မာတိကာသို့ ခုန်သွားရန်

ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း

ဝီကီပီးဒီးယား မှ

ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများတွင် ငလျင်ဒဏ်ခံရပြီးနောက် ဆက်လက်အသက်ရှင်ကျန်ရစ်ကာ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရေး အခွင့်အလမ်း တိုးတက်များပြားစေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ငလျင်ဘေးအန္တရာယ်၏ အကျိုးသက်ရောက်မှုကို လျော့ပါးသွားစေပြီး အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းသည့် လုပ်ဆောင်ခြင်းများ ပါဝင်သည်။ ယေဘုယျအားဖြင့် အသက်ရှင်ကျန်ရစ်မှုအစီအမံများတွင် အရေးပေါ်အခြေအနေအတွက် အစားအစာနှင့်ရေကို သိမ်းဆည်းခြင်းနှင့် ငလျင်လှုပ်ခတ်နေစဉ်အတွင်း လူတစ်ဦးချင်းစီအား မည်သို့လုပ်ဆောင်ရမည်ကို အသိပညာပေးခြင်းတို့ ပါဝင်သည်။[] လျော့ပါးစေရေး အစီအမံများတွင် မြေငလျင်လှုပ်လျှင် ပြုတ်ကျနိုင်သည့် ကြီးမားသော ပရိဘောဂများ (စာအုပ်စင်များနှင့် ဗီဒိုကြီးများကဲ့သို့သော) တီဗီနှင့် ကွန်ပျူတာမော်နီတာ ဖန်ပြင်များကို ခိုင်မြဲစွာ လုံခြုံအောင် ပြုလုပ်ခြင်း ပါဝင်သည်။ အလားတူ၊ ကုတင် သို့မဟုတ် ဆိုဖာများပေါ်တွင် ပစ္စည်းများ သိမ်းဆည်းခြင်းမှ ရှောင်ကြဉ်ခြင်းသည် လူတစ်ဦးချင်းစီအပေါ် အရာဝတ္ထုများ ကျရောက်နိုင်ခြေကို လျော့နည်းစေသည်။[]

ငလျင်နှင့်ဆက်စပ် ဖြစ်ပေါ်လာနိုင်သော ဆူနာမီအတွက် ကြိုတင်ပြင်ဆင်ခြင်းသည်လည်း ငလျင်ကြိုတင်ပြင်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။[]

ကြိုတင်ပြင်ဆင်မှု ပုံစံများ

[ပြင်ဆင်ရန်]
မပုတ်သိုးနိုင်သော အစားအစာများကို ကြိုတင်သိမ်းဆည်းထားခြင်း

ကြိုတင်ပြင်ဆင်မှု၏နောက်ကွယ်မှ အခြေခံအကြောင်းအရာမှာ ငလျင်ဘေးအန္တရာယ်အတွက် အဆင်သင့်ဖြစ်နေစေရန်ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှုသည် လူတစ်ဦးချင်းစီ၏ နေ့စဉ်ဘဝမှ စတင်ကာ ငလျင်ဘေးအန္တရာယ် ကျရောက်နေစဉ်ကာလအတွင်း အသုံးဝင်မည့် အရာများနှင့် လေ့ကျင့်မှုများ ပါဝင်ပါသည်။ ကြိုတင်ပြင်ဆင်မှုသည် တစ်ဦးချင်းကြိုတင်ပြင်ဆင်မှုမှ စတင်ကာ မိသားစုအတွင်း ကြိုတင်ပြင်ဆင်မှု၊ ရပ်ရွာအတွင်း ကြိုတင်ပြင်ဆင်မှု[] မှသည် စီးပွားရေးလုပ်ငန်းများ၊ ပရဟိတအသင်းအဖွဲ့များ နှင့် အစိုးရအဖွဲ့အစည်းများ၏ ကြိုတင်ပြင်ဆင်မှုများအထိ အဆက်မပြတ် ဆက်စပ်တည်ရှိနေရမည် ဖြစ်သည်။ အချို့သော အဖွဲ့အစည်းများတွင် ဤအဆင့်အမျိုးမျိုးကို ရောစပ်ကာ ကြိုတင်ပြင်ဆင်ကြသည်။ စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နေနိုင်ရန် စီစဉ်ခြင်း (business continuity planning) လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းများတွင် ဘေးအန္တရာယ်မှ လွတ်မြောက်နာလန်ထူပြန်မတ်လာစေရန် လုပ်ငန်းစဉ် (Disaster Recovery Plan)ရှိရန် အားပေးသည်။ အမေရိကန်နိုင်ငံ ဖက်ဒရယ် အရေးပေါ်အခြေအနေများ စီမံခန့်ခွဲခွဲမှု အေဂျင်စီ (ဖီမာ)(US FEMA) သည် ယေဘုယျအားဖြင့် ကြိုတင်ပြင်ဆင်မှုများကို ပိရမစ်ပုံစံ တည်ဆောက်ထားသည်။ ပိရမစ်၏ အခြေခံအောက်ခြေတွင် နိုင်ငံသားများရှိပြီး၊ ၎င်းတို့အပေါ်တွင် ဒေသန္တရအစိုးရ၊ ပြည်နယ်အစိုးရနှင့် ဖက်ဒရယ်အစိုးရတို့က အဆင့်ဆင့်ပါဝင်ပြီး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်ကို လည်ပတ်ရန် ကြိုးစားသည်။[]

ဘေးအန္တရာယ်ကြီးမှ လွတ်မြောက်လာသော ကလေးများကြုံတွေ့ရသည့် ပြဿနာများသည် လူကြီးများနှင့် မတူနိုင်ပဲ၊ ၎င်းတို့ကို ပံ့ပိုးပေးရန် သီးခြားအစီအစဉ်နှင့် သီးခြားအရင်းအမြစ်များ အသုံးပြုကာ အာရုံစိုက်လုပ်ဆောင်သင့်သည်။ အမေရိကန်ဖီမာအဖွဲ့ကြီးမှ "ဘေးအန္တရာယ်ကြီးများသည် (ကလေးငယ်ကိုယ်တိုင် လက်တွေ့ခံစားဖူးသည်ဖြစ်စေ၊ ကလေးငယ်၏ သူငယ်ချင်းတစ်ဦးကြုံတွေ့ရသည်ဖြစ်စေ၊ ရုပ်မြင်သံကြားနှင့် သတင်းများတွင် မြင်ဖူးသည်ဖြစ်စေ) ၎င်းကလေးများအား ထိတ်လန့်မှု၊ စိတ်ရှုပ်ထွေးမှုနှင့် မလုံခြုံသောခံစားချက်တို့ကို ဖြစ်ပေါ်စေနိုင်သည်" ဟု တာဝန်ရှိသူများအနေနှင့် ဂရုပြုနိုင်ရန် အကြံပြုထားသည်။[]

ကြိုတင်ပြင်ဆင်မှုများတွင် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကိုလည်း ပါဝင်ပြင်ဆင်ထားရမည်ဖြစ်သည်။ သဘာဝဘေးဒဏ်ခံရသော ရပ်ရွာပြည်သူများသာမကပဲ ၎င်းတို့ကို ဝန်ဆောင်မှုပေးနေသည့် ပရဟိတလုပ်သားများ၊ ကယ်ဆယ်ရေးလုပ်သားများကိုပါ ပံ့ပိုးပေးရန် ပြင်ဆင်ထားရမည် ဖြစ်သည်။

ရေရှည်ဓာတ်အားပြတ်တောက်မှုသည် မူလဘေးအန္တရာယ်အပေါ် ထပ်ဆင့်ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်စေနိုင်သေးသဖြင့်၊ အရေးပေါ်ဓာတ်အားစနစ်အား ပံ့ပိုးပေးရန်အတွက် အရေးပေါ်မီးစက်များ သို့မဟုတ် အခြားဓာတ်အားအရင်းအမြစ်များကို ပြင်ဆင်ထားခြင်းဖြင့် ဓာတ်အားပြတ်တောက်မှု လျော့ပါးသက်သာစေနိုင်သည်။[] အမေရိကန်ပြည်ထောင်စု စွမ်းအင်ဌာနက "အိမ်ပိုင်ရှင်များ၊ လုပ်ငန်းပိုင်ရှင်များနှင့် ဒေသဆိုင်ရာခေါင်းဆောင်များသည် စွမ်းအင်ပြတ်တောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်းတို့ကိုယ်တိုင် တက်ကြွစွာပါဝင်လုပ်ဆောင်သင့်ကြောင်း" အကြံပြုထားသည်။[] ဆေးရုံများ၊ စစ်အခြေစိုက်စခန်းများနှင့် ပညာရေးအဖွဲ့အစည်းများကဲ့သို့ အဓိကအဖွဲ့အစည်းများတွင် ကျယ်ပြန့်သော အရန်ဓာတ်အားစနစ်များ ရှိရမည် ဖြစ်သည်။[] ကြိုတင်ပြင်ဆင်မှုများကို အိမ်များ၊ ကျောင်းများမှာသာ လုပ်ဆောင်ခြင်းများ၌သာ ရပ်တန့်မနေရပါ။[၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. Earthquakes - Province of British Columbia 2019-04-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-08-24 တွင် ပြန်စစ်ပြီး။
  2. "How to increase earthquake and home fire preparedness: the fix-it intervention" (16 August 2016). Natural Hazards 84 (3): 1943–1965. doi:10.1007/s11069-016-2528-1. Bibcode: 2016NatHa..84.1943J.[လင့်ခ်သေ]
  3. Tsunamis - Province of British Columbia 2019-03-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-08-24 တွင် ပြန်စစ်ပြီး။
  4. In It Together - Province of British Columbia 2015-07-13 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-08-24 တွင် ပြန်စစ်ပြီး။
  5. Why Prepare Fema.gov။ 2015-03-08 တွင် ပြန်စစ်ပြီး။
  6. Coping with Disaster FEMA.gov (2015-01-31)။ 2015-03-08 တွင် ပြန်စစ်ပြီး။
  7. Install a Generator for Emergency Power Fema.gov။ 2015-03-08 တွင် ပြန်စစ်ပြီး။
  8. Community Guidelines for Energy Emergencies | Department of Energy Energy.gov။ 2015-03-08 တွင် ပြန်စစ်ပြီး။
  9. Microgrid Effects and Opportunities for Utilities Burnsmcd.com။ 2015-04-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-03-08 တွင် ပြန်စစ်ပြီး။
  10. Plan for Locations Ready.gov (2014-01-30)။ 2015-03-08 တွင် ပြန်စစ်ပြီး။