ငုံ၊ ​ဦး ​(ပုသိမ်မြို့​ဝန်)

ဝီကီပီးဒီးယား မှ

ငုံ၊ ဦး (ပုသိမ်မြို့ဝန်)[ပြင်ဆင်ရန်]

ဦးငုံသည် ဦးမြတ်ထွန်းတို့ ကဲ့သို့ပင် သူ့ကျွန်မခံလိုသော တော်လှန်ရေးသမားတစ်ဦး ဖြစ်သည်။ အောက်မြန်မာနိုင်ငံ၌ ဝန်ရှင်တော်မင်းကြီး ဖြစ်ခဲ့ဖူးသော ဖိုက်က သူ့အကြောင်းကို ဤသို့ဖော်ပြခဲ့သည်။

“စစ်ဖြစ်စက ပုသိမ်သို့ လူ(၂၀ဝ၀ဝ)နှင့် မြန်မာဘုရင်က စေလွှတ်သည့် ပုသိမ်မြို့ဝန်မင်းကြီးမောင်ငုံမှာ ယခုထိ ထကြွသောင်းကျန်းဆဲပင် ရှိသေးသည်။ သူ့အား မနှိမ်နင်းသမျှကာလပတ်လုံး အခြေအနေမှာ နေသားတကျရှိလိမ့်မည် မဟုတ်ချေ”

ဦးငုံနှင့် သူ၏နောက်လိုက် ခေါင်းဆောင်တို့သည် ပုသိမ်အထက်ပိုင်း နယ်တစ်နယ်လုံးကို လုံးဝချုပ်ကိုင်ထား နိုင်ခဲ့ကြသည်။ သူ၏လက်ထောက် ခေါင်းဆောင်များအနက် ထင်ရှားသူတို့မှာ ဦးသိန်းနှင့် ဦးသာပုံတို့ ဖြစ်သည်။ လေးမျက်နှာတိုက်ပွဲ၌ မင်းကြီးဦးငုံ ကိုယ်တိုင် လူ(၃၀ဝ၀)ကျော်ခန့်ကို ဦးစီး၍ ဝန်ရှင်တော်မင်းကြီး ဖိုက် ကိုယ်တိုင်ပါဝင်သော ဗြိတိသျှတပ်ကြီးကို သတ္တိပြောင်မြောက်စွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြောင်း ဖိုက်၏မှတ်တမ်း၌ ဖော်ပြပါရှိသည်။

ကိုးကား[ပြင်ဆင်ရန်]