ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်

ဝီကီပီးဒီးယား မှ

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ပုပ်သော ငါးခုံးမတစ်ကောင် လှေပေါ်တွင် ပါသောကြောင့် တစ်လှေလုံးပုပ်သည်ဟု အထင်ခံရသကဲ့သို့ မကောင်းသူတစ်ဦးကြောင့် အသိုင်းအဝိုင်းတစ်ခုလုံး နာမည်ပျက်ရသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသလို သည်အမိုက်မ တစ်ကောင်ကြောင့် ဗာရာဏသီတစ်မြို့လုံး နာမည်ဆိုးပြီ..." [၁၂၆၉] ဒေရီ၊ တ။ ၉၁။
  • "ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုတဲ့ စကားပုံအတိုင်းနှင့် သားတစ်ယောက်အတွက် တစ်မျိုးလုံး နာမည်ပျက်တော့မည်။" [၁၂၇၈] သာရီ။ ၁၃၄။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၅၀