသိမ်းရန်အတွက် G7 အဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ []၂၀၀၁ ခုနှစ်တွင် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအထိ တိုးချဲ့ခဲ့သည်။ FATF အတွင်းရေးမှူးရုံးကို ပဲရစ်မြို့ရှိ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) တွင် ရုံးစိုက်ခွင့်ပြုထားသော်လည်း အဆိုပါ အဖွဲ့အစည်းနှစ်ခုမှာ သီးခြားစီ ဖြစ်သည်။[]

FATF ၏ ရည်မှန်းချက်များမှာ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်၏ ဂုဏ်သိက္ခာကို ခြိမ်းခြောက်နေသည့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် အခြားသော ဆက်စပ်အန္တရာယ်များကို တိုက်ဖျက်ရန်အတွက် စံနှုန်းများ သတ်မှတ်ရန်နှင့် ဥပဒေကြောင်းအရ၊ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ မွမ်းမံမှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရန် တွန်းအားပေးရန် ဖြစ်သည်။ []FATF သည် ယင်းကဏ္ဍများတွင် အမျိုးသားအဆင့် ဥပဒေပြုရေးနှင့် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းလာစေရန် လိုအပ်သော နိုင်ငံရေးဆန္ဒကို ဖော်ဆောင်ပေးသည့် "မူဝါဒချမှတ်ရေးအဖွဲ့" (Policy-making body) တစ်ခု ဖြစ်သည်။ []FATF သည် အဖွဲ့ဝင်နိုင်ငံများအကြား "အပြန်အလှန် အကဲဖြတ်မှုများ" (Mutual evaluations) မှတစ်ဆင့် ၎င်းတို့၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု အခြေအနေများကို စောင့်ကြည့်စစ်ဆေးသည်။

၂၀၀၁ ခုနှစ်မှစ၍ FATF သည် FATF နာမည်ပျက်စာရင်း (တရားဝင်အခေါ်အားဖြင့် "Call for action") နှင့် FATF နာမည်ပျက်စိုးရိမ်ရသည့်စာရင်း သို့မဟုတ် မီးခိုးရောင်စာရင်း (တရားဝင်အခေါ်အားဖြင့် "Other monitored jurisdictions") တို့ကို ပြုစုထိန်းသိမ်းလာခဲ့သည်။

နာမည်ပျက်စာရင်းတွင် ထည့်သွင်းခံရခြင်းကြောင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် စာရင်းဝင်နိုင်ငံများထံမှ ၎င်းတို့၏ အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကို ရုပ်သိမ်းသွားကြသည်။ ယင်းကတစ်ဆင့် ထိုစာရင်းဝင်နိုင်ငံများအတွင်းရှိ ပြည်တွင်းစီးပွားရေးနှင့် နိုင်ငံရေးအရ ဩဇာရှိသူများက FATF ၏ စံနှုန်းများနှင့် ကိုက်ညီသော စည်းမျဉ်းစည်းကမ်းများကို ပြဋ္ဌာန်းရန် ၎င်းတို့၏ အစိုးရများကို ဖိအားပေးလာစေသည်။[]

မြန်မာနိုင်ငံသည် FATF တွင် အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း FATF ပုံစံဖွဲ့စည်းထားသည့် ဒေသဆိုင်ရာအဖွဲ့တစ်ခုဖြစ်သည့် အာရှပစိဖိတ် ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering-APG)တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လျက်ရှိသည်။ []

နာမည်ပျက်စာရင်း

[ပြင်ဆင်ရန်]
နာမည်ပျက်စာရင် နိုင်ငံများ

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ နာမည်ပျက်စာရင်း (Blacklist) တွင် မြောက်ကိုရီးယား၊ အီရန်နှင့် မြန်မာ စသည့် သုံးနိုင်ငံသာ ပါဝင်သည်။[]

မြန်မာနိုင်ငံ ပါဝင်မှု

[ပြင်ဆင်ရန်]

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံအား အမည်ပျက်စာရင်း (Blacklist) တွင် ထည့်သွင်းရန် ၂၀၂၂ ခုနှစ်က ဆုံးဖြတ်ခဲ့သည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ကဏ္ဍများ အားနည်းချက်ရှိခြင်းကြောင့် တိုးတက်မှုများကို စောင့်ကြည့်ရမည့် မီးခိုးရောင်စာရင်း (Grey List) တွင် မြန်မာနိုင်ငံအား ထည့်သွင်းထားရာမှ မြောက်ကိုရီးယား၊ အီရန်တို့နှင့် တန်းတူ အမည်ပျက်စာရင်း (Blacklist) အဖြစ် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အဆင့်တိုးမြှင့် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။[]

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ယန္တရားများတွင် မဟာဗျူဟာမြောက် ကြီးမားသော လိုအပ်ချက်များ ရှိနေဆဲဖြစ်ပြီး ၎င်း၏ လုပ်ငန်းစီမံချက် (Action plan) ကို အပြည့်အဝ အကောင်အထည်ဖော် ပြီးစီးခြင်းမရှိမချင်း ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ အနီးကပ် စောင့်ကြည့်စစ်ဆေးမှုအောက်တွင် ဆက်လက် ရှိနေမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။[၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. AML/CFT Sectors | MFIU 2026-06-13 တွင် ပြန်စစ်ပြီး။
  2. The FATF in the Global Financial Architecture: Challenges and Implications. International, Transnational & Comparative Law Journal. Social Science Research Network (SSRN). Accessed 4 April 2019.
  3. Frequently Asked Questions 2026-02-24 တွင် ပြန်စစ်ပြီး။
  4. Chohan, Usman W. (Mar 14, 2019). "The FATF in the Global Financial Architecture: Challenges and Implications". CASS Working Papers on Economics & National Affairs. doi:10.2139/ssrn.3362167. Retrieved on Oct 21, 2022.
  5. The FATF 2026-02-24 တွင် ပြန်စစ်ပြီး။
  6. Morse၊ Julia C. (2021)။ The Bankers' Blacklist: Unofficial Market Enforcement and the Global Fight against Illicit Financing။ Cornell University Press။ ISBN 978-1-5017-6151-5JSTOR 10.7591/j.ctv1hw3x0d
  7. ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စိုးရိမ်မှုလွန်ကဲခြင်းမရှိရန်၊ ငွေကြေးဈေးကွက်အတွင်း မသမာမှုများမပြုလုပ်ကြရန်နှင့် စည်းမျဉ်းများမကိုက်ညီပါက လိုအပ်သလို အရေးယူမည်ဟု ဗဟိုဘဏ်ထုတ်ပြန် (in my)။ 2026-06-13 တွင် ပြန်စစ်ပြီး။
  8. High-Risk Jurisdictions subject to a Call for Action - 13 February 2026 29 March 2026 တွင် ပြန်စစ်ပြီး။
  9. FATF အမည်ပျက်စာရင်းကနေ လွတ်ရေး စစ်ကော်မရှင်က အဖမ်းအဆီးတွေ ပိုတိုးတင်းကျပ် (in my) (2026-03-10)။ 2026-06-13 တွင် ပြန်စစ်ပြီး။
  10. High-Risk Jurisdictions subject to a Call for Action - 13 June 2025 2025-08-12 တွင် ပြန်စစ်ပြီး။