ငဘ (ရုပ်ရှင်)
ငဘ | |
---|---|
![]() ငဘ ရုပ်ရှင်ပိုစတာ | |
အခြေခံအချက်အလက် | |
ဒါရိုက်တာ | ဦးချစ်ခင် (ဒါရိုက်တာ) |
စာရေးသူ | စာရေးဆရာ မောင်ထင် |
နိုင်ငံ | ![]() |
ဘာသာစကား | ![]() |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ | ၁၉၆၁ ခုနှစ် |
ထုတ်ဝေသူ | ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီ |
ငဘ ရုပ်ရှင်သည် ၁၉၆၁ခုနှစ်တွင် ဒါရိုက်တာ ဦးချစ်ခင် ရိုက်ကူးသော မြန်မာရုပ်ရှင်ဇာတ်ကား တစ်ကား ဖြစ်သည်။ စာရေးဆရာ မောင်ထင်၏ ငဘ ဝတ္ထုကို အခြေခံ၍ရိုက်ကူးထားခြင်း ဖြစ်ပြီး ဖိနှိပ်ခံလယ်သမားများ၏ ခက်ခဲကြမ်းတမ်းသောဘဝကို ပုံဖော်ထားသည်။ အဆိုပါ ရုပ်ရှင်တွင် ညွန့်မောင်၊ မေနွဲ့၊ ကြည်ရွှင်၊ ပဲခူးမယ်မြင့် တို့က ပါဝင် သရုပ်ဆောင်ထားသည်။[၁] တရုတ်- မြန်မာသံတမန် ဆက်ဆံရေးထူထောင်သော နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်ပြည်ရှိ မြန်မာရှေးဟောင်းရုပ်ရှင် ငဘ ဖလင်ကော်ပီကို ဒစ်ဂျစ်တယ်နည်းဖြင့် ပြုပြင်မှုများ ပြုလုပ်၍ မြန်မာနိုင်ငံအား လက်ဆောင်အဖြစ် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်နှစ် ၂၀၂၀ ခုနှစ်တွင် တရားဝင် ပေးအပ်ခဲ့သည်။ [၂][၃]
ဇာတ်လမ်းအကျဉ်း
[ပြင်ဆင်ရန်]မြန်မာ့ကျေးလက်မှ တောင်သူလယ်သမားများ၏ ဘဝကို သရုပ်ဖော်ရိုက်ကူးထားခြင်းဖြစ်ကာ ဒုတိယကမ္ဘာစစ်ကာလအတွင်း နယ်ချဲ့နှင့် ဖက်ဆစ်တို့၏ နှိပ်စက်ခံကျေးလက်ပြည်သူများ၏ဘဝ ကို သရုပ်ဖော်ရိုက်ကူးထားပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး စိတ်ဓာတ်များ၊ လွတ်လပ်ရေး အတွက် ရုန်းကန်လှုပ်ရှားကြပုံများကို ထင်ဟပ်ဖော်ပြထားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာရှေးဟောင်းရုပ်ရှင် ‘ငဘ’ကို တရုတ်နိုင်ငံက ဒစ်ဂျစ်တယ်နည်း နဲ့ ပြောင်းလဲပြုပြင်ပေးမယ်။ yoyarlay (August 24, 2020)။
- ↑ "တရုတ်နိုင်ငံကမြန်မာ့ရုပ်ရှင် “ငဘ” ရိုက်ကူးမှုအတွက် ဒီဂျစ်တယ်နည်း ကူညီပြုပြင်မည်"၊ ဆင်ဟွာ သတင်းဌာန၊ 20 AUGUST 2020။ 4 October 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 8 October 2020။
- ↑ ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီပြန်ကြားရေးဌာနတို့ အွန်လိုင်းအစည်းအဝေးကျင်းပ။ MOI (09/23/2020)။