ငါးနှပ်

ဝီကီပီးဒီးယား မှ
Bombay duck
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Aulopiformes
မျိုးရင်း: Synodontidae
မျိုးရင်းသေး: Harpadontinae
မျိုးစု: Harpadon
မျိုးစိတ်:
H. nehereus
ဒွိနာမ
Harpadon nehereus
(F. Hamilton, 1822)

ပါဏဗေဒအလိုအရ ငါးနှပ်သည် 'စကိုပယ်လီဒေး' မျိုးရင်း တွင် ပါဝင်သည်။ သိပ္ပံအမည်အားဖြင့် ငါးနှပ်ကို 'ဟာပိုဒွန် နေဟေးရီးယပ်'ဟု ခေါ်သည်။ ငါးနှပ်ကိုယ်သည် ရှည်လျား၍ အနည်းငယ်ပြား၏။ ဦးခေါင်းတိုတုတ်သည်။ နှာတံသည် ကျယ်၍ထိပ်ဝိုင်းသည်။ ပါးစပ်ပေါက် အလွန်ကျယ်သည်။ မေးရိုး ၂ ခုလုံးတွင် ထက်သောသွားများရှိသည်။ ဦးခေါင်းနှင့် ဆူးတောင်တို့သည် အလင်းပေါက်လုနီး ဖြစ်သည်။ ဝမ်းပိုင်း နေရာမှလွဲ၍ ကျန်ကိုယ်ပိုင်းသည်လည်း အလင်းပေါက်လုနီး ဖြစ်သည်။ တစ်ကိုယ်လုံးတွင် မည်းနက်သော အစက်အပြောက် များ ရှိသည်။ ဝမ်းပိုင်းမှာ ငွေရောင်သန်းလျက် ရှိသည်။ အကြေးခွံသည် သေးငယ်၍ အလင်းပေါက်သဖြင့် လတ်ဆတ်သော ငါးနှပ်တွင် အကြေးခွံကိုခွဲခြား၍ သိနိုင်ရန် ခဲယဉ်း၏။ ငါးနှပ် သည် အလျား ၁၆ လက်မထိရှိသည်။ ငါးနှပ်ခြောက်ကို အာပဲ့ခြောက်ဟူ၍ ခေါ်ကြ၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)